မင်္ဂလာပါဗျ။ မင်းရာဇာ(ကွမ်တန်း မလေးရှား)မှ ကြိုဆိုပါတယ်ဗျ။

Thursday, 31 December 2015










စံဝန်းနီ (ရိုးရာလေး)

(Unicode Version)
နှစ်သစ်ကို လှပစွာ ကြိုဆိုဖို့ ငှက်ပျောသီးနဲ့ပေါင်းတင်ပါ

ဆောင်းရာသီဆိုတော့ ခရီးတွေလည်း ဆက်တိုက်သွား၊ ပြန်လာတော့ အလုပ်တွေ ပုံနေလို့ အလုပ်တွေဖိလုပ်။ ဒီလိုနဲ့ အသားအရည်တွေ ဆံပင်တွေ ပျက်စီးပြီး မလှမပဖြစ်နေလို့ စိတ်ညစ်နေရပါတယ်။ အခု ကုန်ကျစရိတ် နည်းနည်းနဲ့ အချိန်လည်းသိပ်ပေးစရာမလိုတဲ့ ငှက်ပျောသီးပေါင်းတင်နည်းလေးနဲ့ အဆင်ပြေနေလို့ ရိုးရာလေး စာဖတ်သူ မိတ်ဆွေတို့ကို မျှဝေပေးပါရစေ။

ငှက်ပျောသီးမှည့်မှာ ပိုတက်စီယမ်ဓါတ်တွေ အများကြီး ပါတာကြောင့် အသားအရေကို ဖြူဖွေး ချောမွေ့စေ ပါတယ်။ သီးမွှေး (သို့) ဖီးကြမ်း ငှက်ပျောသီးမှည့် တစ်လုံးကို ကြိတ်စက်ထဲ ကြိတ်ပါ။ ဒါမှမဟုတ် ပန်းကန် သန့်သန့်ထဲ ဇွန်းနဲ့ ညက်နေအောင် ခလောက်ပြီး သစ်ပြီးစ မျက်နှာပေါ် ညီနေအောင် လိမ်းပါ။ မျက်လုံးထဲကို မဝင်အောင် ဂရုစိုက်ရပါမယ်။ ၁၅-၂၀ မိနစ်ခန့် ထားပြီးရင်တော့ မျက်နှာထပ်သစ်လိုက်ပါ။ အသားအရည်ကို ထိန်းညှိပေး တဲ့အတွက် အသား ညိုညစ်နေတာ၊ မျက်အိတ် ဖောင်းနေတာ၊ အဆီပြန်တာ၊ အသားခြောက်တာ၊ အရေးအကြောင်း ထင်နေတာတွေ သက်သာသွားပါ လိမ့်မယ်။

ဆံပင်တွေ ခြောက်ကပ်နေပြီး ဦးရေပြား ယားယံ ဘောက်ထနေ သူတွေလည်း ငှက်ပျောသီးမှည့် နှစ်လုံးကို ကြိတ်စက်ထဲ ကြိတ်ချေပြီး ဦးခေါင်း အနှံ့သေချာလိမ်းပါ။ ပြီးရင်တာ့ သဘက်သန့်သန့်တစ်ထည် နဲ့သေချာပတ်ပြီး မိနစ် ၂၀ ခန့်ထားပြီး ခေါင်းလျှော်လိုက်ပါ။ ဆံပင်တွေ ပျော့ပျောင်း သန်စွမ်းသွားပြီး ဦးရေပြားယားယံတာ တွေ သက်သာသွားပါလိမ့်မယ်။

မျက်နှာကိုရော ဆံပင်ကိုပါ တစ်ပြိုင်တည်း ပေါင်းတင်ရင် ပိုအဆင်ပြေတာမို့ သီးမွှေး (သို့) ဖီးကြမ်း ငှက်ပျောသီးမှည့်လေး တစ်ဖီးလောက် ၀ယ်ပြီး ပေါင်းတင်လိုက် ကြပါစို့လား။

Photo credit - bd24live, boldsky,weeklyhealthylife
စံဝန်းနီ (ရိုးရာလေး)

Wednesday, 30 December 2015

ဆီးချိုသမားတွေအတွက် ကောင်းတဲ့ ကျွဲကောသီး


ဆီးချိုသမားတွေအတွက် ကောင်းတဲ့ ကျွဲကောသီး
----------

-ဆီးချိုသမားတွေအတွက်ကတော့ ကျွဲကောသီးဟာ သွေးတွင်း အချိုဓါတ်ကို ကူညီလျှော့ချပေးနိုင်တဲ့ အသီးပါ။
-အစားစားချင်စိတ်ကို လျော့နည်းစေတဲ့ အင်ဆူလင်ထုတ်လွှတ်မှုကိုလည်း လျှော့ချပေးပါတယ်။
-အစားစားချင်စိတ် ဖြစ်ပေါ်လာတဲ့ အခါမှာလည်း ကစီဓါတ် စားချင်စိတ်ကို လျော့နည်းစေလို့ သွေးတွင်း အချိုဓါတ်ဖြစ်ပေါ်မှုကို လျော့ပါးစေပါတယ်။ ဒါကြောင့်ပဲ ဝတဲ့သူတွေအတွက်လည်း ကျွဲကောသီးက ဝိတ်ကျဖို့ အထောက်အကူပြုစေပါတယ်။
-သွေးတွင်းအချိုဓါတ်ကို လျှော့ချပေးတဲ့အပြင် သွေးတွင်း ကိုလက်စထရော (Cholesterol) ကို လျှော့ချပေးလို့ သွေးတိုးနဲ့ နှလုံးနဲ့ ပတ်သက်တဲ့ရောဂါတွေဖြစ်ပွားနိုင်မှုကို နိမ့်ကျစေပါတယ်။
-ကျွဲကောသီးမှာပါဝင်တဲ့ Vitamin C နဲ့ Potassium က ကိုယ်ခန္ဓာတွင်းရှိမကောင်းတဲ့ ဓါတ်တွေကို ဆီးအဖြစ် စွန့်ထုတ်ရာမှာလည်း အကူအညီပေးပါတယ်။
-ဆီးချိုသမားတွေဖြစ်လေ့ရှိတဲ့ နာဗ်ကြောနဲ့ ဆိုင်တဲ့ပြဿနာတွေကိုလည်း ကျွဲကောသီးက ကူညီပေးနိုင်ပါတယ်။ ကျွဲကောသီးမှာပါတဲ့ potassium က ကြွက်သားတွေကို တင်းတင်းရင်းရင်းဖြစ်စေလို့ ဆီးချိုကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်တွဲကျတာတွေကို လျော့နည်းစေပါတယ်။
-ကျွဲကောသီးမှာပါဝင်တဲ့ Flavonoids ဓါတ်ကလည်း ပန်ကရိယာ၊ ရင်သား၊ အူစတဲ့နေရာတွေမှာ ကင်ဆာဆဲလ်နဲ့ အကျိတ်တွေ မဖြစ်စေဖို့ ကူညီပေးပါတယ်။
-ဆီးချိုရှိတဲ့သူတွေဟာ ချူချာကြပါတယ်။ဘာလို့လဲဆိုတော့ သူ့တို့ရဲ့ခန္ဓာကိုယ်ဟာ လိုအပ်တဲ့ အာဟာရဓါတ်တွေကို သေသေချာချာမစုပ်ယူနိုင်တဲ့အတွက်ပါ။
ဒီပြဿနာအတွက်လည်း ကျွဲကောသီးက ကိုယ်ခံအားကို ဖြည့်တင်းပေးခြင်းဖြင့် ဖြေရှင်းပေးပါတယ်။

Credit - ကျန်းမာရေးဆိုင်ရာဗဟုသုတာများ

Tuesday, 29 December 2015

ကင်ဆာအဖုအကျိတ်များကို လက်တွေ့ပျောက်စေတဲ့ မင်းဂွတ်သီး


ကင်ဆာအဖုအကျိတ်များကို လက်တွေ့ပျောက်စေတဲ့ မင်းဂွတ်သီး

ဒီအကြောင်း ရေးချင်နေတာ ကြာပါပြီ။ လိုင်းမကောင်းတာနဲ့ မအားတာနဲ့ မရေးဖြစ်ခဲ့ဘူး။
မင်းဂွတ်သီး အစွမ်းကိုလေ အင်တာနက်မှာ ဖတ်ရတာတော့ ကြာပြီ လက်တွေ့မလုပ်ဖြစ်ဘူး။ တစ်နေ့ စာအုပ်ဆိုင်က မင်းဂွတ်သီးနှင့် ကင်ဆာရောဂါဆိုတဲ့ စာအုပ်တွေ့လို့ ဝယ်လာပြီး ဖတ်ကြည့်မိတယ်။
အဲဒီတုန်းက တိုက်တိုက်ဆိုင်ဆိုင် အကျိတ် တစ်လုံးပေါက်လို့ တော်တော်လေးကို ဝေဒနာ ခံစားနေရတဲ့ အချိန်ပေါ့။ အဲဒါ စာအုပ်ထဲကနည်းအတိုင်း မဟုတ်ပေမယ့် မင်းဂွတ်သီး တစ်လုံးကို ခွဲ အသားကိုစား အခွံကိုပါ ဝါးစား ရေသောက်လိုက်တာ ညနေလောက်မှာ နီရဲ ယောင်ကိုင်းနေတဲ့ အကျိတ်ဖုက အယောင်ကျပြီး နာတာပါသက်သာသွားတယ်။ လက်တွေ့ပါ။ စာအုပ်ထဲမှာပါတဲ့ မင်းဂွတ်သီးရဲ့ အကျိုးပြုပုံတွေက ကောင်းလို့ စာအုပ်ထဲက နည်းအတိုင်း လုပ်ပြီး နေ့တိုင်း စားဖြစ်တယ်။မင်းဂွတ်သီးရဲ့ အကျိုးပြုပုံများ
၁။ အကျိတ်အဖုတွေကို ပျောက်ကင်းစေတယ်။
၂။ ကင်ဆာရောဂါကို သက်သာပျောက်ကင်းစေတယ်။
၃။ ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်လည်း ကောင်းစေတယ်။
၎။ သွေးတွင်း ကိုလက်စထရော လည်းကျစေတယ်။ စသည် စသည်ပေါ့။
ပြုလုပ်ပုံကတော့ တော်တော်များများ သိကြမယ်ထင်ပါတယ်။
မင်းဂွတ်သီးကို အညှာက လွဲရင် တစ်လုံးလုံးကို နှစ်သက်ရာနည်းနဲ့ Paste (ပြစ်ပြစ်နှစ်နှစ်လေး) ဖြစ်အောင်လုပ်ပြီး ရေခဲသေတ္တာထဲ ထည့် ထားပြီး တစ်နေ့ နှစ်ကြိမ်လောက် ထမင်းစားပြီးတိုင်း စားရုံပါပဲ။
စိတ်ဝင်စားရင် လုပ်ကြည့်ကြပေါ့နော်။ လက်တွေ့ပျောက်ကင်းလို့ပါ။ လမ်းကြုံရင် စာအုပ်လေးပါ ဝယ်ဖတ်ကြည့်ကြဖို့ တိုက်တွန်းရင်းး

သက်ရှည်ကျန်းမာ

အသည်းကိုဆေးခြင်း


အသည်းကိုဆေးခြင်း
==============

ခန္ဓာကိုယ်မှာအသည်းဟာအရေးကြီးတဲ့အင်္ဂါတစ်ခုဖြစ်သလိုအလုပ်အများဆုံးသောကလီစာလည်းဖြစ်ပါတယ်။စားအမျှအစာတွေကအဆိပ်တွေကိုဖြေပေးရပါတယ်။နေ့စဉ်စားနေတဲ့အစာတွေထဲမှာအဆိပ်တွေကအများကြီးပဲ။ဒါကြောင့်အသည်းကောင်းဖို့သိပ်အရေးကြီးပါတယ်။
အသည်းကိုဆေးဖို့အကောင်းဆုံးကတော့မန်ကျည်းဖျော်ရည်ဖြစ်ပါတယ်။မန်ကျည်းသီးဟာအသည်းအတွက်သဘာဝကပေးထားတဲ့ဆေးလည်းဖြစ်ပါတယ်။အသည်းကိုနုပျိုစေပါတယ်။အသည်းခြောက်ခြင်း၊ကျုံ့ခြင်း၊ကြွပ်ခြင်း၊ဆတ်ခြင်း၊ပုပ်ခြင်းတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။
အခုခေတ်မှာBပိုးCပိုးHပိုးစသည်ြဖင့်ဖြစ်ကြတာဟာအသည်းပုပ်လို့ပါ။ပိုးဆိုတာပုပ်မှတွယ်တာပါ။မပုပ်ရင်မတွယ်ပါဘူး။အဲ့လိုပိုးမတွယ်အောင်အသည်းကိုဆေးကြောပေးဖို့လိုပါတယ်။ရိုးရိုးလေးပါပဲ၊မန်ကျည်းဖျော်ရည်သောက်ပေးရုံပဲဖြစ်ပါတယ်။

မန်ကျည်းမှည့်လက်တစ်ဆုပ်၊ထန်းလျှက်သင့်ရုံ၊ဆားအနည်းငယ်ကိုမတ်ခွက်ထဲမှာထည့်ပြီးရေနွေးဆူကိုလောင်းထည့်ပါ။မနက်ထဲကနှပ်ထားရင်ညနေဆိုသောက်လို့ရပါပြီ။ဆန်ကာနဲ့စစ်လိုက်ရင်အရသာရှိတဲ့မန်ကျည်းဖျော်ရည်ကိုရပြီပေါ့။သံပရာသီးကြိုက်ရင်ညှစ်ထည့်၊အေးအေးလေးသောက်ချင်ရင်ရေခဲထည့်သောက်ပါ။
အသည်းကအဆိပ်အပုပ်တွေသာမကဝမ်းဗိုက်ထဲကအပူအပုပ်တွေလည်းထွက်သွားပြီးလူကပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။အဆိပ်အပုပ်အပူအစပ်တွေကင်းရှင်းသွားတော့သွေးသားသန့်စင်ပြီးအလှတွေလည်းတိုးပြီပေါ့။


               ဆေးပညာဆိုင်ရာဆောင်းပါးများ
ကွမ်တန်း မင်းရာဇာ

Thursday, 24 December 2015

ကြက်သွန်ဖြူ မီးဖုတ်


ကြက်သွန်ဖြူ မီးဖုတ်
***********************
တ စ်ခါက အင်္ဂလန်နိုင်ငံသို့  ဘွဲ့လွ န်ပါရဂူဘွဲ့ ယူရန်
သွား သော ဆရာဝန် ငယ်တစ်ဦးသည် မကြုံ စဘူး အေး သော ရာသီဥတုနှင့် ကြုံတွေ့ ပြီး အအေးမိ၊နှာစေး၊ ခေါင်း ကိုက် ၊နှာရည်ယိုဖြစ်လေရာ ဆေးလည်း မပါသဖြင့် မိမိအရင်ဆယ်နှစ်ကျော်က အင်္ဂလန်ရောက်နှင့်ပြီး ပါမောက္ခ တာဝန်ထမ်းဆောင်နေသော ဆရာဝန်ကြီး မိသား စု နေအိမ်သို့ သွား ရောက်ပြီး ဆရာကြီးကျွန်တော့ မှာ အအေးပတ် နှာစေးဖြစ် နေလို့ Anti-biotic ဆေးတစ်မျိုး လော က် ပေးပါလို့ တောင်း တယ်တဲ့ ။

အအေးပတ်တာလောက်နဲ့ Anti-biotic တွေမသော က်ပါ နဲ့ဆို ပြီး သူ့ဇနီး ကို မိန်းမရေ ငါ တို့ စားနေကျဆေးလေး လုပ်ပေးပါကွာလို့လှမ်းပြောတယ်။

ခနနေတော့ ဆရာကြီးကတော် မီးဖိုထဲကထွက်လာပြီး ပန်းကန်ငယ်တစ်ခုနဲ့ ထည့်လာတဲ့ ကြက်သွန်ဖြူမီးဖုတ် မွှေးမွှေးလေးချပေးတယ်။

ဆရာကြီးက " မင်း ကြက်သွန်ဖြူ မီးဖုတ်စားလိုက်။
နှာစေးပျောက်သွားလိမ့်မယ်" လို့ ပြောပါသတဲ့။ ထိုစရာဝန်လေးလဲ ကြက်သွန်ဖြူမီးဖုတ်ကြောင့် အအေးမိ၊ နှာစေး၊ ခေါင်းကိုက်တို့ မဖြစ်တော့ပဲ စိတ်ရော လူရော ကျန်းမာစွာ အလုပ်လုပ်နိုင်ပါသတဲ့။ ဗဟုသုတအဖြစ် တင်ပြတာပါ။

ကျန်းမာရေးစကားဝိုင်း

Credit: အမျိုးသမီးနှင့်ကျန်းမာရေး
ကွန်တမ်း မင်းရာဇာ

Wednesday, 23 December 2015

ဆားဝက်ခြံနဲ့ အဆီဖုသေးသေးလေးတွေကို သက်သာပျောက်ကင်းအောင် ဘာတွေလုပ်နိုင်သလဲ


ဆားဝက်ခြံနဲ့ အဆီဖုသေးသေးလေးတွေကို သက်သာပျောက်ကင်းအောင် ဘာတွေလုပ်နိုင်သလဲ

မည်းမည်းစူးစူးအစိလေးတွေကိုတော့ဆားဝက်ခြံလို့ခေါ်ကြပြီး အသားရောင်ရှိသော ၊ ၀က်ခြံလိုလဲနာကျင်မှုမရှိတဲ့အဖုသေးသေးလေးတွေကိုတော့ အဆီဖုလို့အလွယ်ခေါ်ကြပါတယ် ။ သူတို့ဟာတစ်အုပ်စုတည်းပါ ။ အဆီတွေစုပြီး ချွေးပေါက်ပိတ်စို့ကာဖြစ်လာသောအဖြူရောင်၊ အသားရောင် အဖုသေးသေးလေးတွေကိုတော့ close comedo လို့ခေါ်ပြီး ချွေးပေါက်ကိုဖွင့်ထွက်ကာ အောက်ဆီဂျင်နှင့်ထိတွေ့ပြီး ဓာတ်တိုးကာ မဲမဲလေးဖြစ်နေတဲ့ ဆားဝက်ခြံဆိုတာကိုတော့ open comedo လို့ခေါ်ပါတယ် ။ ဒီ၂မျိုးလုံးအတွက် ထိရောက်တဲ့နည်းလမ်းကတော့ ရေနွေးငွေ့နဲ့ပေါင်းခံပေးပြီး မျက်နှာကို ချေးညှော်သန့်စင်ပေးခြင်းပဲဖြစ်ပါတယ် ။

ထိုနည်းအတွက် ရေနွေးကို ဇလုံတစ်ခုထဲထည့်ကာ အငွေ့အရမ်းမပူတော့အောင်စောင့်ပြီး မျက်နှာကို ဇလုံပေါ်ကပ်၍ ရေနွေးငွေ့ခံပေးပါ ။ ခေါင်းပေါ်ကို မျက်နှာသုတ်ပုဝါအုပ်ကာ ရေနွေးငွေ့တွေအပြင်ကို ထွက်မသွားအောင် လုပ်ပေးနိုင်ပါတယ် ။ ၅-၁၀မိနစ်ခန့် ချွေးလေးစို့လာအောင် ပေါင်းခံပေးပြီး နူးညံ့သောမျက်နှာသုတ်ပ၀ါဖြင့် ထိကာထိကာသုတ်ပေးပါ ။ ပွတ်ဆွဲပြီး ဘယ်တော့မှ မသုတ်ပါနဲ့ ။ ထိုသို့လုပ်ပြီးလျှင် အောက်ပါနည်းလမ်းများထဲမှတစ်ခုကို ပူးတွဲလုပ်ဆောင်ပေးပါ ။

၁ - သကြားနှင့် ပျားရည် scrub
သကြား၁ဆ ပျားရည်၁ဆ ရောမွှေကာ ပေါင်းခံအခြောက်သုတ်ထားသောမျက်နှာပေါ်သို့ လက်နှင့်ယူ၍ ညင်သာစွာ ပွတ်တိုက်ပေးပါ ။ ပြီးလျှင် ၃မိနစ်ခန့်ထားကာ ရေဆေးပေးပါ ။ နေ့စဉ်လုပ်ပေးနိုင်ပါတယ် ။
၂ - သံပုရာရည်လိမ်းပေးပါ
ပေါင်းခံထားသောမျက်နှာပေါ်သို့ သံပုရာအရည်ကိုတိုက်ရိုက်လိမ်းပေးကာ ၁၅မိနစ်ခန့် အခြောက်ခံ၍ ရေဆေးပေးပါ ။ အိပ်ရာမ၀င်ခင်ညတိုင်း လိုချင်သောအနေအထားရတဲ့အထိ လုပ်ပေးပါ ။
၃ - မုန့်ဖုတ်ဆိုဒါ
ရေ၁ဆ မုန့်ဖုတ်ဆိုဒါ၁ဆရော၍ လိုအပ်သောနေရာကိုပွတ်ပေးပါ ။ ၂မိနစ်ခန့်ထားကာရေဆေးပေးပါ ။ တစ်ပတ်၂ခါလောက်လုပ်ပေးနိုင်ပါတယ် ။
ပြီးလျှင်တော့ ဆားဝက်ခြံညှစ်ထုတ်ချင်လျှင် အသာဖယ်ယူနိုင်ပါပြီ ။ ထုတ်ရခက်သောအဖုကို အတင်းမညှစ်ပါနှင့် ယောင်းယမ်းနာကျင်တတ်ပါတယ်

Cosmetics တွေဆိုလဲ water base ထုတ်ထားတဲ့ပစ္စည်းများကိုရွေးခြယ်သင့်ပါတယ် ။ မျက်နှာတစ်နေ့တစ်ခါ ပုံမှန်သန့်စင်ပေးဖို့လိုပါတယ် ။ အထူးသဖြင့် ညအိပ်ခါနီးတွင် မမေ့သင့်ပါ။ နေရောင်ခြည်နှင့်ထိတွေ့ပါများရင်လည်း အဆီပိုပြန်တတ်ပါတယ် ။ ဒါကြောင့်ထီးလေးဆောင်းဖို့မမေ့ပါနဲ့ ။ အဆီပြန်တတ်ရင် moisturizer ကို gel type သုံးသင့်ပါတယ် ။ ကျန်းမာသော အနေအထိုင်အလေ့အကျင့်ကောင်းများလည်းရှိဖို့လိုအပ်သလို စိတ်ဖိစီးမှုကိုလည်း နဲနိုင်သမျှနဲအောင်နေထိုင်ပါက လှပကျန်းမာသော အသားအရေကိုရရှိမှာပဲဖြစ်ပါတယ်ရှင် ။

#Super_Women

Sunday, 20 December 2015

ဆား ၏လျှို့ဝှက်ချက်


ဆား ၏လျှို့ဝှက်ချက်
=================================================
-ခေါင်းလျှော်တဲ့အခါ ရေထဲမှာ ဆားနည်းနည်း ထည့်မယ်ဆိုရင် ဆံပင်ကျွတ်တာကို ကြိုတင် ကာကွယ်နိုင်ပါတယ်။

-နည်းနည်းစိုနေတဲ့ မီးခြစ်ကို ဆားပေါ်မှာ တင်ထားရင် တစ်မိနစ် နှစ်မိနစ်လောက် ကြာတဲ့ အချိန်မှာ ပြန်လည် ခြောက်သွေ့လာနိုင်ပါတယ်။

-ပန်းအိုးထဲက ရေထဲကရေကို ဆားနည်းနည်း ထည့်ပြီး ပန်းထိုးမယ်ဆိုရင် ပန်းများကြာကြာ ခံနိုင်မယ်။

-ဆားရေနဲ့ ဓါးသွေးရင် ဓါးပိုထက်မယ်။

-ခြင်ထောင်ကို လျှော်တဲ့အခါ ရေထဲမှာ ဆား ထည့်ပြီးဆေးရင် ဂျပိုးတွေကို နှိပ်နင်းနိုင်မယ်။

-အသစ်ဝယ်လာတဲ့ဖန်ခွက်နဲ့ ပန်းကန်၊ ပန်းကာပြားတွေကို ဆားရေထဲမှာ ထည့်ပြီး ခဏလောက် စိမ်ထားရင် နောင်မှာအက်ကွဲလွယ်မှာ မဟုတ်ပါဘူး။

Friday, 18 December 2015

"ဆေးလိပ်မဖြတ်နိုင်ကြသူများအတွက် အဆုတ်သန့်ရှင်းနည်း"



"ဆေးလိပ်မဖြတ်နိုင်ကြသူများအတွက် အဆုတ်သန့်ရှင်းနည်း"

ဆေးလိပ်သောက်ခြင်းမှာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်ကို သိကြသော်လည်း ဆေးလိပ်စွဲနေပြီး ဆေးလိပ်မဖြတ်နိုင်ကြသူများအတွက် အဆုတ်သန့်ရှင်းနည်း (ဝါ) အဆုတ်တွင်ကပ်နေသော နီကိုတင်းဆေးချိုး၊ ဆေးချေး(ကြေး)များ ကွာကျစေသည့်နည်းကို တင်ပြအပ်ပါသည်။ ထို့အပြင် ဆေးလိပ်စွဲမြဲစွာ သောက်သုံးခဲ့ပြီး ဆေးလိပ်ဖြတ်သူများလည်း အဆုတ် သန့်ရှင်းအောင် ပြုလုပ်ရန် သင့်လျှော်သောနည်း ဖြစ်ပါသည်။ နည်းစနစ်မှာ အောက်ပါနည်းဖြင့် ပြုလုပ်ရပါမည်-

လူတိုင်းနီးပါးသိရှိသော လောက်သေပင်မှ လောက်သေရွက် (၅) ကျပ်သား ခူးယူပြီး ရေမတ်ခွက် သုံးခွက်နှင့် ပြုတ်ကျိုပါ။

ရေမတ်ခွက်တစ်ခွက်စာကျန်လျှင် အအေးခံစစ်ယူပြီး ထိုပြုတ်ရည်အား တစ်နေ့တည်း ကုန်အောင် သောက်ပေးပါ။

ထိုသို့ (၅) ရက်ဆက်တိုက်သောက်ပေးလျှင် ဆေးချိုး၊ ဆေးချေး(ကြေး) များကွာကျပြီး အဆုတ်သန့်ရှင်းသွားပါလိမ့်မည်။ ဆယ်ရက်ခန့်အထိ ဆက်တိုက် ပြုလုပ် သောက်နိုင်ပါသည်။

ဆေးချိုး(ကြေး) များ ကွာကျသွားလျှင် အသက်ရှူ ၍ ပိုမိုကောင်းမွန် လာပြီး သိသာစွာ လန်းဆန်း ပေါ့ပါး လာပါလိမ့်မည်။

အထက်ပါနည်းစနစ်က အဆုတ်တွင် အနာပေါက်သူ၊ တီဘီရောဂါကိုပင် တစ်လမှ သုံးလအထိ ဆက်တိုက်မှန်မှန် သောက်ပေးခြင်းဖြင့် အဆုတ်နာရောဂါ သက်သာပျောက်ကင်းသူ ရှိခဲ့ပါသည်။

ထို့အပြင် မည်သည့်ဘေးထွက်ဆိုးကျိုးမျှမရှိဘဲ အဆုတ်ကို စင်ကြယ် ကောင်းမွန်စေပါသည်။

မှတ်ချက်။ ။ နတ်မောက်မင်းသန့်နိုင် ရေးသားသော သူရဇ္ဇ မဂ္ဂဇင်းမှ ကူးယူဝေငှပါသည်။

ကွမ်တန်း မင်းရာဇာ

Tuesday, 15 December 2015

ကြက်သွန်ဖြူ အသုံးဝင်ပုံ



ကြက်သွန်ဖြူ အသုံးဝင်ပုံ

Tuesday, December 15, 2015
ရှေးအခါက ရသေ့၊ ရဟန်းအပေါင်းတို့သည် ကြက်သွန်ဖြူကို အမြတ်ဆုံးသောရသာရနဆေးအဖြစ် နည်းအမျိုးမျိုးဖြင့် သုံးစွဲခဲ့ကြ၏။ အာယုဗ္ဗေဒဆေးအဖြစ် နည်းမျိုးမျိုးနှင့် ရှေးဆရာကြီးတို့သည် ကြက်သွန်ဖြူ၏ ဂုဏ်သတ္တိကို အမျိုးမျိုးရေးသားခဲ့ကြပါသည်။ အချို့ဆရာတို့သည် ကြက်သွန်နီထက် ကြက်သွန်ဖြူက ဂုဏ်သတ္တိသာလွန်သည်ဟု ဆိုကြသည်။

ကြက်သွန်ဖြူသည် သွေးကိုသန့်စေ၏၊ ပိုးသေ၏၊ လေသက်၏၊ ဖျားနာ၊ အရေပြားရောဂါကို ပျောက်စေ၏၊ ချွေးထွက်ခြင်း၊ သုတ်ပွားခြင်း ဖြစ်စေ၏၊ ဆီးဝမ်းကိုရွှင်စေ၏၊ ကာမကိုအားပေး၏၊ မျက်စိကိုအကျိုးပြု၏၊ အသက်ရှည်၏။

သွေးတိုးရောဂါကို အိန္ဒိယနိုင်ငံ၏ သူရဲကောင်းကြီး မဟတ္တမဂန္ဒီကြီးက မိမိ၏သွေးတိုးရောဂါသည် ကြက်သွန်ဖြူကို နေ့စဉ်စားခြင်းဖြင့် ပျောက်ကင်းရသည်ဟု ဆိုထား၏။ ချောင်းဆိုးရောဂါသည် ကြက်သွန်ဖြူကို နာတာရှည်ရောဂါ၊ ချောင်းဆိုးရောဂါအတွက် အရည်ပြု၍တိုက်ပါ၊ ကျွေးပါ၊ အလွန်ထင်ရှားသော အိမ်သုံးဆေးဖြစ်သည်။ လေရောဂါသည် ကြက်သွန်ဖြူကို နှမ်းဆီနှင့်စိမ်၍ ဆားအနည်းငယ်ထည့်ပြီး ထမင်းမစားမီ စားပါ။ နာတာရှည်ရောဂါပျောက်၏။

ကလေးလေဆန်နာရောဂါကို ကလေးများ၏ လေဆန်ရောဂါအတွက် ကြက်သွန်ဖြူတစ်လုံးကို မီးဖုတ်၍ကျွေးရ၏။ ကြက်ညှာချောင်းဆိုးကို ကြက်သွန်ဖြူကိုထုထောင်း၍ နှမ်းဆီနှင့် ကျေအောင်နယ်ပြီး ရင်ဘက်နှင့် ကျောကိုလိမ်း
ကျံပေးပါ။ ခြေဖဝါးကို ¤င်းအတိုင်း ကြက်သွန်ဖြူထောင်း၍ နှမ်းဆီနှင့်နယ်ပြီး ပတ်တီးစည်းပေးထားပါ။ နံနက်မှခွာပါ၊ သို့မဟုတ် ကြက်သွန်ဖြူကို အရည်ညှစ်ပြီး ရေအနည်းငယ်နှင့် သကြားရောပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် တိုက်ပေးပါ။ လည်ပင်းကြီးရောဂါသည် ကြက်သွန်ဖြူဆီကို တစ်ကြိမ်လျှင် နှစ်စက်မျှ တစ်နေ့သုံးကြိမ် တိုက်ကျွေးပါ။ လည်ပင်းတွင်လိမ်းပေးပါ။

ခေါင်းကိုက်ရောဂါသည် ကြက်သွန်ဖြူကို ဆားနှင့်ရောပြီးသောက်ပါ။ ကြက်သွန်ဖြူကို ကြိတ်ပြီး နားထင်တွင် လိမ်းပေးပါ။ ကလေးချောင်းဆိုးရောဂါသည် ကြက်သွန်ဖြူကို အပ်နှင့်ထိုး၍ ပြာကျအောင် မီးဖုတ်၊ ပြာကိုအမှုန့်ပြု၍ကလေးများ ချောင်းဆိုးရောဂါဖြစ်သောအခါ တိုက်ကြရသည်။ ပွေ၊ ဝဲ၊ ယားနာတို့သည် ကြက်သွန်ဖြူတစ်လုံးကိုဖင်မှလှီး၍ ထွက်လာသောအစေးနှင့် အနာကို မကြာခဏ
ပွတ်ပေးပါ။ မုချပျောက်ကင်းပါ၏။

အဆုတ်ရောဂါကို ကြက်သွန်ဖြူတစ်လုံး တစ်နေ့ တစ်ကြိမ် အရည်ညှစ်တိုက်ပါ၊ စားပါ။ ကြက်သွန်ဖြူကို ကြိတ်၍ ထွက်လာသောအဆီဖြင့် ရင်ဘက်ကိုလိမ်းပေးပြီး အဝတ်နှင့် ရင်ဘက်ကို ပတ်ထားပါ။
အရေပြားကွာခြင်းမရှိတော့ပါ ၎င်းအဆီ (အရည်)သည် အရေပြားမှ အတွင်းသို့ စိမ့်ဝင်ပြီး ပိုးများကိုသတ်နိုင်သော အစွမ်းသတ္တိရှိကြောင်း ရှေးဆရာကြီးမှ အဆိုရှိထားပါသည်။ အနာများသည် အရိုးထိအောင်စားတတ်သော အနာများပင်ဖြစ်ပါသည်။ အနာကို ရေနွေး (ဖန်ရည်)ဖြင့် ဆေးကြောပြီး ကြက်သွန်ဖြူကို ထုထောင်းအုံ၍ပတ်တီး စည်းပေးထားပါ။ ၂၄ နာရီကြာသောအခါ ပတ်တီးကိုဖြေ၍ အသစ်ထပ်မံ လိမ်းပေးပါ။ အနာတွင်ရှိသော ပိုးများကိုသတ်နိုင်သော သတ္တိရှိပါ
သည်။

အကြောအခြင်ကိုက်ခဲပါက ကြက်သွန်ဖြူကို အရည် ထုတ်၍ ပွတ်လိမ်းခြင်းဖြင့် ပျောက်ကင်း၏။ နား ပြည်ယိုခြင်းကို နှမ်းဆီငါးကျပ်သားတွင် ကြက်သွန် ဖြူအနည်းအငယ်၊ လေးညှင်းနှစ်ပွင့်ခန့် ထည့်ပြုတ်၍ နားအတွင်း ပူနွေးနွေးထည့်ပေးပါ။ နားပြည်ယို၊ နား ကိုက်၊ နားထိုင်း ပျောက်ကင်း၏။
ရာသီမြုံ၍ ဒုက္ခရောက်သော် ကြက်သွန်ဖြူ စမုံနက်၊ ဆား၊
မန်ကျည်းသီးမှည့်၊ ထန်းလျက်ငါးကျပ်သားစီ၊မိဿလင် သုံးကျပ်သား ပေါင်းစပ်၍ကြိတ် (ရာသီဆိတ်သော်၊ ကြောက်ထိတ်မလန့်၊ ဆီးသီးခန့်လောက်စားသုံးမြောက် က ပျောက်ရဧကန် မလွဲမှန်၏။)

အနာဝင်သော် ကြက် သွန်ဖြူဥတစ်လုံးနှင့်ငရုတ်ကောင်းခုနစ်စေ့ကို ကြိတ်၍အုံ ပါ။ ဒူလာ၊ မီးယပ်ပျောက်ဆေးကြက်သွန်ဖြူဥတစ်လုံးကို ဓားနှင့် အဖျားဘက်ကလှီးပြီး အခေါင်းလုပ်၊ဘိန်းခြောက် ရွေးသားထည့်၊ မီးကင်၊ မြေသင်းခဲကို အရည်ဖျော်အရည် ကြည်ရအောင်ခေတ္တထား၊ ¤င်းရေကြည်ဖြင့်ကြက်သွန် ဖြူမီးကင်ကို ကြိတ်၍ပဲနောက်စေ့ခန့်လုံး၍ထား ရောဂါရှင်ကို ချင့်ချိန်တိုက်ပါ။ တိုက်သည့်အခါတွင် မြေသင်းခဲ (မြေကြီးကိုမီးရဲ အောင်ဖုတ်ထားသောမြေ) အရည်နှင့်ပင်တိုက်ရမည်။ဝဲရောဂါ ပျောက်ကင်းချင်ပါက ကြက်သွန်ဖြူကိုထောင်းပြီး အုန်းဆီနှင့်လိမ်းပေးပါ။ ။

ကိုကျော်(မင်းဘူး)တိုင်းရင်းဆေး

Monday, 14 December 2015

ညညအိပ်ယာပေါ် ဖုန်း screen မှတဆင့် စာဖတ်တာဟာ သင့်အား ထိခိုက်မှုဖြစ်စေနိုင်


ညညအိပ်ယာပေါ် ဖုန်း screen မှတဆင့် စာဖတ်တာဟာ သင့်အား ထိခိုက်မှုဖြစ်စေနိုင်
=============================================
ညမအိပ်ခင် အီလက်ထရွန်းနစ် ပစ္စည်းဖြင့် စာဖတ်တာ အားအင်တွေ ကုန်ခမ်းစေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြထားပါတယ်။

စမတ်ဖုန်း၊ အီးရီဒါ၊ အိုင်ပက် သို့မဟုတ် အိပ်ယာပေါ် အသုံးပြုလို့ရတဲ့ တခြားအီလက်ထရွန်းနစ် ပစ္စည်းတွေနဲ့ စာဖတ်တာ မိမိရဲ့ပုံမှန်သဘာဝ အလေ့အထတွေကို အနှောင့်အယှက်ဖြစ်စေပြီး အိပ်မောကျဖို့ အခက်အခဲများဖြစ်စေပါတယ်။ screen ရဲ့အလင်းရောင်ကြောင့် လူတစ်ဦးမှာ အသားရောင်ပြောင်းလဲစေတဲ့ ဟော်မုန်းပမာဏ ထိခိုက်စေပါတယ်။

Screen များကနေတဆင့် စာဖတ်တာ နောက်တစ်နေ့ နိုးကြားလန်းဆန်းမှုကို လျော့နည်းစေနိုင်ပြီး အကျိုးနည်းတဲ့ အခြေအနေကို ဖန်တီးဖြစ်ပေါ်စေနိုင်ပါတယ်။

ယင်းလေ့လာမှုမှာ ညမအိပ်ခင် ပုံနှိပ်စာလုံးဖြင့် သို့မဟုတ် အိုင်ပက်အသုံးပြုပြီး စာဖတ်သူတွေ ပါဝင်ထားပါတယ်။ အိုင်ပက်အသုံးပြုပြီး စာဖတ်တဲ့သူတွေဟာ အအိပ်ပိုနည်းကြပြီး လန်းဆန်းနိုးကြားမှု နည်းပါးကာ ဟော်မုန်းတွေလျော့နည်းကြပါတယ်။

အလင်းရောင်ကာကွယ်ပေးသော app များ အကူအညီဖြစ်စေနိုင်

Android ပစ္စည်းတွေမှာ အဆိုပါပြသနာတွေအတွက် အကူအညီဖြစ်စေနိုင်တဲ့ app တစ်ခုရှိပါတယ်။ Apple ထုတ် ပစ္စည်းတွေမှာတော့ screen အလင်းရောင်စစ်ကိရိယာ(screen filter) တစ်ခု ဝယ်ယူဖို့ လိုအပ်ပါတယ်။ နောက်ပြီး ကွန်ပျူတာ အတွက်လည်း app တစ်မျိုး ရှိပါတယ်။ အဲဒီဟာက အိပ်ယာပေါ် အီလက်ထရောနစ်ပစ္စည်းနဲ့ မကင်းမကွာ အသုံးပြုနိုင်မယ့် အရာတွေဖြစ်ပါတယ်။ သို့မဟုတ်ပါက ညမအိပ်ခင် စခရင်ဖြင့် စာဖတ်ခြင်းကို ရှောင်ပြီး သီချင်းနားထောင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်း သို့မဟုတ် နွားနို့ပူပူလေးသောက်ခြင်းစသဖြင့် တခြား အိပ်ပျော်စေမယ့်နည်းလမ်းတွေ လုပ်ကြည့်ပါ။ အရင်ကတည်းက သိပြီးဖြစ်သည့်အတိုင်း အိပ်ရေးဝဝ မအိပ်ခြင်းကြောင်း လေဖြတ်ခြင်း၊ ဆီးချိုရောဂါတွေနဲ့ တခြားပြင်းထန်တဲ့ ရောဂါမျိုးစုံ ဖြစ်စေနိုင်ပါတယ်။
Ref: healthyfoodstar

Source: TrendMyanmar

Sunday, 13 December 2015

အမျိုးသား များအတွက် ဂျင်း ရဲ့ အစွမ်းထက်ပုံ ကိုပြောပြပါမယ်


အမျိုးသား များအတွက် ဂျင်း ရဲ့ အစွမ်းထက်ပုံ ကိုပြောပြပါမယ်

1) အူမကြီးကင်ဆာဟာ အမျိုးသမီးထက်အမျိုးသား တွေမှာ ပိုအဖြစ်များပါတယ်။ ဂျင်း ဟာ အူမကြီးကင်ဆာ ကိုကာကွယ်ပေး နိုင်ပါသတဲ့။
2) နှလုံးရောဂါကြောင့် အမျိုး သားအများစု အသက်ဆုံးရှုံး မှု
ဖြစ်နေပါတယ်။ ဂျင်း မှာပါဝင်တဲ့ ဗီတာမင်ဓာတ် တွေဟာ နှလုံး ရော ဂါ ဖြစ်နှုန်းကိုလျှော့ချပေး နိုင်ပါတယိ။ နှလုံးသွေးကြောထဲ သွေးခဲပိတ်ဆို့ မှု ကို လျှော့ချ ပေးပြီး သွေး ပေါင် ကျစေတဲ့အစွမ်း သတ္တိ ရှိပါတယ်။
3) ဂျင်းပါ မှာဝင်တဲ့ manganese ဆိုတဲ့ဓာတ်ကြောင့် Testosterone ထုတ်မှု များစေ ၍ မျိုး အောင်နှုန်း ကိုမြင့်စေပါတယ်။
4) ဂျင်းဟာ သွေးလည်ပတ်မှု ကောင်းစေတာကြောင့် အမျိုးသား များအတွက်အလွန်အကျိုး ထူးစေပါတယ်။ အိမ်ထောင်ရေးသုခ ပြည့်စေပါတယ်။
5) သွေးထဲရှိအချိုဓာတ်ကိုလဲထိန်း ညှိပေးနိုင်တာကြောင့် ဆီးချို သွေးချို သမားများ အတွက် အထူး အသုံးဝင်ပါတယ်။

Dr.Marie
credit: သိလိုရာမေး online ဆေးခန်း

Saturday, 12 December 2015

နားကို ဂွမ်းဖတ်ဖြင့် ဘာကြောင့် မသန့်စင်သင့်လဲဆိုတာ


နားကို ဂွမ်းဖတ်ဖြင့် ဘာကြောင့် မသန့်စင်သင့်လဲဆိုတာ

===================
===================

နားကို ဂွမ်းဖတ်ဖြင့် သန့်စင်သည့် အလေ့အကျင့်ရှိပါက ပြသနာဖြေရှင်းခြင်းထက် ပြသနာ ဖန်တီးခြင်းသာ ဖြစ်ပါတယ်။

နားဖားချေးက ကောင်းမွန်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ နားပေါက်သန့်ရှင်းနေစေဖို့၊ အညစ်ကြေးများ၊ ဘက်တီးရီးယားရောဂါပိုးများ နားစည်နဲ့ ဝေးဝေးဖြစ်နေစေဖို့ရာ ကာကွယ်ပေးပါတယ်။ အစာဝါးစားတဲ့အခါမှာ မေးရိုးမှ နားဖားချေးများအား ဖြည်းဖြည်းချင်း တွန်းထုတ်ပေးတဲ့ လုပ်ဆောင်ချက်တစ်ခု ဖန်တီးဖြစ်ပေါ်စေပါတယ်။ နားပေါက်ကို ဂွမ်းဖတ်သုံး သန့်ရှင်းမှုမလုပ်သင့်တဲ့ အကြောင်းအရင်းတချို့ရှိပါတယ်။

အခြေအနေပိုမိုဆိုးရွားစေနိုင်

ဂွမ်းဖတ်ဖြင့် နားဖားချေးကလော်သူတွေဟာ ကိုယ်လုပ်တာကိုယ် မမြင်ကြရပါဘူး။ နားဖားချေးတွေကို နားထဲတွန်းထိုးသလို ပိုဖြစ်စေကြပါတယ်။ နားစည်က နူးညံ့သိမ်မွေ့နေတာကြောင့် အိမ်မှာ ကိုယ့်ဖာသာ ကြိုးစားသန့်စင်ပေးခြင်းကိုတော့ တားမြစ်ပါတယ်။

နားရွတ်ကူးစက်ရောဂါဖြစ်ပွားစေနိုင်

နားရွက်မှာ နားဖားချေး၊ အဆီနဲ့ အရေပြား ရောထွေးနေတဲ့ အတွင်းမျက်နှာပြင်ရှိပြီး နားကို ကာကွယ်ပေးထားပါတယ်။ ဂွမ်းဖတ်က အဲဒီအတွင်းခံလိုင်နာကို ပွတ်ထုတ်ပြီး နားဖားချေးနဲ့ ရောဂါကူးစက်မှုတွေ ပိုဖြစ်စေပါတယ်။

နားစည် ထိခိုက်စေနိုင်

ဒါက ဂွမ်းအသုံးပြုခြင်း အန္တရာယ်နဲ့ ပတ်သက်ပြီး လူပြောအများဆုံးအချက်ဖြစ်ပါတယ်။ ဖြစ်နိုင်ခြေရှိပေမယ့် အဖြစ်တော့မများပါဘူး။ ဂွမ်းဖတ်ကြောင့် တစ်စုံတစ်ယောက်ရဲ့ နားစည် ထိခိုက်ပျက်စီးနိုင်ခြေတော့ နည်းပါးပါတယ်။

အကောင်းဆုံးနည်းလမ်းက နားထဲ hydrogen peroxide, mineral oil သို့မဟုတ် baby oil ခပ်ပြီး နားဖားချေးတွေ ပျော်အောင် ၂ မိနစ်ကြာထားဖို့ အကြံပြုထားပါတယ်။ ၄၊ ၅ ရက်တစ်ခါ သို့မဟုတ် တစ်ပတ် တစ်ခါ လုပ်ပေးနိုင်ပါတယ်။

Ref: Seventeen

============

Trend Myanmar

Wednesday, 9 December 2015

နံနံပင် အရည် နဲ့ ကျောက်ကပ်ဆေးကြစို့


နံနံပင် အရည် နဲ့ ကျောက်ကပ်ဆေးကြစို့...
----------------------------------
ကျနော်တို့ရဲ့ ကျောက်ကပ်ဟာ ခန္ဓာကိုယ်တခုလုံးက သွေးတွေမှာ ပါဝင်တဲ့ အဆိပ်ရည်များ၊ ဆားဓါတ်များကို နေ့စဉ်စစ်ထုတ်ပေးနေသော မရှိမဖြစ် စစ်ထုတ် ကိရိယာ တခု ဖြစ်သည်။
နှစ်တွေကြာလာတာနဲ့ အမျှ ဆေးကျောမှု၊ ထိန်းသိမ်းမှု မရှိရင် ဟောင်းနွမ်း ပျက်ဆီးသွားတတ်တဲ့ သဘာဝအရ မကြာခဏ ဆိုသလို ကျောက်ကပ် ပြဿနာများ ပေါ်လာတတ်လေသည်။ ချမ်းသာတဲ့ လူ့အသိုင်းအ၀ိုင်းမှာတော့ အစားထိုးကုသမှုနဲ့ ဖြေရှင်းနိုင်ကြသည်။ သို့သော် သေချာလှတယ်လို့ တော့ မဟုတ်။
ကျနော်တို့ အားလုံးအတွက် အသေချာဆုံး ဆေးတစ်ခွက်ကတော့ ကျနော်တို့ အနားမှာ ရှိနေပါတယ်။
အဲဒါကတော့.. မြန်မာလို တရုတ်နံနံပင် လို့ခေါ်တဲ့ Parsley (Cilantro) ပါ။
သူ့ကို နုတ်နုတ်စင်းပြီး ရေသန့်သန့်လေးနဲ့ ပွတ်ပွတ်ဆူအောင် ၁၀မိနစ်လောက် ကျိုလိုက်ပါ။ ပြီးတော့ အရည်စစ်ယူလိုက်ပါ။ နောက်ပြီး ရေခဲသက္တာမှာ အအေးခံထားပြီး တနေ့ တခွက် သောက် သုံးခြင်းဖြင့် ကျောက်ကပ်များကို မူလ ပကတိ အကောင်း အတိုင်း ထိန်းသိမ်း ထားနိုင်ကြောင်း ဝေငှလိုက်ပါတယ်။
အေးချမ်းမွန်မှ ဈာန် တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

ဆေးဘဲဥ


ဆေးဘဲဥကို century egg,preserved egg,hundred year egg, thousand year egg, millennium egg ,ထုံးဘဲဥ , ဖီတန် ( တကယ်တော့ တရုပ်လို နာမည်ပါ pidan ) လို့လည်းခေါ်ကြပါတယ်။

ဟိုတလောက maggi လို့ ခေါ်တဲ့လူကြိုက်များတဲ့ခေါက်ဆွဲခြောက် တွေထဲမှာ ခဲဓာတ်တွေ (lead) ပါတာများတာကို အိန္ဒိယမှာ ရှာဖွေတွေ့ရှိခဲ့ လို့ မက်ဂီး ခေါက်ဆွဲတင်သွင်းထုတ်လုပ်မှုကိုရပ်ဆိုင်းပြစ်လိုက်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင် ဆေးဘဲဥကို သတိရမိလို့ ဆေးဘဲဥအကြောင်းလေးမျှဝေဖြစ်တာပါ။

ဆေးဘဲဥကိုတရုတ်နိုင်ငံက နေပြီး စတင်ပေါ်ပေါက်လာတာဖြစ်ပြီး ရိုးရာ အားဖြင့် ဘဲဥ ၊ကြက်ဥ နဲ့ ငုံးဥတွေကို အသုံးပြုကြပါတယ်။ ပါဝင်တဲ့ပစ္စည်းတွေကတော့ ရွံ့မြေ ၊ ဆား၊ ထုံး၊ ထမင်း ပျော့ စတာတွေကိုလိုအပ်သလိုထည့်ပြီးအသုံးပြုကြပါတယ်။ ဖြစ်စဉ်အားဖြင့် ဘဲဥ အကာ ဟာ စိမ်းပုတ်ရောင်မှသည် မီးခိုးရောင် ၊မီးခိုးရောင်မှသည် အညိုနက်ရောင်သို့ပြောင်းလဲသွားပြီး ပြစ်ခဲမှု မှာလည်း အရည်အဖြစ်မှ ဂျယ်လီအဖြစ်သို့ပြောင်းလဲသွားပါတယ်။ အနံ့ မှာလည်း ကန့် sulphur နှင့် အမိုးနီးယား (ကျင်ငယ်ရေနံ့  ) ဘက်သို့ ပြောင်းလဲသွားပါတယ်။ PH level သည်လည်း ၉ -၁၀ ကြားပြောင်းလဲပြီး ပြင်းအားများသော အယ်လ်ကာလိုင်း ဖြစ်သွားပါတယ်။

ယနေ့ စားသုံးသူတို့ရဲ့ လိုအပ်ချက် များလားပြီးဝယ်လိုအားတိုးလာသောကြောင့် ထုတ်လုပ်သူတို့ က လအနည်းငယ်ကြာ ပြုလုပ်ရသော ဆေးဘဲဥဖြစ်စဉ်ကို ရက်ပိုင်းနှင့်ပြုလုပ်နိုင်ရန် နည်းလမ်းများ ရှာဖွေ့ လာကြပါတယ်။ calcium hydroxide နှင့် sodium carbonate ပျော်ရည်တွင် ဘဲဥကိုစိမ်ခြင်းက ဆယ်ရက်အတွင်း ပုံမှန်ရိုးရာနည်း ဖြင့်ပြုလုပ်သော လအနည်းငယ်ကြာ ဆေးဘဲဥကို ပုံမှန်အရသာမပျက် ရရှိစေ တာမို့အချိန်ကုန်ခံထုတ်လုပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဆိုးကျိုး အနေနဲ့ကတော့ lead (ခဲ) ဓာတ်ပါဝင်မှုတွေတိုးလာတာပါဘဲ။ ဘဲဥထဲသို့ မြန်မြန်ဆန်ဆန် hydroxide and sodium ကို ဝင်ရောက်စေခြင်းက ခဲဓာတ်ကိုတိုးပွားလာစေတာဖြစ်ပါတယ်။

ခဲဓာတ်များခန္ဓာကိုယ်ထဲဝင်ရောက်တာများလျှင် အသက်ဆုံးရှုံးသည်ထိဖြစ်နိုင်ပါတယ်။

Lead poisoning ခဲဆိပ်သင့်ခြင်းရဲ့ဆိုးကျိုးတွေကတော့
အော့အန်ခြင်း
ဗိုက်နာခြင်း
မောပန်းခြင်း
ကြွက်သားများနာကျင်ခြင်း
ဝမ်းလျောခြင်း
ဝမ်းချူပ်ခြင်း
သုတ်ကောင်များနည်းသွားခြင်း
အာရုံစူးစိုက်မှု နည်းခြင်း
ဦးနှောက်မြေး ရောင်ရမ်းခြင်း
သွားပိုးစားခြင်း
သွေးပေါင်တက်ခြင်း မှသည်
အသက်သေဆုံးသည်ထိဖြစ်နိုင်ပါတယ်။

ခဲဆိပ်သင့် နေသလားဆိုတာကိုသိချင်ရင်တော့ သွေးဖောက်စစ်ဆေးရင်သိနိုင်ပါတယ်။ သွေးထဲမှာ ခဲဓာတ် ပါဝင်မှု ၁၀ မိုက်ခရိုဂရမ် ပါ ဒက်ဆီလီတာ ထက်ကျော်နေဘီဆိုရင်တော့ ခဲဓာတ် အဆိပ်မသင့်သေးသည့်တိုင်အောင် ခဲဓာတ်များနေဘီလို့ သတ်မှတ်ပါတယ်။

ဗာဟုသုတ အနေနဲ့မျှဝေချင်တာလေးကတော့ ခဲဆိပ်သင့်ခြင်းဟာ အစားအသောက်ခုတည်းကနေ နိုင်တာမဟုတ်ပါဘူး။ ခဲနဲ့ ထိတွေ့သော သူများအားလုံး ရနိုင်တာဖြစ်ပြီး ၊ ခုရေးသားသော အကြောင်းအရာလေးကတော့ လူအများစု သတိမထား နိုင်သော အကြောင်းအရာလေးတခုကိုသာ ဖော်ပြခြင်းဖြစ်ပါတယ်။

အိမ်သုတ်ဆေး ကိုင်သူ
ဘထ္ထရီ အိုးပြင်သူ
ခဲဂဟေတို့သူ
ဓာတ်ရောင်ခြည် ကာကွယ်သော ခဲအကျီင်္ဝတ်သူ
မာကျူရီနှင့်ခဲဓာတ်ပါ သော ဓာတ်ခဲထုတ်လုပ်သော နေရာတွင်အလုပ်လုပ်သူ
ခဲ ကျည်ဆန်ကိုင်သူ
စသောခဲနှင် ထိတွေ့သူတွေ မှာ ခဲဆိပ်သင့်ခြင်းဖြစ်နိုင်ပါတယ်။

အသိပညာ ဗာဟုသုတများခြင်းသည်မင်္ဂလာတပါး ။
Credit: သန့်ဇင်
ပြန်လည်မျှဝေခြင်း       ကွမ်တန်း မင်းရာဇာ

Tuesday, 8 December 2015

ကြက်သွန်နီဖြင့် လိပ်ခေါင်းရောဂါကို ကုမယ်


ကြက်သွန်နီဖြင့် လိပ်ခေါင်းရောဂါကို ကုမယ်
---

ငွေကြေး အကုန်အကျ သက်သာပြီး ထိရောက်လွယ်ကူစေလို့ မျှဝေပေးလိုက် ရပါတယ်။ အဲဒါကတော့ ကြက်သွန်နီဖြင့် လိပ်ခေါင်းရောဂါကို ကုသခြင်းပင် ဖြစ်ပါတယ်။

အသုံးပြုပုံကတော့

ကြက်သွန်နီလတ်လတ် ဆတ်ဆတ်ကို ယူလိုက်ပါ။ ပြီးနောက် အရည်ညစ်လိုက်ပါ။ အရည်ညစ်ပြီးသည့် အထဲကို ကြွေဇွန်းတစ်ဝက် သကြားထည့်လိုက်ပါ။ တစ်နေ့ တစ်ကြိမ်သောက် ပေးခြင်းဖြင့် လိပ်ခေါင်းရောဂါကို သက်သာစေ ပါတယ်။

(ကျန်းမာရေးနှင့် အလှအပ သတင်းများ)

Wednesday, 2 December 2015

သားအိမ်အသားလုံးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ


သားအိမ်အသားလုံးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
------------

သားအိမ်အသားလုံးဟာ အသက် ၃၀ နှင့် ၅၀ကြား အမျိုးသမီး ၂၀-၈၀ ရာခိုင်နှုန်းမှာ ဖြစ်တတ်ပါတယ်။ သားအိမ်အသားလုံး ဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့ အောက်ပါနည်းလမ်းတွေကို သိထားသင့်ပါတယ်။

(၁) သားအိမ်အသားလုံး ဖြစ်စေနိုင်သည့် အန္တရာယ်ကို သိနားလည်ပါ

အမျိုးသမီးတွေအသက်ကြီးလာလေလေ၊ သားအိမ်အသားလုံး ဖြစ်နိုင်ခြေပိုများလေလေပါ။ မိသားစုရာဇ၀င်မှာ သားအိမ်အသားလုံးဖြစ်သူရှိရင် သင့်မှာ သားအိမ်အသားလုံး ဖြစ်နိုင်ခြေ ယောဘုယျအားဖြင့် သုံးဆ ပိုများတယ်လို့ ဆိုပါတယ်။

(၂) လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပါ

လေ့လာမှုတွေအရ အမျိုးသမီးတစ်ဦးဟာ လေ့ကျင့်ခန်းပုံမှန် လုပ်တယ်ဆိုရင် သားအိမ်အသားလုံး ဖြစ်နိုင်ခြေမရှိဘူးလို့ သိရပါတယ်။

၃) ကိုယ်ဝန်ဆောင်၊ ကလေးမွေးခြင်းကြောင့် သားအိမ်အသားလုံး မဖြစ်စေရန် ကာကွယ်နိုင်

ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးတာဟာ အမျိုးသမီးတွေကို သားအိမ်အသားလုံးမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း အနည်းငယ် ရှိတတ်ပါတယ်။

၎)ပဋိသန္ဓေတားဆေးသောက်ပါ

ပဋိသန္ဓေတားဆေးသောက်တာကြောင့် သားအိမ်အသားလုံး ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

၅) ကိုယ်အလေးချိန်ကို ထိန်းချုပ်ပါ

အ၀လွန်တာကြောင့် သားအိမ်အသားလုံးဖြစ်နိုင်ခြေ နှစ်ဆ၊ သုံးဆပိုများစေပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်အမျိုးအစားနဲ့ အရပ်အမောင်းပေါ် အခြေခံပြီး ကိုယ်အလေးချိန်ကို ထိန်းချုပ်သင့်ပါတယ်။ သင့်ခန္ဓာကိုယ်အညွှန်းကိန်း BMI က ၁၈.၅ နဲ့ ၂၅ ကြားရှိသင့်ပါတယ်။ ၂၅ ထက်ကျော်တယ်ဆိုရင် သင့်ကိုယ်အလေးချိန်ကို အခုပဲ လျှော့ချသင့်ပါပြီ။

၆) အနီရောင်အသား စားသုံးမှုကိုလျှော့ချပါ

လေ့လာမှုတွေအရ အနီရောင်အသား (ဥပမာ-အမဲသား) ကိုများများစားတာကြောင့် သားအိမ်အသားလုံးဖြစ်နိုင်တဲ့ အန္တာရယ်ကို ပိုမိုမြင့်တတ်စေတယ်လို့ သိရပါတယ်။ ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါးနဲ့ အတူနာငါးတို့လို ငါးကိုစားတာက သားအိမ်သားလုံးကြောင့် တစ်သျှူးရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

၇) အစိမ်းရောင် ဟင်းသီးဟင်းရွက်များ စားပါ။

အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားတာကြောင့် အမျိုးသမီးတစ်ယောက်မှာ သားအိမ်အသားလုံး မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

၈) သားအိမ်အသားလုံးဖြစ်လျှင် ပေါ်တတ်သောလက္ခဏာများကို သိနားလည်ပါ

သားအိမ်အသားလုံး ဖြစ်တဲ့အခါ နာကျင်တာ၊ ရာသီလာရင် သွေးဆင်းများတာ၊ သွေးဆင်းများတဲ့အတွက် သွေးအားနည်းတာ၊ ဆီးအိတ်နဲ့ အစာဟောင်းအိမ်အပေါ် ဖိအားသက်ရောက်တာနဲ့ ၀မ်းဗိုက်ရောင်ရမ်းတာတို့ ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေ ခံစားရရင် သားအိမ်အသားလုံးဖြစ်နေပြီးလားဆိုတာ သိနိုင်ဖို့ သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ တွေ့ဆုံ ဆွေးနွေးသင့်ပါတယ်။

ကြယ်စင် - Good Health

ဦးနှောက်ကိုကောင်းကျိုးပြုတဲ့အကောင်းဆုံးအစားအစာများ


━━━━━━━━━━━━━━━━━━━━━━━━━━━━━
ဦးနှောက်ကိုကောင်းကျိုးပြုတဲ့အကောင်းဆုံးအစားအစာများ
━━━━━━━━━━━━━━━━━━━━━━━━━━━━━
(၁) မက်မွန်သီးစားပါ။ ဦးနှောက်သွေးကြောပိတ်ရောဂါ မဖြစ်စေပါဘူး။

(၂) ဘလူးဘယ်ရီသီးက အာရုံစူးစိုက်မှုအားကောင်းစေပြီး၊
ဦးနှောက်တုန့်ပြန်မှုနှုန်းကို မြန်ဆန်သွက်လက်စေပါတယ်။

(၃) သစ်ကြားသီးကို အစွမ်းထက်မြက် ဦးနှောက်အားတိုး သဘာဝဖြည့်စွက်ဆေးအဖြစ်အားကိုးထိုက်ပါပေတယ်။

(၄) အနားတွန့် ဂေါ်ဖီထုပ်ကလေးထဲမှာပါတဲ့ tryptophan(ခေါ်) seroten ဓာတ်များကဦးနှောက်ကို ကျန်းမာစေပါတယ်။

(၅) ဘရိုကိုလီ(ခေါ်)ပန်းဂေါ်ဖီစိမ်း က ဦးနှောက်ကို ကောင်းစွာအလုပ်
လုပ်စေပါတယ်။

(၆) ပန်းဂေါ်ဖီအဖြူရောင်က ဦးနှောက်ရဲ့  အဖြူရောင်အဖတ်သားများကို
များစွာကောင်းကျိုးပြုပါတယ်။

(၇) ဂျင်း စားပေးခြင်းဖြင့် ဦးနှောက်အမြှေးပါးရောင်ရောဂါ ကိုမဖြစ်စေ
တော့ပါဘူး။

(၈) ပန်းသီး က ခန္တာကိုယ်အတွက် ဘက်စုံအားကောင်းစေရုံသာမက၊
မှတ်ဥာဏ်အားလည်းကောင်းစေပါတယ်။

(၉) ဖရဲသီးစားပါ။ ဦးနှောက်ရဲ့  ဖွဲ့ စည်းတည်ဆောက်မှုကို အားပေးပါတယ်။

(၁၀) ဂေါ်ဖီထုပ်က အဆုပ်၊ ဆီးကျိတ်ကင်ဆာ တွေမဖြစ်စေတဲ့အပြင်၊
ဦးနှောက်ပျက်စီးထိခိုက်မှုကိုပါ လျော့ပါးသွားစေပါတယ်။

(၁၁) ဆလပ်ရွက် များများစားပေးခြင်းဖြင့် neurovascular
coupling(ခေါ်)ဦးနှောက်အာရုံကြောတွေနဲ့ ဆက်စပ်နေတဲ့သွေး ကြောတွေမှာ
သွေးစီးဆင်းမှုပိတ်ဆို့ ခြင်းရောဂါ ကိုမဖြစ်စေနိုင်ပါဘူး။ ဒါ့ပြင်
Alzheimer(ခေါ်)ဦးနှောက်ဇရာကြို အယ်လယ် ဇိုင်း မားရောဂါ
ဖြစ်လာနိုင်ချေကိုပါ လျော့ချပေးပါတယ်တဲ့။

(၁၂) သခွားမွှေးသီးစားပါ။ ဦးခေါင်းခွံကျန်းမာရေးကို
ကောင်းကျိုးပြုတဲ့အပြင် ဦးနှောက်အားကောင်းစေပါတယ်။

(၁၃) ထင်းရှုးသီးစေ့ က ဦးနှောက်ကို တက်ကြွအောင်လှုံ့ ဆော်ပေးနိုင်စွမ်းရှိပါတယ်။

(၁၄) မြင်းခွာရွက် တစ်နေ့  ၄-ရွက်စားပါ။ အုန်းဆီ ၈၀-ကျပ်သားနဲ
့မြင်းခွာရွက်သတ္တုရည် ၂၇-ကျပ်သားတို့ ရောပြီး မီးအေးအေး ဖြင့်ချက်ပါ။
ရေခန်း၍ဆီသာကျန်တော့တဲ့အထိ ချက်ပြီးအအေးခံပါ။ ဆံပင်နဲ
့ဦးရေပြားကိုလိမ်းပေးခြင်းဖြင့် ဦးနှောက်အားရှိလာ စေပါတယ်။ ဒါ့ပြင်
သတိကောင်းခြင်း၊ ဆံပင်ကောင်းခြင်း၊ နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း
စသည်ဖြင့်ကောင်းကျိုးပြုပါတယ်။ (သို့ မ ဟုတ်) မြင်ခွာရွက်မှုန့်ကို
နွားနို့ ၊ သကြားတို့ နဲ့ ရောသောက်ပေးခြင်းဖြင့် ဦးနှောက်ကြည်လင်၍
မှတ်ဥာဏ်ကောင်းစေပါတယ်။

(၁၅) ဦးနှောက်ပျက်/စိတ်ဖောက်ပြန်ခြင်းအတွက် လင်းနေပင်အမှုန့် ကို
ပျားရည်နှင့်ရောလျက်ပေးပါ။ ဦးနှောက်အားနည်းပြီး မကြာခဏ
သတိမေ့လျော့ခြင်းအတွက် လင်းနေပင်အမှုန့် ကို၊ ထောပတ်၊ နွားနို တို
့ဖြင့်သောက်ပါ။

(၁၆) ဦးနှောက်ပျက်/စိတ်မငြိမ်ခြင်းအတွက် ဆီးသီးခြောက်ကို ထန်းလျက်ဖြင့်
ယိုထိုးစားပါ။

(၁၇) ဦးနှောက်ကြည်စေရန်အတွက် ကြံရည်နဲ့  ပျားရည် (သို့ မဟုတ်) ကြံရည်နဲ
့ဇီးဖျော်ရည် ရောသောက်ပါ။

(၁၈) ဦးနှောက်မကြည်မလင် ပင်ပန်းနွမ်းနယ်ခြင်းအတွက်
ဖီးကြမ်းဌက်ပျောသီးမှည့်မှည့်ကို စပျစ်သီးအမှည့်ဖြင့် ဖျော်ရည်လုပ်
သောက်ခြင်းဖြင့် တခဏအတွင်း လန်းဆန်းလာစေပါတယ်။

(၁၉) မြတ်လေးပန်းရှုပါ။ မြတ်လေးပန်းရနံရှုခြင်း (သို့ မဟုတ်)
မြတ်လေးပန်းခြောက်မှုန့် ကို ပျားရည် တွင်စိမ်၍ ညအိပ်ယာဝင် တိုင်း
လ္ဘက်ရည်ဇွန်း ၁-ဇွန်း သောက်ခြင်းက ဦးနှောက်ကြည်လင် လန်းဆန်းလာစေပါတယ်။

(ပေါက်ပေါက်….မျှဝေသည်)


                   ကျန်းမာရေးဗဟုသုတများရယူဖို့

                        🔴ဒီနေရာတွင်နှိပ်ပါ🔴
                    ကျန်းမာရေးအတွက်ဆေးတစ်ခွက်