မင်္ဂလာပါဗျ။ မင်းရာဇာ(ကွမ်တန်း မလေးရှား)မှ ကြိုဆိုပါတယ်ဗျ။

Friday, 20 March 2015

ရေသောက်နည်းလျှင် ဥာဏ်ရည် နိမ့်ကျစေ 

ရောက်သောက်နည်းခြင်းဟာ ဥာဏ်ရည် နိမ့်ကျမှုနဲ့ ဆက်စပ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ တက္ကဆက် ပြည်နယ်မှာ ရှိတဲ့ တက္ကသိုလ်တစ်ခုက သုတေသန ပြုလုပ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။ ၂၀၁၄ နှစ်ကုန်ပိုင်းလောက်တုန်းက ဖြစ်ပါတယ်။ ယင်း သုတေသန အရ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

လူတွေဟာ ၎င်းတို့ရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ် ၁ ရာခိုင်နှုန်းကနေ ၂ နာရီခိုင်နှုန်းလောက်အထိ လျော့ကျသွားရင် ရေလျော့လို့ လျော့မှန်း မသိကြ သေးပါဘူး။ ဒါကြောင့်မို့ အများစုဟာ ရေကို ဆာမှ သောက်သုံးကြပါတယ်။ အမှန်တော့ ယင်းဟာ ကောင်းတဲ့အကျင့် မဟုတ်ပါဘူး။ ရေကို ဆာမှ သောကသုံးခြင်းဟာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများက ရေကို လိုအပ်ပြီးတော့ အရေးကြီး တရားဝင် တောင်းဆိုမှ သောက်သုံးတဲ့ အဆင့် ဖြစ်ပါတယ်။ ဒီတော့ ရေကို ဘယ်အစိတ်အပိုင်းတွေက သုံးစွဲသလဲဆို ဦးနှောက်ကလည်း သုံးစွဲ ပါတယ်။ 

သူ့အနေနဲ့ ရေဓာတ်မလုံလောက်ရင် ခေါင်းမူးတာတို့၊ မှတ်ဥာဏ် ချို့ယွင်းတာ တို့. အာရုံ စူးစိုက်မှု အားနည်းလာတာတို့ အပြင် ခေါင်းကိုက်၊ မူးမေ့ခြင်း တို့အထိ ဖြစ်နိုင်ပါတယ်။ ဒါဟာ ဦးနှောက်ရဲ့ ရေဓာတ် လိုအပ်မှု အရမ်းများသွားတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ အကယ်၍ ရေကို ဆာမှသာ သွားသောက်နေရင် ဒါဟာ ကိုယ်တွင်း အစိတ်အပိုင်းများက တောင်းဆိုနေမှ သောက်သုံးခြင်း ဖြစ်တာကြောင့် အနည်းဆုံး ၂ ရာခိုင်နှုန်းလောက်က သာမန်ထက် နည်းပါးသွားနေပြီ ဖြစ်ပါတယ်။ 

ဒါကြောင့်မို့ ရေဓာတ်နည်းသူဟာ ရေဓာတ်များသူနဲ့ စာရင် ဦးနှောက် ကျန်းမာရေးနဲ့ မှတ်ဥာဏ် နည်းပြီး ရေပုံမှန် မသောက်ပါက ဥာဏ်ရည်နိမ့်ကျ စေကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ မိမိဟာ ရေကို သွားလာနေစဉ်ပဲ ဖြစ်ဖြစ်၊ အလုပ်လုပ်နေစဉ်ပဲ ဖြစ်ဖြစ် သတိတရနဲ့ အမြဲ သောက်တတ်စေဖို့ အကြံပေးထား ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

Thursday, 19 March 2015

သဖန်းသီးရဲ့ အံ့မခန်းဖွယ် ကျန်းမာရေး အကျိုးကျေးဇူးများ
------------------------------------------------------------------
သဖန်းသီးဟာ ရာသီအလိုက် သီးတဲ့ အသီးဖြစ်ပေမယ့် အခြောက်လုပ်ထားရင် တစ်နှစ်ပတ်လုံး ရရှိနိုင်ပါတယ်။ အခြောက်ပုံစံနဲ့ဆို ပိုစားလို့ေ ကာင်းပါသေးတယ်။ နောက် သူ့မှာ ဗီတာမင်-အေ၊ ဗီတာမင်-ဘီနဲ့ ဖော့စဖရတ်၊ ကယ်လ်ဆီယမ်ဓာတ်၊ သံဓာတ်နဲ့ မန်ဂနိကဲ့သို့သော သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ သဖန်းသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့

၁။ ပါးစပ် ခံတွင်းအနံ့ဆိုးဖျောက်ဖို့

သဖန်းရွက် ၂ရွက် ၃ရွက်လောက် ဝါးခြေပြီး ရေနဲ့ ပလုတ်ကျင်းပေးပါ။

၂။ ဖိုမသဘာဝ အားစေကောင်းခြင်း

သဖန်းသီးက ဖိုမသဘာဝအားနည်းခြင်းမှ တိုးပွားစေဖို့ ရှေးရိုးကုထုံးတစ်ခုဖြစ်ပါတယ်။ သဖန်းသီး ၄- ၅လုံးကို နွားနို့နဲ့ တစ်ညစိမ်ပြီး နောက်နေ့မနက်စားပေးပါက ဖိုမသဘာဝအားနည်းမှုကို ကျော်လွှားနိုင်ပါတယ်။

၃။ ကျောက်ကပ် ကျောက်သယ်ခြင်း

ခွက်တစ်လုံးနဲ့ သဖန်းသီး (၅) လုံးပြုတ်ပေးပါ။ အဲ့ဒါကို နေ့တိုင်း အနည်းဆုံး (၁)လ စားပေးပါ။

၎။ ဝက်ခြံပျောက်ကင်းအောင် ကုသနိုင်ခြင်း

ကြိတ်ချေထားတဲ့ သဖန်းသီးနဲ့ မျက်နှာကို လိမ်းပေးပြီး ၁၅- ၂၀ မိနစ် အခြောက်ခံထားပါက ဝက်ခြံ ပျောက်ကင်းစေပါတယ်။

၅။ ဆီးချိုရောဂါ ပျောက်ကင်းအောင် ကုသခြင်း

သဖန်းသီးမှာ ပိုတက်စီယမ်ဓာတ် ပေါကြွယ်ဝတာကြောင့် သွေးထဲရှိ သကြားဓာတ်တွေကို လျော့ကျစေပါတယ်။ ဆီးချိုရောဂါကာကွယ်ဖို့ သဖန်းသီးစေ့ကို ပျားရည်ရောပြီး နေ့တိုင်းစားပေးပါ။ တစ်ပတ်လောက်ကြာရင် ထိရောက်မှုရှိမရှိ သိသာလာပါလိမ့်မယ်။

၆။ အရိုးအဆစ်သန်မာစေခြင်း

သဖန်းသီးမှာ ကယ်လ်စီယမ်ဓာတ်ကောင်းစွာ ပါဝင်တာကြောင့် အရိုးအဆစ်ကို သန်မာစေပါတယ်။

၇။ ရေကျောက်အတွက် ကောင်းခြင်း

ရေကျောက်စစဖြစ်ချင်း သဖန်းသီးနဲ့ ကုနိုင်တယ်။

၈။ အလေးချိန်လျော့ချခြင်း

သဖန်းသီးမှာ ကိုယ်အလေးချိန်လျော့ကျစေနိုင်တဲ့ အမျှင်ဓာတ် အတင့်အသင့်ပါဝင်တယ်။

၉။ လည်ချောင်းနာရောဂါ

သဖန်းသီးခြောက်နဲ့ ပျားရည်ကို ရေရောပါက လည်ချောင်းနာရောဂါကို ပျောက်ကင်းစေပါတယ်။

၁၀။ ဝမ်းချုပ်ခြင်း

သဖန်းသီးခြောက် ၂- ၃ လုံးကို ပျားရည် ထမင်းစားဇွန်း (၁) ဇွန်းနဲ့စိမ်၍ စားပေးပါ။ အဲ့ဒါကို တစ်လခန့် အဆက်မပြတ်လုပ်ပေးပါ။
 ကျန်းမာရေး 

Thursday, 12 March 2015

ဒန့်သလွန်သီး၏ ဆေးဘက်ဝင် အာနိသင်များ

ဒန့်သလွန်သီး ကတော့ ဟင်းချက်ရာတွင် ထည့်ချက်လေ့ရှိတဲ့ အသီးတစ်မျိုးဖြစ် ပါတယ်။ ၎င်းအသီးဟာ တန်ဖိုးရှိလှတဲ့ ကျန်းမာရေး အာနိသင် တွေကိုပေးစွမ်း ပါတယ်။

ဒန့်သလွန်သီးဟာ အပူနာများအတွက် ကောင်းမွန်စေပြီး မျက်စိ အတွက်လည်း မှီဝဲပေးသင့် ပါတယ်။ ဒါ့အပြင် ဒန့်သလွန်သီးဟာ ကလေးငယ်များကို သံကောင် တုပ်ကောင်းများ ကင်းရှင်းစေနိုင်ပါတယ်။ ဟင်းချက်ရာတွင် ထည့်ချက်ပြီး ကျွေးနိုင်ပါတယ်။

ဒန့်သလွန်စေ့ကို အမှုန့်ပြုလုပ်ပြီး နားအတွင်းသို့ ထည့်ပေးပါက နားကိုက်ခြင်း နားပြည်ယို ခြင်းများ အတွက် အထူးပင် ကောင်းမွန်စေ ပါတယ်။ အစေးကလည်း အစွမ်းထက် အာနိသင် ပါရှိပါတယ်။ ထိုအစေးကို ပါးစပ်တွင် ငုံပေးခြင်း အားဖြင့် သွားပုပ်ခြင်းကို သက်သာ ပျောက်ကင်းစေနိုင် ပါတယ်။

ဒါ့အပြင် အပွင့်ကလည်း အသုံးဝင်လှပါတယ်။ သလိပ် ရောဂါ၊ လေဖောက
ပြန်သော ရောဂါ များနှင့် ဖောရောင် ခြင်း၊ အဖျဉ်း ကြီးခြင်းအတွက်
ကောင်းမွန်လှပါတယ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ
အဆင်ပြေကြပါစေဗျာ။