မင်္ဂလာပါဗျ။ မင်းရာဇာ(ကွမ်တန်း မလေးရှား)မှ ကြိုဆိုပါတယ်ဗျ။
Wednesday, 17 August 2016
ကျန်းမာရေးအတွက်ဆေးတစ်ခွက် အစာအိမ်အောင့်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည်
ကျန်းမာရေးအတွက်ဆေးတစ်ခွက်
အစာအိမ်အောင့်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည်
=============================================
အစာအိမ်ရောဂါခံစားရသူများသည် အစားစာလောင်ခြင်း မဖြစ်စေရန်အတွက် စားစရာများကိုကိုယ့်နှင့်မကွ ဆောင်ထားကြသည်မှာများကြပါသည် …သင်သည် ယခုဆန်ဆေးရည်ကို နေ့ စဉ်ပုံမှန်သောက်သုံးပါက အစားအစာဆောင်ရခြင်းနှင့် အစာအိမ်အောက်ခြင်း နာခြင်းများ မရှိတော့ပါ ။
ကျောင်းတက်စဉ်က သူငယ်ချင်းများနှင့် မိတ်ဆွေများထဲ့မှ အစာအိမ်ဖြစ်သောသူများကို ပြောပြပြီး သောက်ခိုင်းခဲ့လို့  အစာအိမ်သမား တော်တော်များများပျောက်ကင်းသက်သာခဲ့ပြီး ကောင်ညှင်းပေါင်းတောင် မစားရဲသူများတောင် စားလို့ ရလာနိုင်သော ဆန်ဆေးရည်ဖြစ်ပါသည်…
အစာအိမ်သမားများအတွက် ဆန်ဆေးရည်ကို အောက်ပါအတိုင်းလုပ်ဆောင်သောက်သုံးလိုက်ပါ
မနက်အိပ်ယာထထခြင်း မနက်ဆန်ဆေးရည်ကို မက်ခွက်တခွက်လောက်ကို အမြဲသောက်ပေးပါ ..ရောဂါပေါ်မှုတည်ပြီး သောက်ပေးရပါမည် အချိန်ကိုတော့ လပိုင်းထိမနက်တိုင်းမနက်တိုင်းသောက်ပေးပါ
လုပ်ဆောင်နည်း .........
မနက်ထမင်းချက်ဖို့ ဆန်ဆေးသည့်အခါ ပထမ ဆန်ဆေးရေကို အလျှင်အမြန်ဆေးပါ ပထမရေသည် ဆန်တွင်ပါဝင်သော သဲအမှုန့် များ ကို ဆေးကြောခြင်းဖြစ်ပါသည်
ဒုတိယအကြိမ်တွင် ဆေးသောဆန်ဆေးရေကို လက်ဖြင့် ကျကျနန ပွတ်သက်ဆေးကြောပြီး ရရှိလာသော ဆန်ဆေးရေကို မနက်အိပ်ယာထထခြင်း မက်ခွက်ကြီး တခွက်စာ သောက်သုံးပေးပါက အစာအိမ်ဖြစ်သော သူများသည် မိမိဖြစ်နေသော ရောဂါဝေဒနာ ပျောက်ကင်းသွားပါလိမ့်သည် ။
Mg Mandalay
~~~~~~~~~~~~~~~~~~~
ကျန်းမာရေးဗဟုသုတများရယူဖို့
ဒီနေရာတွင်နှိပ်ပါ
ကျန်းမာရေးအတွက်ဆေးတစ်ခွက်
Tuesday, 16 August 2016
ဆံပင်တွေအရမ်းကျွတ်လို့စိတ်ညစ်နေလား
ဆံပင်တွေအရမ်းကျွတ်လို့စိတ်ညစ်နေလား
ကွမ်းရွက်ကိုသေချာထုချေပြီးရေနဲ့ခပ်ပြစ်ပြစ်
ဖျော်လိုက်ပါ၊ကွမ်းရွက်ရေကိုတခေါင်းလုံးအနှံ
သုတ်လိမ်းပြီးခနလောက်ခြောက်အောင်
ထားပြီးမှခေါင်းလျှော်လိုက်ပါ။
ဒီနေ့လုပ်မနက်ဖြန်ဆံပင်အကျွတ်ရပ်ပါတယ်၊
မယုံရင်လုပ်ကြည့်ကြပါနော်....
Credit-
ချစ်သူငယ်ချင်းအားလုံးကိုချစ်ခင်လေးစားတဲ့
မနီ(နော်ဝေး)
Wednesday, 27 July 2016
သွေးတိုးရောဂါအကြောင်း
သွေးတိုးရောဂါ
 သွေးတိုးရောဂါဟာ လူတွေအတွက် အသက် ၄၀ကျော်လာရင် အဖြစ်များလာကြတဲ့ ရောဂါတစ်မျိုးပါပဲ။ ဆီးချိုသွေးချိုရောဂါလိုပါပဲ။ သူကနေတစ်ဆင့် ဖြစ်ပွားလာနိုင်တဲ့ ဆင့်ပွားရောဂါ ဥပဒ္ဒဝေါတွေ အများကြီး ရှိနေပါတယ်။ ကံကောင်းတာတစ်ခုက သူ့ကို လွယ်လွယ်နဲ့ ကုသထိန်းချုပ်နိုင်တဲ့ အချက်ပါပဲ။ ဆေးမှန်မှန်သောက်ပြီး မသင့်တဲ့ အစားအသောက်၊ အမူအကျင့်၊ အနေအထိုင်တွေ ထိန်းချုပ်လိုက်တာနဲ့ အလွယ်တကူ သွေးတိုးကျလာနိုင်ပါတယ်။
သွေးတိုးစေအောင် အားပေးတဲ့အရာတွေလည်း ရှိနေပါတယ်။ အဲဒါတွေကတော့-
၁။ အိမ်သုံးဆား၊ ဆော်ဒါ၊ အချိုမှုန့်များများစားခြင်း။
၂။ ပိုတက်စီယမ်ဓာတ် ချို့ငဲ့ခြင်း(ကယ်စီယမ်နှင့် မဂ္ဂနီဆီယမ်ဓာတ်များပါတွဲပြီး ချို့ငဲ့တတ်ပါတယ်)။
၃။ စိတ်ဖိစီးမှုများခြင်း၊ ဘ၀မှာအပြိုင်အဆိုင်များခြင်း။
၎။ အ၀လွန်ခြင်း။
၅။ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း။
၆။ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အညောင်းထိုင်ခြင်းများတို့ပါပဲ။
သွေးတိုးရောဂါရှိတဲ့အတွက် ဖိအားများတဲ့သွေးတွေဟာ နှစ်ရှည်လများ အဟုန်ပြင်းပြင်းနဲ့ စီးဆင်းတဲ့ဒဏ်ကြောင့် သွေးကြောကြီးတွေရဲ့ နံရံတွေ၊ နှလုံးသွေးကြောနဲ့ အခန်းနံရံတွေ၊ ကျောက်ကပ်၊ ဦးနှောက်စတဲ့အဂါင်္တွေကို ပျက်စီးစေပါတယ်။
အဲဒီဖိအားကပဲ သွေးထဲမှာ ပေါလောမျောနေတဲ့ အဆီဥတွေကို သွေးကြောနံရံတွေမှာ ပို့စေပါတယ်။ ဒီလိုနဲ့သွေးကြောက တဖြည်းဖြည်းကျဉ်းလာရပါတယ်။
ကြာတော့ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးသွေးငတ်တဲ့ရောဂါ၊ နှလုံးသွေးကြောပြတ်ပြီး ကြွက်သားတွေ သေသွားတဲ့ရောဂါ(Myocardial Infaret) နဲ့ လေငန်းရောဂါတွေပါ ဖြစ်လာရပါတယ်။ သွေးတိုးကြောင့် မျက်လုံး၊ ကျောက်ကပ်နဲ့ ဦးနှောက်စတာတွေထဲက နုနယ်တဲ့ သွေးကြောတွေ ပေါက်ကွဲပြီး သွေးယိုစီးနိုင်တာမို့ အချိန်မီမကုစားနိုင်ရင် အသက်ကို အန္တရာယ်ပြုနိုင်ပါတယ်။
သွေးတိုးနဲ့ပတ်သတ်လို့ သက်ဆိုင်ရာ ဆရာဝန်တွေအနေနဲ့ သွေးချိန်တိုင်းရုံသာမက ECG၊ ဆီးစစ်ခြင်း၊ ဆီးပိုးမွေးခြင်း၊ ရင်ဘတ်ကို ဓာတ်မှန်ရိုက်ခြင်း၊ မျက်လုံးထဲကြည့်တဲ့ ကိရိယာနဲ့ကြည့်ခြင်း၊ သွေးထဲက အဆီဓာတ်တိုင်းခြင်း၊ နှလုံးကို တယ်လီဗေးရှင်းရိုက်ခြင်း စတဲ့ စမ်းသပ်စစ်ဆေးမှု အဖုံဖုံကို လိုအပ်သလို လုပ်ပါလိမ့်မယ်။
လူတစ်ယောက် သွေးတိုးနေပြီဆိုရင် ဇက်ကြောတက်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ရင်တုန်၊ အသက်ရှူမ၀ဖြစ်တာနဲ့အတူ သွေးလေးပြီး နေ့ခင်းဘက် အိပ်ချင်စိတ် သိပ်ဖြစ်တတ်ပါတယ်။ ညဘက်မှာတော့ စိတ်လှုပ်ရှားပြီး အိပ်မပျော်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ လန့်တတ်ထိတ်တတ်ခြင်း၊ လန့်ပြီးရင် ဒေါသထွက်ပြီးရင် တော်တော်နဲ့ အမောမပြေနိုင်ခြင်း ဖြစ်တတ်ပါတယ်။သွေးတိုးဝေဒနာ ကြာရှည်လာရင်တော့ နာတာရှည်သဘော ဖြစ်လာပြီး မျက်စိတွင်းက သွေးကြောလေးတွေနဲ့ အာရုံကြောလေးတွေကို ထိခိုက်ပြီး အမြင်အာရုံ ချို့ယွင်းလာရပါတယ်။ မောလွယ်လာတတ်ပါတယ်။ ခေါင်းထဲမှာ မကြည်ဘဲ စိတ်တိုလွယ်တတ်ပါတယ်။ ဆင့်ပွားရောဂါတွေအနေနဲ့ မျက်စိကွယ်ခြင်း၊ လေငန်းရောဂါဖြစ်ခြင်း၊ နှလုံးကြီးခြင်း၊ သွေးကြောတွေ ကြီးလာပြီး ပေါက်ကွဲခြင်းဆိုတာတွေ ဖြစ်လာတတ်ပါတယ်။
သွေးကိုတိုးစေတတ်တဲ့ ဆားများတဲ့ဟင်းတွေ၊ ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်နဲ့ ငန်ပြာရည်တွေ၊ အချိုမှုန့်များများပါတဲ့ အစားအသောက်တွေ၊ အဆီအစေးများပြီး ပိတ်ဆို့တတ်တဲ့ ငါးသလောက်၊ ငါးသေတ္တာ၊ အုန်းနို့၊ ဒညင်းသီး၊ ဒူးရင်းသီးစတဲ့ အစားအစာတွေ၊ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းဆီထမင်းတို့ကိုလည်း ရှောင်သင့်ပါတယ်။
သွေးတက်ခြင်းကို လျော့နည်းပျောက်ကင်းစေတဲ့ ဒန့်ဒလွန်သီး၊ ဒန့်သလွန်ရွက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှမ်းနံနံ၊ တရုတ်နံနံ၊ ဥသျှစ်ရွက်တွေအပြင် ၀မ်းနဲ့ဆီးကို ရွှင်စေတတ်ပြီး ကြေညက်လွယ်တဲ့ သားငါးသီးနှံတွေကို စားသင့်ပါတယ်။
ကြက်သွန်ဖြူဟာ ၀ါယုလေဓာတ်ကို နိုင်လှတဲ့အတွက် သွေးတိုးရောဂါအတွက် အကောင်းဆုံး ဆေးတစ်လက် ဖြစ်ကြောင်း ရှေးဟောင်းအာယုဗ္ဗေဒ ဆေးကျမ်းကြီးတွေမှာ ဖော်ပြထားပါတယ်။ ကြက်သွန်ဖြူကို သူ့ချည်းဖြစ်စေ၊ နွားနို့နဲ့ရောကြိတ်လို့ဖြစ်စေ ရှေးဦးစွာ တစ်နေ့ ၁ပဲသားကုန်အောင် သောက်ရပါတယ်။
ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာဆောင်ပြီး ဆေးလည်းမှန်မှန်မှီဝဲရင် သွေးတိုးရောဂါကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ပါမယ်လို့ တင်ပြလိုက်ရပါတယ်။
kuantan min yar zar
Saturday, 25 June 2016
ဆံပင်ဖြူတွေတစ်ခါပြန်နက်ဖို့ (ဆေးမြီးတို)
ဆံပင်ဖြူတွေတစ်ခါပြန်နက်ဖို့ (ဆေးမြီးတို)
   ကြောင်လျှာသီးကို ပေါ်သောရာသီတွင်နှစ်လခန့်
နေ့စဉ်ပြုပ်၍အတို့အမြှုပ်လုပ်၍၄င်း။ကြော်ချက်အဖြစ်
၎င်း။မီးဖုတ်ပြီးကြက်ဥနှင့်ရောကြော်၍၄င်းတစ်နည်း
နည်းဖြင့်  နေ့စဉ်စားသုံးပေးလျှင်ဆံပင်ဖြူများပြန်နက်
လာစေနိုင်သည်။
     ကြောင်လျှာပွင့်ခြောက်များကိုပေါသောရာသီတွင်
ဝယ်ယူစုဆောင်းပြီးစဥ့်အိုးငယ်တွင်သိပ်၍ တစ်နှစ်လုံး
သိမ်းဆည်းထားနိုင်သည် ။ အပွင့်ကိုရေနွေးဖျော၍သုပ်
စားလျှင်လေဆက်စေသည်ဟုရှေးလူကြီးများပြောသည်။
လေအားကောင်းစေသည်။ နားလေထွက်ခြင်း။နားပင်း
ခြင်း။အသက်ကြီး၍နားလေးခြင်းများအတွက်ကောင်းပါ
သည်။
         ဆေးကျမ်းများမှ
၁။ ကြောင်လျှာသီးကိုကြက်သားနှင့်ချက်စားပါကပန်း
     နာ(ရင်ကြပ်)ရောဂါပျောက်သည်။
    အားကိုဖြစ်စေပြီးအစာမကြေဝမ်းပျက်ပျောက်ဧ။်။
၃။ ပုဇွန်ဖြင့်ချက်စားပါကနှလုံးလေရိုက်ရောဂါ။ နှလုံး
    တုန်ရင်တုန်ရောဂါပျောက်ဧ။်။
၎။ ငါးသလောက်ဖြင့်ချက်စားပါကအဖောရောဂါကျစေ
    ၍နှလုံးရောဂါကိုသက်သာစေသည်။
၅။ ငါးမြွေတိုးနှင့်ချက်စားကဒူလာသွေးဝမ်း။မီးယပ်သွေး
    ဝမ်း။မြင်းသရိုက်(လိပ်ခေါင်း) ရောဂါတို့ပျောက်ကင်းစေ
    နိင်ပါသည်။
    မှီငြမ်း။  ။ ဒေါ်မေမေပွင့်(တိုင်းရင်းမေ)ဓာတ်စာကုထုံး။
                  မြန်မာ့ဆေးဝါးပင်များ(မြန်မာ့စိုက်ပျိုးရေး
                   လုပ်ငန်း)လယ်.စိုက်.ရှင်း ၁၅.၅.၁၉၈၀ထုတ်။
    ကြည်လွင်မြင့်(မုဒြာ)       28.5.2015
ပြန်လည်မျှဝေခြင်း
Kuantan Min Yar Zar
Wednesday, 8 June 2016
သွေးလွန်တုပ်ကွေးနဲ့အုန်းစိမ်းရည်
သွေးလွန်တုပ်ကွေးနဲ့အုန်းစိမ်းရည်
သွေးလွန်တုပ်ကွေးဖြစ်ရင် ကိုယ်ပူမကျတာ၊
ဂျိုင်းကြားကိုစမ်းကြည့်ရင်မီးခဲလိုပူတာ၊ အော့
တာအန်တာ၊ ခေါင်းမူးတာ၊ ကော်ဖီရောင်အန်
တာ ၊နှာခေါင်းသွေးကျတာ ၊သွေးပေါင်ကျတာ၊
ခြေဖျားလက်ဖျားရေခဲလိုအေးစက်သွားတာ၊
ဝမ်းအမဲရောင်တွေသွားတာ၊ သွေးလန့်တာ၊
သွေးပေါင်ချိန်နဲ့လက်မောင်းကိုစမ်းကြည့်ရင် အစက် အပျောက်ကလေးများများပြားစွာထွက်
လာခဲ့တဲ့ လက္ခဏာ တွေကိုတွေ့ရပါတယ်။
အဲသည်လိုသွေးလွန်တုပ်ကွေးဖြစ်ခဲ့ရင် အရင်
ဆုံးလုပ်သင့်တာက၊အုန်းစိမ်းရည်(ဇွန်းခြစ်)
ခေါ်တဲ့အဆင့်ကိုအပင်ကပစ်မချပဲကြိုးနဲ့ချပါ၊
အုန်းစိမ်းအုန်းသီးကိုအပင်ကပစ်ချလိုက်ရင်
အုန်းရည်ချဉ်သွားတတ်ပါတယ်၊ကြိုးနဲ့ချရင်ချို
တဲ့အုန်းရည်ကိုရပါတယ်၊အုန်းရည်ရခဲ့ရင် ပထမ
ဆုံးသွေးလွန်တုပ်ကွေးလူနာကိုရေပတ်တိုက်
ပါ၊ပြီးရင် အုန်းရည်ကိုနည်းနည်းချင်းစတိုက်ပါ
အန်ချင်စိတ်ပျောက်ပြီးတဖြေးဖြေးလန်းလာပါ
မည်၊ကိုယ်ပူရှိန်လဲလျော့ကျလာမည်။သနပ်ခါး
နံသာဖြူသွေးထားသောအရည်ကျဲအားလူနာတစ်ကိုယ်လုံးခဏခဏလိမ်းပါ၊အပူသက်သာပြီး
လန်းလာမည်။ အုန်းရည်လဲခဏခဏတိုက်ပေး
ပါ၊ နှာခေါင်းသွေးကျရင်ရပ်သွားမည်၊ အအန်လဲ
ပျောက်သွားမည်၊သွေးပေါင်ချိန်ပြန်တက်လာမည်၊လူနာတည်ငြိမ်လာမည်။အစာစားချင်လျင်
ဆန်ပြုတ်အရည်ကျဲကျဲတိုက်နိုင်သည်။မကြာ
ခင်လူနာမှာနှစ်နှစ်ချိုက်အိပ်ပျော်တတ်ပြီး၊အိပ်ရာမှနိုးလျင်လူကောင်းခဲ့သို့လန်းဆန်းနေပါမည်။
၂၄နာရီကျော်လျင်ပုံမှန်အခြေအနေသို့ပြန်ရောက်သော်လည်း စိတ်ချရအောင်၃ရက်ဆက်ကာ
အုန်းစိမ်းရေကိုသောက်ပေးပါ၊
ထို့ကြောင့် အုန်းစိမ်းရေသည် သွေးလွန်တုပ်
ကွေးရောဂါအတွက်အကောင်းဆုံးဆေးဓါတ်စာ
တစ်ခုဖြစ်သည်ကိုလေ့လာတွေ့ရှိရပါသည်။
ဤကုထုံးသည်ဒေသနာနည်းဖြစ်အပူအအေးခွဲ
ခြားကုသောကုထုံးလဲဖြစ်ပါသည်။
Nay MinLay(admin)(DGM)မှ
Monday, 6 June 2016
ကားထဲမှာ သိမ်းထားတဲ့ ရေကို မသောက်သင့်တဲ့ အကြောင်းရင်း
ကားထဲမှာ သိမ်းထားတဲ့ ရေကို မသောက်သင့်တဲ့ အကြောင်းရင်း
===================================
ကားမောင်းတဲ့လူတိုင်းက ကားထဲမှာ ရေဗူးတစ်ဗူးကို အမြဲဆောင်ထားလေ့ရှိပါတယ်။ အဲ့ဒီရေဗူးက ဖန်တို့ စတီးဗူးတို့ဆိုရင် ကွဲနိုင်တဲ့ အန္တရာယ်ကလွဲပြီး သိပ်မရှိနိုင်ပါဘူး။ ပလတ်စတစ်ဗူးဆိုရင်တော့ ပြဿနာ အများကြီးရှိနိုင်ပါတယ်လို့ သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။
ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာရဲ့ အဆိုအရ အပြင်မှာ အပူချိန် ၈၀ ဒီဂရီဖာရင်ဟိုက်ကနေ ၁၀၀ ဒီဂရီဖာရင်ဟိုက် ကြားရှိနေတဲ့ အချိန်မှာ ကားထဲက အပူချိန်က ၁၃၀ ကနေ ၁၇၂ အထိရှိနိုင်ပါတယ်။ ဒီအပူချိန်ထက်အနည်းငယ် ပိုမြင့်လာတာနဲ့ သာမန်မီးဖိုတစ်လုံးရဲ့ အနိမ့်ဆုံး အပူချိန်လောက်ရှိလာနိုင်တယ်လို့ ထောက်ပြထားပါတယ်။
အချိန်ကြာတာနဲ့အမျှ ကားပြတင်းပေါက်တွေ ပိတ်ထားသည်ဖြစ်စေ၊တစ်ဝက် ဖွင့်ထားသည် ဖြစ်စေ အပူချိန်က တိုးလာမှာ ဖြစ်ပါတယ်။ကားအတွင်း အပူချိန်က အပြင်အပူချိန် ၇၂ ဒီဂရီ ဖာရင်ဟိုက်လောက်ပဲ ရှိနေချိန်မှာတောင် တစ်နာရီကြာချိန်မှာ ၄၀ ဒီဂရီ ဖာရင်ဟိုက်တိုးနေမှာ ဖြစ်ပါတယ်။ ပုလင်းထဲက ရေထဲမှာ ပါလာတဲ့ ပိုးမွှားတွေ ဖြစ်ဖြစ်၊ ရေဗူးထုပ်ပိုးစဉ်က ပါလာတဲ့ ပိုးမွှားတွေ ဖြစ်ဖြစ် အဖုံးကတဆင့် ဝင်လာတဲ့ အနီးက ဖုန်မှုန့်နဲ့ ပိုးမွှားတွေဖြစ်ဖြစ် ဒီအပူချိန်မျိုးရှိလာတဲ့အခါ လျင်မြန်စွာနဲ့ အများကြီး ပိုပြီးပေါက်ပွားလာမှာ ဖြစ်ပါတယ်။ပိုးမွှားတွေ အဆမတန် များပြားလာတဲ့ရေကို သောက်မိတဲ့အခါ ကိုယ်ခံအားနည်းနေသူတွေအတွက် နာမကျန်းဖြစ်စေမှာ ဖြစ်ပါတယ်။ဒါ့အပြင် ပလတ်စတစ် ပြဿနာကလည်း ရှိပါသေးတယ်။
ပလတ်စတစ်မှာ ပါဝင်တဲ့ BPA ဒြပ်ပေါင်းက အစာချေရောဂါကနေ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့ ပြဿနာတွေအထိ ဖြစ်စေတဲ့ ဒြပ်ပေါင်း ဖြစ်ပါတယ်။FDA ရဲ့ သတိပေးချက်အရ ပလတ်စတစ်ပစ္စည်းတွေက အပူနဲ့ ထိတွေတဲ့အခါမှာ ဓာတ်ပြုနိုင်တဲ့အတွက် ပလတ်စတစ်ဗူး၊ခွက်တွေထဲကို ပူနွေးတဲ့ အရည်တွေမထည့်ဖို့ သတိပေးထားပါတယ်။
ကားထဲက အပူချိန်နဲ့ ကြာရှည်ထိတွေ့ထားတဲ့ ပလတ်စတစ်ဗူးတွေထဲမှာ ရောဂါဖြစ်စေတဲ့ဓာတ်တွေ အရမ်းများပါတယ်။ သောက်မိတဲ့အခါမှာ အနည်းဆုံး အော့အန်တာ၊ဝမ်းသွားတာတွေ ဖြစ်စေနိုင်တဲ့အတွက် ကားထဲမှာထားတဲ့ ပလတ်စတစ်ရေဗူးတွေထဲက ရေကို လုံးဝမသောက်ဖို့ အကြံပေးချင်ပါတယ်။
Trend Myanmar
ကြောင်ချေးကော်ဖီ သို့မဟုတ် ကမ္ဘာ့ဈေးအကြီးဆုံးကော်ဖီ
ကြောင်ချေးကော်ဖီ သို့မဟုတ် ကမ္ဘာ့ဈေးအကြီးဆုံးကော်ဖီ
======================================
ကြောင်ကတိုးတစ်ကောင်စွန့်ပစ်လိုက်တဲ့ မစင်ကို ရေနွေးလေးနဲ့ ဖျော်ပြီး ပူပူနွေးနွေးသောက်ရအောင်ဆို ဘယ်သူမှ သောက်ချင်မယ်မထင်ဘူးနော်။ ဒါပေမယ့် တချို့လူတွေကတော့ ကြောင်ချေးကော်ဖီတစ်ခွက်ကို ၃၅ ဒေါ်လာကနေ ဒေါ်လာ ၁၀၀ လောက်ပေးပြီး သောက်နေကြပါတယ်။ ဟင် - ကြောင်ချေး ? ဟုတ်ပါတယ် ကြောင်ချေးပါ။ ကော်ဖီခြံတွေမှာရှိတဲ့ တောကြောင်ကတိုးတွေက ကော်ဖီသီးကိုစားလိုက်တဲ့အခါ အစာအိမ်ထဲမှာ အစာခြေရင်း အချဉ်ပေါက်ပြီး ကော်ဖီစေ့တွေထဲကိုအမိုင်နိုနှစ်ဆပါဝင်တဲ့ ဓာတ်တစ်မျိုးစိမ့်ဝင်သွားပါတယ်။ လူတွေက အဲဒီကြောင်တွေ ပြန်လည်စွန့်ပစ်လိုက်တဲ့အညစ်အကြေးတွေ(ချေး)ကို အမှုန့်ကြိတ်ပြီး ပြန်ဖျော်တာပါ။ ဒီလိုနည်းနဲ့ အနံ့အရသာ ပိုမိုကောင်းမွန်ပြီး ပြည့်ဝတဲ့ Aroma ကြောင်ချေးကော်ဖီကိုရရှိလာပါတော့တယ်။
 ကြောင်ချေးဖျော်ရည်ကို Cat poop coffee လို့ခေါ်ပြီး Kopi Luwak လို့လည်းခေါ်ကြပါတယ်။ အင်ဒိုနီးယားရှားနိုင်ငံ ဆူမားတြားကျွန်းမှာ အများဆုံးထုတ်လုပ်ရောင်းချပြီး ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာလည်းထုတ်လုပ်ပါတယ်။ ကြောင်ချေးကော်ဖီတစ်ခွက်တန်ဖိုးဟာ ၃၅ ဒေါ်လာကနေ ဒေါ်လာ၁၀၀ ကြား ရှိပါတယ်။ အမှုန့်ကြိတ်ပြီးသား ကြောင်ချေးကော်ဖီမှုန့် တစ်ပေါင်ကို ဒေါ်လာ ၁၀၀ ကနေ ၆၀၀ ကြား ရောင်းချပြီး တစ်ကီလိုကို ဒေါ်လာ၃၀၀၀ လောက်တန်တာကြောင့် ကြောင်ချေးကော်ဖီဟာ ကမ္ဘာ့ဈေးအကြီးဆုံးကော်ဖီအဖြစ် ရပ်တည်လျှက်ရှိပါတယ်။ တစ်နှစ်ကို ကြောင်ချေးကော်ဖီ ပေါင် ၅၀၀ ကနေ ၁၀၀၀ ကြား ထုတ်လုပ်ပါတယ်။ ကြောင်ချေးကော်ဖီကို အများဆုံးသောက်သုံးကြတဲ့သူတွေကတော့ အာရှတိုက်သားတွေဖြစ်တဲ့ ဂျပန်၊ ထိုင်ဝမ်နဲ့ တောင်ကိုရီးယားလူမျိုးတွေ ဖြစ်ပါတယ်။
Mawlamyine Daily
Ref: Wikipedia
Saturday, 28 May 2016
တညင်းသီးဟာ စားစရာ မဟုတ်ပါ
တညင်းသီးဟာ စားစရာ မဟုတ်ပါ
တညင်းသီးကို English လို Djenkol Bean လိုခေါ်ပြီး၊ သူ့ရဲ့ Scientific name ကတော့ Pithecolobium -lobatum လို့ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ့ ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ့မှာ ပါဝင်တာကတော့ လူကို ဒုက္ခပေး နိုင်တဲ့ အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ့
အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင့်တတ်တဲ့
အစားအစာ တစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင့် တာကို Djenkilism လို့ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော့ ကျောက်ကပ် နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ့အထိ
ဖြစ်နိုင်တာပါပဲ။
တညင်းသီးပေါတဲ့ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွှေကျင်နဲ့ သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင့်မှု အများဆုံးတွေ့ရပါတယ်။ ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင့်မှု
ကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင့် အဆိပ်သင့်တဲ့အခါ ဆေးရုံ တက်ရောက်ပြီး
စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို့ လမ်းပိုများတယ်လို့ဆိုပါတယ်။
အဆိပ်သင့်ခြင်း
တညင်းသီးအဆိပ်ရဲ့ ဖွဲ့စည်းပုံမော်လီကျုးကတော့ အပ်ချောင်းပုံလေးတွေကို ပုတီးသီသလိုသီထားတဲ့
ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီးတစ်ခုနဲ့တစ်ခုအလွယ်တကူချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို့
ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင် အသည်းကပျက်ပြယ်အောင်လုပ်ပေးပါတယ်။ ကျောက်ကပ်
ကတော့ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။ တညင်းသီးစားလိုက်ရင် ပါဝင်တဲ့ အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ့ အခါ အသည်းကိုရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ့ အဆိပ်တွေကို ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့်
တညင်းသီးမှာပါတဲ့ အဆိပ်ကိုတော့ ပျက်ပြယ်အောင်မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီအခါ ကျောက်
ကပ် ကနေစွန့်ထုတ်ဖို့ကြိုးစားရပါတယ်။
ဒါပေမယ့် တညင်းသီးအဆိပ်မော်လီကျုးရဲ့ တည်ဆောက်ပုံကြောင့် ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို့
တတ်ပါတယ်။ နောက်ပြီးအပ်ချောင်းပုံ အဆိပ်မော်လီကျုးတွေကထိုးလို့ သွေးကြောလေးတွေ
ပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ့ အခါဆီးလမ်းကြောင်းပိတ်ပြီး ဆီးလုံးဝသွားလို့ မရဖြစ်လာပါမယ်။ ကျောက်ကပ်
နှစ်ခုစလုံးက ဆီးမထွက်နိုင်လို့ တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ
Urea နဲ့ အဆိပ်အတောက်တွေများလာပြီး ဆေးရုံကိုအချိန်မီ တက်ရောက်ကုသမှု မခံယူရင် အသက်သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း (Acute renal failure) လို့ခေါ်ပါတယ်။ ကျောက်ကပ်သန့်စင်စက် (Renal dialysis) နဲ့ အချိန်မီကုသ နိုင်မှသာ အမြန်ဆုံး
သက်သာမှာ ဖြစ်ပါတယ်။
တညင်းသီးစားမယ်ဆိုရင်
တညင်းသီးမှာပါတဲ့ အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ့အဆိပ်မျိုးဖြစ်ပါတယ်။
ပျော်ဝင်နှုန်းက ၀.၅% သာဖြစ်ပါတယ်။ တညင်းသီးကို ပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာ
ပျော်ဝင်ပြီးပြည့်ဝသွားတဲ့ အတွက် အဆိပ်တွေထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင့် ရေနဲ့ပြုတ်တဲ့
အခါ တစ်ကြိမ်တည်းနဲ့ မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ့
ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်ပြီတဲ့ ရေတွေကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ့ ထပ်ပြုတ်ရမှာပါ။ ဒါဆို
ရင်တော့ အန္တရယ်တော်တော်လျော့သွားမှာပါ။ တညင်းသီး အဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင့်ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို့များ မီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော့
100% ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။
တညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီးစာရင်တော့ အဆိပ်တွေတော်တော်လေး လျော့နည်းသွား တယ်လို့ဆိုပါတယ်။ တညင်းသီး အဆိပ်ဟာ ဆားရည်မှာအလွယ်တကူ ပျော်ဝင်ပါတယ်။ သိပ္ပံနည်း
အရ pH များလေလေ ပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။ အနံ့ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း
တညင်းသီးစားပြီးတဲ့အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ့ဆိုးတာတွေဟာခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို့ ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ့ ပတ်သက်ပြီး WHO (1970),South East Journal of Tropical Medicine (1978) စသဖြင့်ထုတ်ပြန်ရေးသားထားတာတွေလည်းရှိပါတယ်
လို့ဆိုတယ်။ ဒါကြောင့် စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ့ဆိုး
ပေတဲ့ ဒီလို အသီးကို အားလုံး တတ်နိုင်သမျှတော့ မစားသင့်ဘူးလို့ထင်ပါတယ်။
ဒေါက်တာ ခင်မောင်လွင်ဆီမှ
kuantan min yar zar
Sunday, 15 May 2016
မိတ်ဖုအတွက် ခရေပွင့်ခြောက်
မိတ်ဖုအတွက် ခရေပွင့်ခြောက်
ဒီဆေးနည်းကတော့ အားလုံးသိပြီးသား ဖြစ်မှာပါ။ လူကြီးများလည်း မကြာခဏ ပြောဖူးကြသလို အလွန်လွယ်ကူရိုးရှင်းပြီး တကယ်လက်တွေ့ ပျောက်ကင်းတာကြောင့် လူအများကလည်း လက်ဆင့်ကမ်း မျှဝေပေးနေကြတာ ဖြစ်ပါတယ်။
နွေရာသီမှာ ကလေး၊ လူကြီးမရွေး အပူကြောင့် မိတ်ပေါက်ကြပါတယ်။ နွေရာသီမှာပေါ်တဲ့ ရောဂါကို သူ့ရာသီမှာပဲ ပေါ်တတ်တဲ့ ခရေပွင့်ခြောက်နဲ့ပဲ ပြန်ကုသပေးလိုက်တာနဲ့ သက်သာပျောက်ကင်းစေပါတယ်။
(၁) ခရေပွင့်ခြောက်ကို သဘာဝသနပ်ခါးတုံးနဲ့ ကျောက်ပြင်မှာသွေးပြီး မိတ်ပေါက်တဲ့နေရာမှာ ခပ်ထူထူ လိမ်းပေးပါ။
(၂) သနပ်ခါးတုံးမရှိပါက ခရေပွင့်ခြောက်ကို သွေးပြီး ဆားအနည်းငယ်ထည့်၍ လိမ်းပေးပါ။ တစ်နေ့ကို ၃ကြိမ်ခန့် လိမ်းနိုင်ပါတယ်။
ကလေးများကိုလည်း လိမ်းပေးနိုင်ပါတယ်။ သဘာဝဆေးစစ်စစ်ဖြစ်တာကြောင့် ဘာအန္တရာယ်မှ မဖြစ်စေပါဘူး။ ခရေပင်ဟာ အသီး၊ အရွက်၊ အပွင့်၊ အခေါက်၊ အမြစ် အကုန်လုံး ဆေးဖက်ဝင်ပါတယ်။
လူသားအားလုံး ကျန်းမာချမ်းသာကြပါစေ။
စောနွဲ့ နေဆိုင် - ပူတာအို
အစွမ်းထက် သဘာဝဆေးနည်းများ
.
ပြန်လည် မျှဝေခြင်း
kuantan min yar zar
Tuesday, 10 May 2016
ရိပ်ခနဲ ရိပ်ခနဲ မူးသွားတာ ဘာကြောင့်လဲ ... ? -----------
ရိပ်ခနဲ ရိပ်ခနဲ မူးသွားတာ ဘာကြောင့်လဲ ... ?
-----------
ထိုင်နေရာကနေ ရုတ်ခနဲ ထလိုက်ရင် ရိပ်ခနဲ မိုက်ခနဲ ခေါင်းမူးပြီး လူက ယိုင်သွားတာမျိုး လူအတော်များများ ကြုံဖူးကြ လိမ့်မည်။ ထိုသို့ ဖြစ်ခြင်း သည် သိပ်မစိုးရိမ် လောက်သော ကျန်းမာရေး ပြဿနာ ဖြစ်သော်လည်း သူ့နောက် ဆက်တွဲများကား စိုးရိမ်စရာရှိ သဖြင့် ထိုသို့ ဖြစ်ပါများလာ လျှင်တော့ မပေါ့ဘဲ ဂရုစိုက်ကြဖို့ လိုမည်။
အဲဒီလိုဖြစ်တာဟာ ခန္ဓာကိုယ် စနစ်မှာ တစ်ခုခု မှားနေပြီ ဆိုတာ ပြလိုက်တာပဲ ဟု အမေရိကန် နယူးဂျာစီ ပြည်နယ် ချက်စတာမြို့ရှိ ဆဖိုင်းယား အမျိုးသမီး ကျန်းမာရေး စင်တာမှ ဒေါက်တာ ဒေါ်နီကာမိုးက ပြောသည်။ အထူးသဖြင့် အသက်ကြီးသူ များမှာ ဖြစ်တတ်သည်။ ဆေးဝါးများ သောက်သုံး ရာမှ ဘေးထွက် ဆိုးကျိုး ဖြစ်တတ် သလို၊ အသက်ကြီး လာလို့ ခန္ဓာကိုယ်မှာ အပြောင်းအလဲ ဖြစ်လာ ခြင်းကြောင့်လည်း မိုက်ခနဲ မူးခနဲ ဖြစ်သွား တာမျိုး ကြုံရတတ်သည်။
မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်း သက်သက်ကား သိပ်စိုးရိမ်စရာ မရှိသော်လည်း အမြင့် တစ်နေရာရာတွင် ရပ်နေချိန် မိုက်ခနဲ ဖြစ်သွားပါက ပြုတ်ကျခြင်းကြောင့် ထိခိုက် ဒဏ်ရာရခြင်း မှသည် အသက် အန္တရာယ် ထိပါ စိုးရိမ်ရသည့် နောက်ဆက်တွဲများ ကိုကား သတိထားရမည်ဟု ဒေါက်တာ မိုးက ပြောသည်။
မူးခနဲ မိုက်ခနဲ ဖြစ်သွားလျှင် ဦးဆုံး လုပ်ရန်ကား ထိုင်ချလိုက်ဖို့ ဖြစ်သည်။ သို့မှသာ လဲကျ သွားခြင်းကို ကာကွယ်နိုင်မည်။ မလုပ်သင့်ဆုံး ကား မူးခနဲ မိုက်ခနဲ ဖြစ်သွားပြီး မကြာခင်မှာပင် ကားမောင်းခြင်းမျိုး ဖြစ်သည်။ ကိုယ်က စိုးရိမ်လို့ ကိုယ်တိုင် ကားမောင်းပြီး ဆေးရုံသွားဖို့ ကြိုးစားမည်ဆို လျှင်ပင် ဆေးရုံမရောက်ဘဲ လမ်းမှာ ယာဉ်မတော်တဆ ဖြစ်ခြင်းမျိုး ကြုံရ နိုင်သည်။ ဘာကြောင့် မူးခနဲ မိုက်ခနဲ ဖြစ်သွားရသနည်း။ အကြောင်းရင်း ခုနစ်ချက်ကို ဖော်ပြ ပါမည်။
၁။ ခန္ဓာကိုယ် ရေဓာတ် ခန်းခြောက်နေခြင်း။
နေပူအောက်မှာ လျှောက်ပါများခြင်း၊ ခရီးဝေး ကားထိုင်စီးနေ ရခြင်း၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းများ အပြင်းအထန် လုပ်ခြင်း၊ အလုပ်တွေ ရှုပ်လွန်းသဖြင့် စားဖို့၊ သောက်ဖို့ပင် အချိန်မပေးနိုင်ခြင်း တို့ကြောင့် လူသည် ရေဓာတ်ခန်းခြောက် သွားတတ်သည်။ ထိုသို့ ဖြစ်နေစဉ်တွင် ရုတ်တရက် ထလိုက်ပါက မူးခနဲ မိုက်ခနဲ ဖြစ်သွား ရတော့သည်။
ကုသနည်း - ခေါင်းတွေ ချာချာလည်၊ အခန်းကြီးက ချာချာလည် ဖြစ်နေပါက ရေနည်း နည်းချင်း သောက်ပါ။ လိမ္မော်ရည်လို၊ သံပုရာရည် လိုမျိုး သောက်နိုင်ရင် ပိုကောင်းသည်။ ဖျော်ရည်များ သောက်ခြင်းဖြင့် သကြားဓာတ်ကိုပါ ရရှိ သဖြင့် ခွန်အားကိုပါ ဖြစ်စေသည်။ ထိုသို့ သောက်ပြီးသည်နှင့် ကိုယ်အခြေအနေ ကောင်းလာလား စောင့်ကြည့်။ သွေးတွင်း သကြားဓာတ် ပါဝင်မှု နည်းနေ လျှင်လည်း လူသည် အားနည်းကာ မူးခနဲ မိုက်ခနဲ ဖြစ်တတ် သည်။ ဖျော်ရည်ထဲတွင် ပါသော သကြားဓာတ်သည် သွေးတွင်း သကြားပမာဏကို မြှင့်တင်ပေးနိုင် သဖြင့် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းမှ ပြန်ကောင်း လာအောင် ကူပေး နိုင်သည်။ ထိုသို့ သောက်ပြီး (၁၀) မိနစ်၊ (၁၅) မိနစ် လောက်နေလို့မှ မသက်သာလျှင် ဆရာဝန်ကို ခေါ်ကာ ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်သည်။
၂။ အသက်ကြီးလို့ မူးဝေခြင်း။
အသက်ကြီး လာသည့် အခါ နားထဲတွင် ရှိသော အရည်ကြည်များ လှုပ်ရမ်းမှုကြောင့်လည်း မူးခနဲ မိုက်ခနဲ ဖြစ်တတ်သည်။ အသက် (၅၀) ကျော် လာလျှင် အိပ်နေရာမှ ရုတ်တရက် ထလိုက်လျှင် မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်းတွင် အဓိက လက်သည်မှာ ထိုသို့ နားထဲမှ အရည်ကြည် များကြောင့် ဖြစ်ကြောင်း ဒေါက်တာမိုးက ပြောသည်။ လှဲအိပ်နေချိန်တွင် ဦးခေါင်းကို ထားသည့် ပုံစံပေါ်တွင်လည်း မူတည်ပြီး ဖြစ်တတ်သည်။ အချို့သော ပုံစံမျိုးဖြင့် ခေါင်းချ လှဲအိပ်ပြီး ထလိုက်လျှင် မူးခနဲ မိုက်ခနဲ မဖြစ်သော်လည်း အချို့သော ပုံစံမျိုးဖြင့် အိပ်ပြီး ထလျှင်ကား ဖြစ်တတ်သည်။ လူတစ်ဦးနှင့် တစ်ဦး ကွာခြားတတ်သည်။ သို့ဖြစ်ရာ မိမိကို မမူးစေသော ပုံစံဖြင့် ရွေးချယ် အိပ်စက် ဖြစ်အောင်လည်း သတိထား ရမည်။ မည်သို့ပဲ လုပ်လုပ် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းက မပျောက်ဘူး ဆိုလျှင် ဆရာဝန်နှင့် ပြသဆွေးနွေးသင့်သည်။
ကုသနည်း - ထလိုက်လျှင် မူးခနဲ မဖြစ်စေမည့် ဦးခေါင်း ထားသည့် ပုံစံမျိုး လုပ်ကြည့်သည့်တိုင် ဆက်ပြီး မူးဆဲ ဆိုပါက အမူးပျောက်အောင် ရည်ရွယ် ဖန်တီးထားသည့် တရားထိုင်နည်း ပုံစံများကို ဆရာဝန်နှင့် တိုင်ပင်ပြီး စမ်းသပ်ကြည့် သင့်သည်။
၃။ မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းသည် အသေးစား လေဖြတ်ခြင်း၏ ရှေ့ပြေး လက္ခဏာ။
ထိုင်ရာက ထလိုက်ချိန်၊ လှဲနေရာက ထလိုက်ချိန်များတွင် မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်းသည် စိုးရိမ်လောက်သော ကျန်းမာရေး ပြဿနာ မဟုတ်သော်လည်း ထိုသို့ မူးခနဲ မိုက်ခနဲ ဖြစ်ချိန်မျိုးတွင် ခန္ဓာကိုယ် တစ်ခြမ်းတည်း နာကျင်ခြင်းမျိုး၊ တစ်ခြမ်းဆွဲ သွားခြင်းမျိုး၊ ခြေလက် လှုပ်ရှားမှုကို မထိန်းနိုင်တော့ ခြင်းမျိုး၊ ခေါင်းတအား ကိုက်တတ်လာခြင်းမျိုး၊ စကားသံ မပီတော့ခြင်းမျိုးပါ တွဲပြီး ဖြစ်လာ လျှင်ကား ထိုလက္ခဏာသည် လေဖြတ်မည့် ရှေ့ပြေး လက္ခဏာ ဖြစ်သည်။ ကျွမ်းကျင်သူ ဆရာဝန်နှင့် တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု အမြန်ဆုံး ခံယူ သင့်သည်။
ကုသနည်း - လေဖြတ် နိုင်ခြေ ရှိကြောင်း စစ်ဆေး တွေ့ရှိရပါက ကြိုတင် ကာကွယ်သော အားဖြင့် သွေးခဲပြီး သွေးကြော ပိတ်ခြင်းကို ကာကွယ်နိုင်မည့် ဆေးမျိုး၊ သွေးပေါင်ချိန် ကျစေသမည့် ဆေးမျိုးကို ဆရာဝန် ညွှန်ကြားချက်ဖြင့် သောက်သုံးရမည်။ လေဖြတ်နိုင်ခြေ အမျိုးအစားပေါ် မူတည်ပြီး နောက်ထပ် ပြည့်စုံသော ကျန်းမာရေး စစ်ဆေး ကုသမှုများ ကြိုတင် ခံယူရမည်။
၎။ ဆေးတွေ သောက်ခြင်း ဘေးထွက် ဆိုးကျိုးအဖြစ် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်း။
ဆေးကတ်တွေ၊ ဆေးဘူးတွေမှာ ဖော်ပြထားသော ဘေးထွက် ဆိုးကျိုး သတိပေးချက်များ ထဲတွင် ထိုဆေးသောက်လျှင် ဘေးထွက် ဆိုးကျိုး အဖြစ် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းမျိုး ကြုံရနိုင်သည်ဟု ဖော်ပြ ထားခြင်းမျိုးကို တွေ့နိုင်သည်။ သို့ဖြစ်ရာ မိမိ ကလည်း တစ် လောကမှ ရောဂါ တစ်ခုခုကြောင့် ဆေးဝါး တစ်မျိုးမျိုးကို မှီဝဲနေရသည် ဆိုပါက မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းသည် ထိုဆေးဝါးများနှင့် ပတ်သက် နေနိုင်သည်။ သက်ဆိုင်ရာ ဆရာဝန်နှင့် ပြသပြီး ဆေးပြောင်း သောက်သင့်လား၊ ဆေးသောက်တာ လုံးဝ ရပ်ပစ်သင့်လား စဉ်းစားဆုံးဖြတ်ရမည်။
သွေးတိုး၊ သွေးကျဆိုင်ရာ ဆေးဝါးများသည် မူးခနဲ မိုက်ခနဲ ဖြစ်စေသည့် အဓိက လက်သည် ဆေးဝါးများ ဖြစ်သည်။ ဆေးသောက် လိုက်ပြီး နောက်ပိုင်း သွေးအလွန်အမင်း တိုးသွားခြင်းမျိုး၊ ကျသွားခြင်းမျိုး မဖြစ်အောင် ဂရုပြုရမည်။
ကုသနည်း - ကိုယ်သောက်သုံးသည့် ဆေးဝါး သမိုင်းကြောင်း အပြည့်အစုံကိုပါ ဆရာဝန်ကို ပြောပြကာ မိမိ မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းနဲ့ ထိုဆေးဝါးများနဲ့ သက်ဆိုင်မှု ရှိမရှိ မေးမြန်း လမ်းညွှန်ချက် ခံယူပါ။ ဆေးကို နည်းနည်းလောက် ပြောင်းလိုက်ခြင်းမျိုး၊ မလိုတာများ လျှော့သောက်လိုက်ခြင်း မျိုးသည် မိမိကို မူးခနဲမိုက်ခနဲရန်မှ သက်သာရာ ရစေနိုင်သည်။
၅။ သွေးတွင်း သံဓာတ်လျော့နည်းနေခြင်း။
သွေးထဲမှာ သံဓာတ်လျော့နည်းနေပါ က လူသည် အားကုန်နေ တတ်သည်။ အလို လိုနေရင်း စိတ်လည်း ပင်ပန်းနေ တတ်သည်။ ပြီးလျှင် မူးခနဲ မိုက်ခနဲလည်းပိုပြီး ဖြစ်တတ်သည်။
ကုသနည်း - ထိုအခြေအနေမျိုးတွင် သွေးဖောက်စစ်ကာ သွေးတွင်း သံဓာတ် နည်းလာ များလား စစ်ဆေးရမည်။ ရလဒ်ကို သိလာသည့်အခါ ဆရာဝန် အနေဖြင့် သွေးတွင်း သံဓာတ်အားကောင်း လာအောင်ဆေးဝါးများ ညွှန်ကြားပေးနိုင်သည်။ သွေးတွင်း သံဓာတ် အားကောင်းလာသည့် အခါ မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းလည်း အလိုလို သက်သာ လာမည်။
၆။ သွေးတွင်း သကြားဓာတ် နည်းပါး နေခြင်း။
သွေးတွင်း သကြားဓာတ်နည်း နေသည့် အခါ လူသည် ချွေးထွက်လွန်၊ ဂဏာမငြိမ် ဖြစ်လာ တတ်သည်။ စိတ်လည်း ဂယောက် ဂယက် ဖြစ်လာ တတ်သည်။ သွေးပေါင်လည်း ကျသွားကာ နောက်ဆုံးတွင် လုံးဝ မူးလဲသွားသည့် အဆင့်ထိ ရောက်သွားရသည်။ အလုပ် အလွန်အကျွံ လုပ်ခြင်း၊ အလွန် အမင်းစိတ်အား လူအားစိုက်ခြင်း၊ တစ်နေ့လုံး နီးပါးရေနှင့် အစားအသောက် မဆိုသလောက် သာ စားသောက်ပြီး အလုပ်ချည်း ဖိလုပ် နေခြင်းများကြောင့် သွေးတွင်း သကြားဓာတ် အလွန်အမင်း ကျဆင်းသွားရတတ်သည်။
ကုသနည်း - အချိုဓာတ်ပါတာတွေ စားပေးပါ။ အချိုရည် တစ်မျိုးမျိုး သောက်ပါ။ အရေးပေါ် အခြေအနေမျိုးတွင် သကြားကို ဖျော်သောက်ခြင်းသည် လည်း အသုံးဝင်သည်။ လိုအပ်ပါက သကြားလုံးကိုပင် ငုံထားသင့်သည်။ သို့မှသာ သွေးတွင်း သကြားဓာတ် မြန်မြန်ပြန်ပြည့်ကာ လူသည် ပြန်ကြည်လင် လာမည် ဖြစ်သည်။
၇။ သွေးပေါင်ကျ ခြင်းကြောင့်လည်း မူးခနဲ မိုက်ခနဲ ဖြစ်တတ်သည်။
အပေါ်သွေး (၁၀၀) အောက်၊ အောက်သွေး (၆၀) အောက်ကျ သွားလျှင်ကား သွေးပေါင်ကျနေ ပြီဟု သတ်မှတ်နိုင်သည်။ ထိုအခါ လူသည် အားအင် နည်းပါးကာ ရုတ်တရက် ထလိုက်လျှင် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းမျိုးနဲ့ ကြုံရနိုင်သည်။
ကုသနည်း - အခြေအနေပေါ် မူတည်ပြီး ကုသနည်း ကွဲပြား နိုင်သည်။ ဆရာဝန်က ဆားဓာတ် များများ စားပေးဖို့ ညွှန်ကြားချင် ညွှန်ကြားနိုင် သလို၊ သွေးပေါင်ချိန် ပြန်တက် လာစေရန်အတွက် ရေများများ သောက်ဖို့လည်း ညွှန်ကြားလေ့ရှိသည်။
မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းသည် ကျန်းမာရေး အတွက် အဓိက စိုးရိမ်စရာကြီး မဟုတ်သော်လည်း နောက်ဆက်တွဲ အနေဖြင့်-လုံးဝ မူးလဲကာ၊ ဘာကိုမှ မမှတ်မိတော့လောက်အောင် ဖြစ်ခြင်း၊ ရင်ဘတ်ပါ အောင့်လာခြင်း၊ ခေါင်းတွေ တအား ထိုးကိုက်လာခြင်း၊ အမြင်တွေ မှုန်ဝါး၊ စကားပါမပီ ဖြစ်လာခြင်း ၊နားကပါ ဘာမှ မကြားနိုင်အောင် ဖြစ်လာခြင်းမျိုး ကြုံလာလျှင်တော့ ဆရာဝန်နှင့် အမြန်ဆုံး ပြသကာ ကုသမှု ခံယူရမည်။
Ref: Reasons You Get Dizzy (Grandparents.com)
Win Oo - မြန်မာတို့ အတွက်မြန်မာ့ ဆေးမြီးတိုများ
ပြန်လည်မျှဝေခြင်း
ကွမ်တန်း မင်းရာဇာ
Tuesday, 26 April 2016
အသဲ ကို ဂရုစိုက်ပါ
---------------------
ည သန်းခေါင်းယံ ဖေ့ဘွတ်သုံးသူများ သို့
-----------------------------------------------
ည 11း00 - 3း00 နာရီ အသဲ က အလုပ်လုပ်ပါတယ်။
အသဲ က ခန္ဒာကိုယ်မှ ရှိတဲ့ အဆိပ်အတောက်တွေကို
ညှိ့ပြီး စွန့်ထုတ်တာ ဖြစ်တယ် ။
အဲဒီအချိန်မှာ မအိပ်ရင် အလုပ်မလုပ်တော့ပါဘူး တဲ့ ။
ရေရှည် အိပ်ရေးပျက်ခံရင် အသဲ မကောင်းတော့ပဲ ။
ကျန်းမာရေး ညံ့တတ်ပါတယ်။
အသဲ မကောင်းရင် ခန္ဒာကို ရဲ့ ဇီဝကမ ဖြစ်စဉ် တွေ ကမောက်ကမ ဖြစ်တတ်ပါတယ်။
အလာဂျစ် (ဓါတ်မတည့်ခြင်း) လည်း ဖြစ်တတ်ပါတယ်။
ကိုယ်လက် နာကြင် ကိုက်ခဲ့တတ်ပါတယ်။
ရင်ခေါင်းအောင့်အောင့်တတ်ခြင်း တို့ဖြစ်တတ်ပါတယ် တဲ့ ။
အဲဒါကြောင့်
ကျန်းမာရေး ကောင်းချင်ရင် ည 11း00 နာရီ နဲ့ 3း00 နာရီ ကြားမှာ အိပ်သင့်ပါတယ်။ တဲ့ ခင်ဗျာ ။
မနက် 8း00 နာရီ မကျော်မှိ အစာအဟာရ တစ်ခုခုစားသင့်ပါတယ်ခင်ဗျာ။
အဲဒီ အချိန်အထိ အစာမစားပဲ အလုပ်လုပ်နေရင်လည်း အသဲ ကို
ထိခိုက်တတ်ပါတယ် တဲ့ ဗျာ ။
Credit>> Sayar Htun
Tuesday, 19 April 2016
ဆေးလိပ်သမားများအတွက် နီကိုတင်းကို ရှင်းပေးမယ့် အစားအစာ ၉ မျိုး
ဆေးလိပ်သမားများအတွက် နီကိုတင်းကို ရှင်းပေးမယ့် အစားအစာ ၉ မျိုး
ဆေးလိပ်သောက်တဲ့ သူတွေကို ဖြတ်လို့မရအောင် စွဲလမ်းစေတာက နီကိုတင်း ဓာတ်ပါ။ ဆေးလိပ် စီးကရက် သောက်ရာကနေ ထွက်ပေါ်လာတဲ့ အဲဒီ နီကိုတင်းဓာတ်က ရှေးနှစ်ပေါင်း များစွာကတည်းက ယနေ့တိုင် လူတွေကို မူးယစ်စွဲလမ်းစေတဲ့ အပြင် အာရုံကြောနဲ့ ကြွက်သားတို့ရဲ့ ဆဲလ်တွေ ပုံမှန် လှုပ်ရှားမှုကိုလည်း အဟန့်အတား ဖြစ်စေပါတယ်။ ဆေးရွက်ကြီး မီးလောင်ရာကနေ ဖြစ်လာတဲ့ နီကိုတင်းဓာတ်ကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ လေဖြတ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
ဆေးလိပ်ကြောင့် ကျန်းမာရေး ထိခိုက်စေတယ်လို့ ဆေးပညာရှင်တွေက သက်သေအခိုင်အမာ ပြပေမယ့်လည်း လူတွေကတော့ ဆေးလိပ်ကို သောက်နေကြဆဲပါပဲ။ တချို့ဆို ဆေးရွက်ကြီးတွေကို ကွမ်းထဲမှာတောင် ထည့်ငုံပြီး နီကိုတင်းကို စားသုံးနေတာ တွေ့နိုင်ပါတယ်။ အဲဒီလို ကိုယ်ခန္ဓာထဲက နီကိုတင်းတွေ ဖယ်ရှားပေးနိုင်တဲ့ အစားအစာ တချို့ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။
ပန်းဂေါ်ဖီစိမ်းHealth, နီကိုတင်း
ဘရိုကိုလီလို့ ခေါ်တဲ့ ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် ဘီ ၅ နဲ့ စီ၊ ဘီ စတဲ့ ဗီတာမင်တွေ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် သင့်ရဲ့ ခန္ဓာကိုယ်အတွင်း အရေးကြီးတဲ့ လုပ်ဆောင်မှုတွေကို အားကောင်းစေပါတယ်။ ဗီတာမင် ချို့တဲ့နေရင်တော့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်တုံ့ပြန်မှုက အားကောင်းမှာ မဟုတ်ပါ။ ဘရိုကိုလီကို စားသုံးခြင်းဖြင့် ဗီတာမင် စီက ကိုယ်တွင်း အစာချက် လုပ်ငန်းနဲ့ ကြီးထွားမှု၊ စွန့်ထုတ်မှုတွေနဲ့ သက်ဆိုင်တဲ့ ဓာတုဇီဝ ဖြစ်ပျက်မှုတွေကို ထိန်းညှိပေးတဲ့ အပြင် အဆုတ်ကို ဖြစ်စေတဲ့ အဆိပ်အတောက်တွေကိုလည်း ကာကွယ်ပေးပါတယ်။ ဘရိုကိုလီမှာ မျိုးစေ့ဗီဇ  NRF2 ပါဝင်ပြီး၊ ယင်းက အဆုတ်ရဲ့ သွေးကြောဆဲလ်တွေကို ကာကွယ်ပေးတာ ဖြစ်ပါတယ်။
လိမ္မော်သီး၊ ရှောက်သီးနဲ့ သံပုယိုသီး
လိမ္မော်သီး၊ ရှောက်သီးနဲ့ သံပုယိုတွေဟာ သံပုရာမျိုးဝင် အပင်တွေ ဖြစ်ပြီး ယင်းတို့ကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ထဲက နီကိုတင်း ဓာတ်တွေကို လျော့နည်းဖယ်ရှားပေးပါတယ်။ ပြီးတော့ ယင်းမှာပါတဲ့ ဗီတာမင် စီက ဆေးလိပ် သောက်သုံးတာက ဖြစ်လာတဲ့ နီကိုတင်း တောင့်တမှု၊ နီကိုတင်း အငမ်းမရ ဖြစ်မှုတွေ နည်းပါးလျော့ကျစေပါတယ်။
ဟင်းနုနွယ်ရွက်
ဟင်းနုနွယ်ရွက်မှာ ဖောလစ်အက်ဆစ် သို့မဟုတ် ဗီတာမင် ဘီ ၉ ပါဝင်ပြီး ဟင်းနုနွယ် စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ထဲက နီးကိုတင်းဓာတ်ကို ဖယ်ရှားပေးတယ် ဆိုတာ လူသိများပါတယ်။ နီကိုတင်းဓာတ်က ဆေးလိပ်သောက်သူများ ခံစားရလေ့ရှိတဲ့ အိပ်စက်တဲ့အခါ အသက်ပြင်းပြင်းရှူခြင်းကို အဟန့်အတားဖြစ်၊ အသက်ရှူကြပ်စေပါတယ်။ ဖောလစ်အက်ဆစ်က အဟန့်အတား ဖြစ်စေတဲ့ နီကိုတင်းကို ရှင်းထုတ်ဖယ်ရှားတဲ့ အပြင် နီကိုတင်း စွဲလမ်းစိတ်ကို ဖြေဖျောက်ပေးပါတယ်။
ဂျင်း
ဆေးလိပ်သောက်သုံးမှုကြောင့် ဖြစ်လာတဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို ဂျင်းက ဖယ်ရှားပေးပါတယ်။ ဂျင်းကို အစိမ်းလိုက် စားသုံးခြင်းဖြင့် နီကိုတင်း စွဲလမ်းစိတ်ကို ပြေလျော့စေပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးတဲ့ အပြင် သွေးလည်ပတ်မှုကို အဟန့်အတားဖြစ်စေတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ခန္ဓာကိုယ်တွင်းက နီကိုတင်းဓာတ် ဖယ်ရှားဖယ်ထုတ်ပေးဖို့ ဂျင်းက အကောင်းဆုံးပါပဲ။
Kuantan Min Yar Zar
Thursday, 14 April 2016
ထမင်းကောင်းတစ်အိုးရဲ့လျို့ဝှက်ချက်များ -------
ထမင်းကောင်းတစ်အိုးရဲ့လျို့ဝှက်ချက်များ
-------
၁ ။ ရှာလကာရည်
ထမင်းချက်ရာတွင်ရှာလကာရည်တစ်စက်နှစ်စက်ထည့်ပေးရုံဖြင့်အနံ့အရသာကို
ပိုမိုထင်ပေါ်မွှေးပျံ့စေသည့်အပြင်ရာသီဥတုအလွန်ပူပြင်း၍ထမင်းသိုးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။
၂ ။ ဘီယာ
ဆန်ဟောင်းများအထားကြာသွားပြီးချက်ပြုတ်ရာမှာအနံ့အရသာဆန်သစ်လောက်မကောင်းတဲ့ချိန်မှာ
စိတ်ပူစရာမလိုပါဘူး ၊ထမင်းချက်ချိန်မှာဘီယာအနည်းငယ်သာထည့်ပေးလိုက်ပါ
ပေါ်ဆန်းမွှေးကဲ့သို့မွှေးပျံ့တဲ့ထမင်းကိုရရှိမှာဖြစ်ပါတယ်။
၃ ။ မြေပဲဆီ
ထမင်းချက်ရာမှာဆားအနည်းငယ်နဲ့မြေပဲဆီအနည်းငယ်ထည့်ပြီးအသာမွှေပေးလိုက်ပါ
ဆန်ဖွာခြင်းမရှိပဲခံတွင်းတွေ့စေမယ့်ထမင်းကိုရရှိမှာဖြစ်ပါတယ်။
၎ ။ ဆား
လက်ကျန်ထမင်းကိုပြန်နွှေးရာတွင်ဆားအနည်းငယ်ထည့်ပေးခြင်းဖြင့်အနံ့ဆိုးများကို
ပျောက်စေမည့်အပြင်ထမင်းကိုလည်းနူးညံ့စေပါတယ်။
၅ ။ ဆန်အရက် ( အရက်ဖြူ )
ထမင်းကြော်ရာတွင်အရက်သုံးလေးစက်အနည်းငယ်ထည့်ကြော်ပေးပါက
နတ်သုဒ္ဒါပမာထမင်းအရသာကိုရရှိစေမှာဖြစ်ပါတယ်
အကယ်၍ထမင်းကျက်တ၀က်မကျက်တ၀က်အခြေနေမျိုးတွေ့ကြုံနေပါကဆန်အရက်ဇွန်းနှစ်ဇွန်းစာ
ထည့်ပြီးနွှေးပေးခြင်းဖြင့်ထမင်းကိုလုံးဝကျက်စေမှာဖြစ်ပါတယ်။
၆ ။ ရေကျက်အေး
ထမင်းချက်ရာတွင်ရေကျက်အေးဖြင့်ချက်ပေးပါကဆန်မှာပါဝင်တဲ့ဗီတာမင် B1 ဓာတ်ကို
အပြည့်အ၀ရရှိစေမှာဖြစ်ပါတယ်။
၇ ။ ကြက်သွန်မြိတ်
ထမင်းတူးသွားပါကထမင်းကြားထဲကိုကြက်သွန်မြိတ်တစ်ပင်ခဏဖုံးအုပ်ထားလိုက်ပါ
တူးနံ့များယူပစ်သလိုပျောက်သွားစေပါတယ်။
၈ ။ လက်ဖက်ရည် ကြမ်း
ရေနွေးကြမ်းကိုထမင်းချက်ရာမှာထည့်ပြီးသာမာန်အတိုင်းထမင်းရေငှဲ့ချက်လျှင်ရရှိလာတဲ့ထမင်းက
အနံ့အရသာကိုပြည့်စုံစေရုံသာမကအဟာရလည်းအလွန်ဖြစ်စေပါတယ်။
၉ ။ သံလွင်ဆီ
ထမင်းချက်ရာတွင်သံလွင်ဆီအနည်းငယ်ထည့်ပေးပါကဆန်ထဲရှိသကြားဓာတ်တိုးမြှင့်မှုကို
ထိန်းချုပ်နိုင်စေသည့်အပြင်အစာအိမ်ကို လည်းဥပါဒ်မဖြစ်စေပါဘူး
ဆီးချိုသမားများအတွက်အထူး သင့်လျော်ပါတယ်။
* အိမ်ရှင်မများအရသာပြည့်ဝတဲ့မိသားစု ထမင်းဝိုင်းလေးဖန်တီးနိုင်ကြပါစေ *
Kuantan Min Yar Zar
Monday, 11 April 2016
"ဘာကြောင့် အနောက်နဲ့ မြောက်ဘက်အရပ်တွေကို ခေါင်းပြုမအိပ်သင့်လဲ"
"ဘာကြောင့် အနောက်နဲ့ မြောက်ဘက်အရပ်တွေကို ခေါင်းပြုမအိပ်သင့်လဲ"
= = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = =  
မြောက်ဘက် ခေါင်းပြု မအိပ်ရဘူးတို့ အရှေ့ဘက် ခြေပြုမအိပ်ရဘူးတို့ တချို့မိဘ၊ ဘိုးဘွားတွေ ပြောတာ ကြားဖူးကြမှာပါ။ ဒီလိုအိပ်ရင် မကောင်းတဲ့ အိပ်မက်တွေ မက်တတ်တယ်လို့တောင် ပြောကြပါတယ်။ အများအားဖြင့်တော့ ဒါ အယူသီးတာပဲလို့ မှတ်ယူတာတွေလည်း ရှိတယ်။
ဒါကို လူသိများပေမယ့် သိပ္ပံနည်းကျ အဖြေတစ်ခုရှိတာကိုတော့ သိတာနည်းတယ်။ ကမ္ဘာကြီးမှာ သံလိုက်စက်ကွင်းတွေ ရှိတာ ကြားဖူးကြမှာပါ။ ခန္ဓာကိုယ်မှာလည်း သံလိုက်စက်ကွင်း ရှိပါတယ်။ တောင်ဘက်အရပ် ခေါင်းပြု အိပ်တဲ့အခါ ခန္ဓာကိုယ်မှာ ရှိတဲ့ သံလိုက်စက်ကွင်းရဲ့  ဦးတည်ချက်နဲ့ ကမ္ဘာ့ဝင်ရိုးစွန်းတွေရဲ့ သံလိုက်ဓာတ်တွေ တူညီပြီး ဆွဲငင်ကြတယ်။
ဒီလိုအိပ်စက်ပြီး မနက် နိုးထလာရင်တော့ ကောင်းကောင်း အနားယူလိုက်ရလို့ ကြည်လင်တဲ့ ခံစားမှုမျိုး ရရှိကြပါတယ်။ အလားတူပဲ အရှေ့အရပ်ကို ခေါင်းပြု အိပ်မယ်ဆိုရင် နေရဲ့ စွမ်းအင်ဟာ ကိုယ်ခန္ဓာကို ဖြတ်သန်းပြီး ခြေထောက်ကနေ ထွက်သွားပါတယ်။ ဒီဖြတ်သန်းမှုက သင့်ရဲ့ ဦးခေါင်းကို အေးမြကြည်လင်စေပြီး ခြေအစုံကို အနွေးဓာတ် ရစေပါတယ်။
အနောက်ဘက် ခေါင်းပြု အိပ်မိရင်တော့ အရှေ့နဲ့ ပြောင်းပြန်၊ ခေါင်းပူ ခြေအေး ဖြစ်ပြီး ကျန်ခဲ့မှာပါ။ စိတ်မအီမသာလည်း ဖြစ်စေပါတယ်။ မြောက်ဘက်အရပ် ခေါင်းပြု အိပ်မယ်ဆိုရင်တော့ ကိုယ်ထဲက သံဓာတ်တွေဟာ ဦးနှောက်ထဲမှာ ခဲပြီး စိတ်ရှုပ်ထွေး၊ ခေါင်းကိုက်တာတွေ ဖြစ်စေမှာပါ။ ဒီလိုအဖြစ်များလာရင်တော့ အယ်လ်ဇိုင်းမားတို့၊ ကြွက်သားလှုပ်ရှားမှု နှေးကွေးလာတဲ့ နာဗ်ကြောရောဂါ (ပါကင်ဆန်ရောဂါ) နဲ့ အခြား အာရုံကြောဆိုင်ရာ ရောဂါတွေ ခံစားရတတ်ပါတယ်။
ဒါကတော့ တောင်ဘက်အရပ်နဲ့ အရှေ့အရပ်ကိုပဲ ခေါင်းပြုပြီး အိပ်စက်အနားယူသင့်တယ်ဆိုတာကို သိပ္ပံနည်းကျ လေ့လာဆန်းစစ်ပြီး အတည်ပြုပေးထားတဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။
Ref: zeenews.india.com
KLT
ပြန်လည် မျှဝေခြင်း
Kuantan Min Yar Zar
Sunday, 10 April 2016
ဆန်ဆေးရေအစွမ်း
ဟော့ဖြစ်နေတဲ့ ဆန်ဆေးရေကိစ္စ
-------------------------------
ဆန်ဆေးရေကိစ္စ အခုတလောခေတ်စားနေတယ်။ ဂျာနယ်တခုမှာ ပါတဲ့ သတင်းတပုဒ်ကြောင့် ဖြစ်ပါတယ်။ တရက်ကပဲ တနင်္ဂနွေကျန်းမာရေးအမေးအဖြေ အစီအစဉ်တခုမှာ ဆန်ဆေးရေနဲ့ပက်သတ်ပြီး မေးထားတာရှ်လို့ ရေးဖို့ဖြစ်လာတယ်။ ဆန်ဆေးရေဆိုတာ ရှေးယခင်နှစ်ပေါင်းများစွာထဲက အဘိုးအဘွားတွေ သုံးစွဲခဲ့တာ ကြားဖူးကြမယ်။ အာယုဗေဒဆေးကျမ်း၊တရုတ်ဆေးကျမ်းတွေမှာလည်း ဆန်ဆေးရေရဲ့ အာနိသင်တွေရေးထားတာရှိပါတယ်။ အသားအရေလှတာ၊ ဝက်ခြံပျောက်ကင်းတာ၊ ဆံသားကို နက်မှောင်သန်စွမ်းစေတာ စသည်ဖြင့် အမျိုးမျိုးပေါ့။ တကယ်လည်း ဟုတ်ပါတယ်။
ဆံသားနဲ့ပက်သတ်ပြောရရင် Huangluo ရွာ တရုတ်မျိုးနွယ်စု တစုဖြစ်တဲ့ Yao လူမျိုးစုတွေကို ချန်ထားလို့မရပါ။ အဆိုပါ မျိုးနွယိစုဝင်တွေရဲ့ ပျမ်းမျှဆံပင်အရှည်ဟာ ၆ပေ နီးပါးရှိလို့ ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်မှာတောင် ထည့်သွင်းဖော်ပြခံရပါတယ်။ ထူးခြားချက်က အသက် ၈၀ကျော်တဲ့ထိ ဆံပင်ဖြူတာမျိုး မရှိပါဘူး။အဲလိုဆံသားတွေ နက်မှောင်သန်စွမ်းခြင်းရဲ့ နောက်ကွယ်အကြောင်းရာကို လေ့လာကြည့်တော့ ဆန်ဆေးရေကြောင့် ဖြစ်ပါသတဲ့။ ခေါင်းလျှော်တဲ့အခါ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရေနဲ့လျှော်တဲ့အတွက် ဆံသားတွေ သန်စွမ်းနေရတာဖြစ်တယ်လို့ ဆိုကြပါတယ်။
ဆန်ဆေးရေမှာ ပါဝင်တာတွေ လေ့လာကြည့်တဲ့အခါ အာဟာရဓာတ်စုံတယ်။ vitamin C, vitamin A, vitamin E စတဲ့ သဘာဝအင်တီအောက်စီးဒင့်တွေပါသလို vitamin B1, B3, B5, B6 နဲ့folic acid စတာတွေ ပါလို့ အာဟာရဓာတ်စုံတယ်။ ဆန်ဆေးရေမှာပါတဲ့ phenolic နဲ့ flavonoid ဓာတ်တွေက အရေပြားအတွက်ကောင်းမွန်တယ်။ နောက်ပြီး အရေးကြီးတဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ magnesium, selenium, iron, phosphorous, manganese စတာ တွေကြွယ်ဝစွာ ပါဝင်ပြန်တယ်။လေ့လာမှုတွေအရ ဆန်ဆေးရေမှာပါတဲ့ inositol ဓာတ်က ဆံသားကို ပြန်လည်နက်မှောင်သန်စွမ်းစေတယ်။ inositolက ခေါင်းလျှော်ပြီးနောက်ပိုင်း ဆံသားထဲထိ ဝင်ရောက်ပြုပြင်နိုင်တယ်။ နောက်ပြီး ဆန်ဆေးရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ဆံပင်အရင်းထိ အားဖြည့်ပေးတယ်။ ဆံသားကို ထူထပ်စေတယ်။
ဆန်ဆေးရေကို အာယုဗေဒဆေးနည်းအရ အရေပြား ရောင်ရမ်းနာတွေမှာ အသုံးပြုတယ်။ အစိုဓာတ်ထိန်းပေးတယ်။ အနာကျက်စေတယ်။ သွေးလည်ပတ်မှုအားကောင်းလို့ အမဲစက်တွေကို လျှော့ပါးသက်သာစေတယ်။ အရေပြားခြောက်သွေ့ရဟယားယံတဲ့အခါ သုံးနိုင်တယ်။ နှင်းခူနာနဲ့ ဝက်ခြံတွေမှာလည်း သုံးတယ်။ တချို့က နေလောင်တဲ့အခါ ဆန်ဆေးရေကို ခပ်ပါးပါးလိမ်းပေးခိုင်းတယ်။ မျက်နှာမှာလိမ်းရင် အရေးအကြောင်းကင်းစင်ပြီး အသားတင်းစေတယ်။ အသားဖြူစေတယ်။ အဝတ်တွေမှာလည်း ဒီတိုင်းပဲ။ ဆန်ဆေးရေနဲ့လျှော် မီးပူတိုက်ထားရင် တွန့်ခေါက်တာ သိပ်မရှိတော့ဘူး။ ဆန်ဆေးရည်ကို အချဉ်ဖောက်နိုင်ရင် ပိုကောင်းသေးတယ်။ အချဉ်ဖောက်တယ်ဆိုတာ အခန်းအပူချိန်မှာ နညိးနည်းချဉ်လာသည်ထိ ခပ်ကြာကြာထားလိုက်တာကို ဆိုလိုတာ။ အဲလိုထားလိုက်ခြင်းအားဖြင့် vitamin B, vitamin E, allantonin, ferullic acids, pitera ဓာတ်တွေပိုထွက်လာတယ်။ ဒီနောက်ပိုင်း အသားအရေတင်းရင်းတဲ့ ဆေးတွေမှာ piteraဓာတ်ကို အဓိကထားလာကြတယ်။ အာနိသင်က ဆဲလ်တွေကို ပြန်လည်နုပျိုစေတာ သိထားလို့ပါ။
ဆန်ဆေးရေနဲ့ ပက်သတ်ပြီး အမျိုးမျိုးသုံးတယ်။ တခ်ျု့က မျက်နှာသစ်ကြတယ်။ ရေချိုးကြတယ်။ ခေါင်းလျှော်ကြတယ်။ ဆန်ဆေးရေက အသားအရည်ကို ကြည်လင်ဝင်းပစေတာ အမှန်ပဲ။ အသားလည်း ဖြူစေတယ်။ အရေးအကြောင်းကင်းစင်စေတာမို့ ငယ်ရုပ်ဆင်တယ်ဆိုရင် မမှားပါ။ ဝက်ခြံအဆီထွက်များသူတွေမှာ သုံးရင် မွှေးညှင်းပေါက်ကို ကျဉ်းမြောင်းစေတာမို့ ဝက်ခြံတွေ ပျောက်ကင်းနိုင်တယ်။ ဆန်ဆေးရည်ကို တချို့က ခေါင်းလျှော်ကြတယ်။ ခေါင်းလျှော်တဲ့အခါ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရည်က အကောင်းဆုံးဖြစ်တယ်။ ကစော်ဖောက်ခြင်းက အချဉ်ဓာတ်ကဲစေတယ်။ pH level ကျဆင်းလာတာမို့ ဆံပင်ရဲ့ ပုံမှန် pHနဲ့ သွားတူတယ်။ ဆန်ဆေးရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ဆံပင်အရင်းထိ အားဖြည့်ပေးလို့ ဆံပင်ထူစေပြီး ဆံသားတွေကို နက်မှောင်သန်စွမ်းစေတယ်။
ဆန်ဆေးရည်ပြုလုပ်ပုံ
(၁)ဆန်ကြမ်းကို ခွက်တဝက်စာယူပြီး ဇလုံတခုထဲထည့်ပါ။
(၂)ပြီးရင် ရေတစ်ခွက်ယူပြီး လောင်းထည့်ပါ။တစ်မိနစ်ထားပြီး မကောငိးတဲ့အညစ်အကြေးတွေပါတဲ့ အဆိုပါ ဆန်ဆေးရည် တွေကို သွန်ပစ်လိုက်ပါ။
(၃)အဆိုပါ ဆန်ထဲကို ဒုတိယအကြိမ် ရေနှစ်ခွက်စာလောင်းထည့်ပါ။(ဆန်နဲ့ရေ အချိုးအဆ ၁:၄ ဖြစ်သင့်တယ်)
(၄)အဆိုပါ ဆန်ဆေးရည်ကို အနည်ထိုင်အောင် ထားပါ။ ၁၀မိနစ်ခန့်ကြာရင် အောက်ခြေမမြင်ရအောင် နှောက်လာလိမ့်မယ်။
(၅)ပြီးရင် ရေစစ်နဲ့စစ်ပြီး သန့်စင်တဲ့ ဆန်ဆေးရေကို စစ်ထုတ်ယူပါ။ ရလာတဲ့ဆန်ဆေးရည်ကို စတင်သုံးစွဲနိုင်ပြီဖြစိပါတယ်။
ကစော်ဖောက်ချင်သေးတယ်ဆိုရင် အဆိုပါဆန်ဆေးရည်ကို အခန်းအပူချိန်မှာ ၂၄-၄၈နာရီ ထားရမှာ ဖြစ်ပါတယ်။ အပူချိန်မြင့်လေလေ ကစော်ဖောက်တဲ့အချိန် မြန်လေလေဖြစ်တယ်။ ပြီးရင် ကစော်ဖောက်ထားတဲ့ ဆန်ဆေးရည်ကို နညိးနည်း အပူပေးလိုက်ပါ။သုံးမိနစ်ခန့်အပူပေးပြီး အအေးခံလိုက်ရင် အသင့်သုံးစွဲနိုင်တဲ့ ဆန်ဆေးရည်ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစော်ဖောက်ထားတဲ့ဆန်ဆေးရည်တွေက နည်းနည်းပြင်းတယ်။ အနံ့နံတယ်။ ဒါကြောင့် မသုံးခင် ရေတခွက်စာနဲ့ ရောပြီးမှ သုံးသင့်တယ်။
မှတ်ချက်- ဆန်ဆေးရည်နေရာမှာ ထမင်းရည်က်ုလည်း အစားထိုးသုံးနိုင်တယ်။ ပွက်ခါစ ထမင်းရည်(သို့) ပွက်ပြီးသား ထမင်းရည် ကြိုက်နှစ်သက်ရာအသုံးပြုနိုင်တယ်။ သတိပြုရမှာက တမင်းရည်ကို ရေနဲ့အရင်ရောပြီးမှ သုံးပါ။ ရေခဲသေတ္တာထဲမှာ ထားရင် တပတ်ထိ အထားခံတယ်။
သုံးစွဲပုံ
သန့်စင်တဲ့ ပိတ်ပါးစတခုကို ဆန်ဆေးရည်ထဲစိမ်ပါ။ အဆိုပါအဝတ်နဲ့ မျက်နှာကို အသာဖိသုတ်ပါ။အရေပြားထဲစိမ့်ဝင်သည်ထိ နှိပ်နယ်ပြီး ခြောက်သွေ့အောင်ထားပါ။ ၃-၅မိနစ်လောက် ထားသင့်တယ်။ မျက်နှာမှာ တင်းရင်းတဲ့ ခံစားမှုမျိုးရတဲ့အခါ မျက်နှာစသစ်လို့ ရပါပြီ။ ခေါင်းလျှော်တဲ့နေရာမှာသုံးရင် ဆံသားကို နက်မှောင်သန်စွမ်းစေပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ်တယ်လို့ဆိုတယ်။ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရေက ဆံသားအတွက် အကောင်းဆုံးဖြစ်တယ်။
ဆန်ဆေးရေကို_
>>>>>မျက်နှာမှာ သုံးတဲ့အခါ မနက်(သို့)ညနေ နေ့စဉ်သုံးသင့်တယ်။
>>>>>ဆံသားအတွက် တပတ် ၁-၂ကြိမ် ခေါင်းလျှော်ပေးနိုင်တယ်။ တခါလျှော်ရင် ၅မိနစ်ခန့်ထားပါ။
body scrub အနေနဲ့လည်း သုံးလို့ရတယ်။အရင်ဆုံး ဆန်လုံးကို အမှုန့်ဖြစ်အောင် ကြိတ်ပါ။ ပြီးရင် ရှောက်ရည် ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ သံလွင်ဆီ နှစ်ဇွန်းကို ကြိတ်ထားတဲ့ ဆန်မှုန့်နဲ့ရောပြီး အရေပြားမှာ လိမ်းပါ။ ဒီနည်းအတိုင်း တပတ်တခါ(သို့)နှစ်ပတ် တခါ လုပ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အမဲစက်ကင်းစင်ပြီး နူးညံ့စိုပြေတဲ့ အသားရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
သောက်တဲ့ကိစ္စ
အမေးများတဲ့ မေးခွန်းနောက်တခုက ဝိတ်ကျတယ်ဆိုတဲ့ ကိစ္စပါ။ ဝိတ်ကျဖို့ သောက်လို့ရတယ်ဆိုတာမျိုးကြားရပါတယ်။ အဲဒီအကြောင်းကလည်း ဂျာနယ်တခုမှာ ဆရာဝန်တယောက်က ဖြေထားတာကြောင့်ဖြစ်ပါတယ်။ တကယ်တော့ ဆရာဝန်ပြောတဲ့ အမေးအဖြေကို သေချာဖတ်ကြည့်ရင် သိသိသာသာဝိတ်ကျတယ်လို့ ပြောမထားပါ။ သူတကယ်ဝိတ်ကျခဲ့တာ အားကစားပြင်းပြင်းထန်ထန်လုပ်လို့ ဖြစ်ပါတယ်။ အစားအသောက်ထိန်းတာနဲ့ အားကစားကသာ အဓိကကျတယ်။ ဆန်ဆေးရေနဲ့မဆိုင်ပါ။ ဆန်ဆေးရေက တွန့်သွားတဲ့ အသားအရေကို ပြန်လည်တင်းရင်းစေပြီး နောက်ပိုင်း တက်လာမယ့် ဝိတ်ကို ထိန်းသွားနိုင်တယ်။ တက်လိုက်ကျလိုက် မဖြစ်တော့ဘူး၊ အဲဒါကို သူက အဓိက ပြောချင်တာပါ။ ဒါပေမယ့် မီဒီယာတွေက ခေါင်းစဉ်တပ်တော့ ဝိတ်ကျတယ်ဆိုပြီး ဖြစ်သွားတယ်။
ဆန်ဆေးရေနဲ့ပက်သတ်ပြီး အသားရေအတွက်ကလွဲရင် ဝိတ်ကျဖို့သုံးတယိဆိုတာမျိုးမဖတ်ရပါ။
ဒါပေမယ့် တမင်းရည် မနက်စောစောသောက်ရင် ဝိတ်ကျနိုင်တယ် ဆိုတာမျိုး တွေ့ရတယ်။ ထမင်းရည်တစ်ပန်းကန်က ကယ်လိုရီ(၁၀၀)လောက်သာပါဝင်လို့ကောင်းတယ်။ ရင်ပြည့်စေတယ်။ ဝမ်းမှန်စေတယ်။ ပုံမှန်စားသုံးမှုရဲ့ သုံးပုံတပုံသာရှိလို့ ဝိတ်ကျနိုင်တယ်။ ဒီလောက်ပဲ ဖတ်ရတယ်။ ဆန်ဆေးရေက ဝိတ်ကျတယ်လို့ မဖတ်ရပါ။
နောက်တချက်က ဆန်ဆေးရေ သောက်တဲ့အခါ အများစိုးရိမ်သလို ပိုးသတ်ဆေး၊ဓာတုကင်းစင်မှုကိုလည်း သတိပြုသင့်တယ်။ ဒီဖက်ခေတ်ဆန်တွေကို ယုံရင် အမှားကြီး မှားလိမ့်မယ်။ ဆန်ကို တကြိမ်ဆေးကြောရုံနဲ့ ရောဂါပိုးမွှား၊ ဓာတုဆေးပစ္စည်းတွေ ကင်းစင်မယ် မဟုတ်သေးပါ။ ဒါကိုတော့ ဂရုစိုက်စေချင်တယ်။ ဆန်ဆေးရေကို ခန္ဓာကိုယ် ပြင်ပ အသားအရေအတွက် သုံးစွဲလို့ရတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဝိတ်ကျဖို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် သောက်သုံးမယ်ဆိုရင် အထူးဂရုစိုက်သင့်တယ်။
ဒေါက်တာ အေးမင်းထူး
ပြန်လည်မျှဝေခြင်း
Kuantan Min Yar Zar
Thursday, 7 April 2016
အပူဒဏ်ကို ကာကွယ်စေနိုင်မယ့် နည်းလမ်းကောင်း
အပူဒဏ်ကို ကာကွယ်စေနိုင်မယ့် နည်းလမ်းကောင်း
********************************
အခုလို ပူပြင်းလှတဲ့ နွေရာသီမျိုးမှာ အပူဒဏ်မခံနိုင်သူများ” အတွက် နည်းကောင်းလေးတစ်ခု ပေးချင်ပါတယ်။
ဒီနည်းလေးကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာသာဂဒိုး” ရဲ့ နည်းလေးပါ။ ကျန်းမာတဲ့ လူတွေအတွက်တော့ သိပ်မသိသာပေမယ့် မကျန်းမာသူ ၊ အသက်ကြီးသူများအတွက်တော့ အလွန်သိသာပါတယ်။
ဆေးနည်းလေးက -
ကျွန်တော်တို့ နေ့စဉ်သောက်နေတဲ့ ရေနွေးကြမ်း” ပါဘဲ။ မနက်စောစောကတည်းက ရေနွေးကြမ်းကို ကျကျလေးနှပ် ၊ ပြီးရင် လုံးဝ, အေးသွားတဲ့ အထိ အအေးခံထား။ နေ့လည်လောက်ဆို သောက်လို့ရပြီ။ နေ့လည် အပူချိန်တက်နေတဲ့ အချိန်မှာ ရိုးရိုးရေမသောက်ဘဲ အဲဒီ ရေနွေးကြမ်း အအေးကိုသာ သောက်နေ။ တကယ် အပူဒဏ် ခံနိုင်တယ်။
နေပူထဲမှာ ကားမောင်းနေရတဲ့ ဒရိုင်ဘာတွေလည်း မနက်ကတည်းက ဒီလို ရေနွေးကြမ်း အအေးကို ရေသန့်ဗူးလေးနဲ့ (၂)ဗူး ၃)ဗူးလောက် ထည့်ထား။ ရိုးရိုးရေအစား အဲဒါဘဲသောက်ကြည့်။ ခါတိုင်းနေ့တွေလောက် အပူဒဏ်ကို မခံရတာ သတိထားမိပါလိမ့်မယ်။
တစ်ခုသတိထားရမှာတော့ လဘ္ဘက်ခြောက်ကိုတော့ သိပ် အပေါစား အညံ့စားကြီး မသုံးနဲ့ပေါ့ဗျာ။ တော်ကြာ ဆိုးဆေးတွေထပ်ဆိုးပြီး အကြံအဖန်လုပ်ထားတဲ့ လဘ္ဘက်ခြောက် အတုတွေနဲ့ တွေ့သွားပြီး “ဆေးမဖြစ်ဘဲ၊ ဘေးလည်းဖြစ်သွားဦးမယ်”။
ဒီရာသီမှာ လုံးလုံးရှောင်သင့်တာကတော့ ရေခဲရေ” ပါဘဲ။ သောက်လိုက်တဲ့ ခဏတော့ အေးသွားသလို ရှိပေမယ့် နောက်ပိုင်း ရင်တွေပူလာ၊ ရေပို ငတ်လာ ၊ အဆင်မသင့်ရင် ဆီးဝမ်းပါချုပ်ပြီး ၊ ဆီးပူဆီးအောင့်ပါ ဖြစ်လာမယ်။ လည်ချောင်းတွေ နာလာမယ်။ အာသီးတွေ ရောင်လာမယ်။ ချောင်းတွေ ဆိုးလာမယ်။ မျက်စေ့တွေ ဝေလာမယ်။
အသက်ငယ်သူတွေ ၊ ကျန်းမာရေး ကောင်းသူတွေတော့ မပြောတတ်ဘူး။ အသက်ကြီးသူတွေနဲ့ ကျန်းမာရေး မကောင်းသူတွေအတွက်တော့ ဒီလောက်ပူပြင်းတဲ့ ရာသီမှာ ရေခဲရေ” ဟာ သိပ်အန္တရာယ် ကြီးပါတယ်။
နောက်ထပ် အပူငြိမ်းစေတဲ့ အစားအစာတစ်ခုလည်း တင်ပြချင်ပါသေးတယ်။ အဲဒါကတော့ မြန်မာ့ရိုးရာ စားစရာ "ထန်းလျက်” (ထညက်) ပါ။ “ထန်းလျက်” ဟာ အခုလို ပူပြင်းတဲ့ ရာသီမှာ တကယ်စားသင့်တဲ့ အစာတစ်ခုပါ။ ထန်းလျက်ဟာ ကိုယ်ခန္ဓာရဲ့ သက်စောင့်ဓာတ်ဖြစ်တဲ့ ၀မ်းမီး ကို အလွန်မှန်စေပါတယ်။ ချိုတာခြင်း တူပေမယ့် သကြား ကြံသကာ တွေနဲ့ မတူပါဘူး။
ကျွန်တော်တို့ အဖိုးအဖွားတွေ ရှိတုန်းကတော့ နေပူထဲက ပြန်လာရင် ရေမသောက်ခင် ထန်းလျက် တစ်လုံးနှစ်လုံးကို အရင်စားခိုင်းပြီးမှ ရေသောက်ခိုင်းလေ့ ရှိပါတယ်။ ထန်းလျက်ဟာ ကိုယ်တွင်း အပူမီးကို ငြိမ်းစေတာကြောင့် အပူနဲ့ အအေးတွေ့ပြီး ဒုက္ခရောက်တာမျိုး မဖြစ်စေဘူးလို့ ဆိုပါတယ်။ အပူလျှပ်ပြီး ဖျားတာမျိုး မဖြစ်စေဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီခေတ်မှာကလည်း ထန်းလျက်ဆိုတာ ကလေးတွေ မစားကြတော့ဘူးခင်ဗျ။ (ကျွန်တော့် သားသမီးတွေဆို ချော့ကျွေးကျွေး/ခြောက်ကျွေးကျွေး , ကျွေးလို့မရပါဘူး။ သားသမီးကို မိဘ မနိုင်တဲ့ခေတ်)
"ထန်းလျက်”မှာလည်း အရောင်ဖြူနေတဲ့ ထန်းလျက်တွေဟာ အာနိသင် သိပ်မရှိဘူး။ အနီရောင်ရင့်ရင့်ရှိတဲ့ ထန်းလျက်မျိုးမှ အာနိသင် ရှိပါတယ်။ ရန်ကုန်မှာတာ့ ဒီလို ထန်းလျက်မျိုး ရှာလို့ခက်ပါတယ်။ သိမ်ကြီးဈေး တစ်ဝိုက်မှာတော့ ရှိတတ်ပါတယ်။
ကျွန်တော်တို့ငယ်ငယ်တုန်းက အညာဒေသမှာတော့ ရှေးလူကြီးများဟာ အခုလိုပူပြင်းလှတဲ့ နွေရာသီမျိုးဆိုရင် မန်ကျည်းပင်ရိပ်အောက်မှာ ထန်းလျက်ကလေးစားလိုက် ရေနွေးကြမ်းလေးသောက်လိုက်နဲ့ အပူဒဏ်ကို တွန်းလှန်ခဲ့ကြတာပါဘဲ။ ဘာပန်ကာ၊ ဘာအဲယားကွန်းမှ မရှိပေါင်ဗျာ။
ခုခေတ်ရောက်မှ ရေခဲရေ၊ ပန်ကာ၊ အဲယားကွန်းတွေမရှိရင် အပူဒဏ်ကို မခံနိုင်ကြဖြစ်နေကြတာပါ။
ဒါကတော့ အပူဒဏ်ကို မခံနိုင်သူများ နဲ့ အပူဒဏ်ကို ကာကွယ်လိုသူများ အတွက် ပို့စ်လေးတစ်ခုပါ။ အပူလည်း မကြောက် ၊ ရေခဲရေလည်း အလွန်ကြိုက်သူများအတွက်တော့ အကျိုးရှိမည် မဟုတ်ပါ။
မှတ်ချက်
———-
အပူဒဏ်ကြောင့် ချွေးများအရမ်းထွက်ပြီး မောပန်းနွမ်းနယ်မှု များလွန်း နေလျှင် ဓာတ်ဆား” ရည် သောက်ရန် လိုပါလိမ့်မည်။ ဓာတ်ဆားရည်သည် ၀မ်းသွားမှ သောက်ရန်မဟုတ်ပါ” ။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်း နယ်လွန်းလျှင်လည်း သောက်သင့်ပါသည်။ သွေးတိုးရှိသူများအတွက်တော့ ဆရာဝန်နှင့် တိုင်ပင်ပြီးမှသောက်ပါ။ ထန်းလျက်ကလည်း ဆီးချိုရှိသူများ သင့်တော်မည် မဟုတ်ပါ။ ရေနွေးကြမ်းအေး” ကတော့ မတည့်သည့်ရောဂါ မရှိသောကြောင့် အကောင်းဆုံး ဖြစ်မည် ထင်ပါသည်။
ကျန်းမာ ချမ်းသာကြပါစေကုန်သော်
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)
ပြန်လည်မျှဝေခြင်း
Kuantan Min Yar Zar
Tuesday, 5 April 2016
ဆီးချို သွေးတိုး ဝေဒနာရှင်များအတွက် ဇီးဖြူသီးကပေးသော ကျန်းမာရေးရဲ့အာနိသင်
ဆီးချို သွေးတိုး ဝေဒနာရှင်များအတွက်
ဇီးဖြူသီးကပေးသော ကျန်းမာရေးရဲ့အာနိသင်
💎💎💎💎
🔥ဆီးဖြူသီးကို gooseberry လို့ အင်္ဂလိပ်လို့ ခေါ်ပြီး ဆီးဖြူသီး အမျိုးပေါင်းများစွာ ရှိပါတယ်။ ပုံမှန်တွေ့နေကြ ဝယ်ယူစားသုံးနေကြ ဆီးဖြူသီးက Alma လို့ခေါ်တဲ့ Indian Go oseberry အမျိုးအစား ဖြစ်ပါတယ်။ ဆီးဖြူပင်ကို သိပ္ပံအမည်အရ Ribes UVA-Crispa လို့ ခေါ်ပါတယ်။
🔥ဆီးဖြူသီးပင်ရဲ့ အသီး၊ အခေါက်၊ အပွင့်၊ အမြစ် အားလုံး သူ့နေရာနှင့်သူ ဆေးဘက်ဝင်ပါတယ်။
🔥ဆီးဖြူသီးဟာ ဗိုက်တာမင် C အလွန်ကြွယ်ဝတဲ့ သဘာဝ အသီးအနှံ ဖြစ်ပါတယ်။
🔥အသဲနဲ့ဆိုင်သော ရောဂါဝေဒနာသည်တို့ အဓိက အားထားရာ သဘာဝ ဆေးစွမ်းထက်တဲ့ အသီး ဖြစ်ပါတယ်။
🔥ဆီးဖြူသီးဟာ သွေးသားသန့်စင်မှုက သွေးအတွင်း အဆိပ်အတောက်တွေနဲ့၊ ဗိုင်းရပ်ပိုး၊ဗက်တီးရီးယားနဲ့အဏုဇီဝပိုးမွှားတွေကိုလည်းဖယ်ရှားပေးပါတယ်။
🔥သွေးအားကောင်းစေတဲ့ ဟေမိုဂလိုဗင်ဓာတ် ကြွယ်ဝအောင်ဖြစ်စေတာမို့ အမောခံနိုင်ပြီး အသားအရေ ကြည်လင်လှပစေပါတယ်။
🔥ဗိုက်တာမင် C ကြွယ်ဝလို့ ကိုယ်ခံအား စနစ်ကို အားကောင်းစေပါတယ်။ အသဲနဲ့ ပန်ကရိယ(မုန့်ချိုအိတ်) ကို များစွာ ပံ့ပိုးကူညီပြီး စိတ်နှလုံးကိုလည်း ပြောလျော့ အေးချမ်းစေပါတယ်။
🔥ဆံပင်ရဲ့ ကောင်းခြင်း၊ ဦးရေရဲ့ ကောင်းခြင်း၊ သန်းနှင့် ဘောက်များကို ကင်းစင်စေခြင်းနဲ့ အသားအရည်ကိုလည်း လှပချောမွတ်စေပါတယ်။
🔥ရောဂါဘယ မျိုးစုံကိုလည်း သက်သာပျောက်ကင်းအောင် စွမ်းဆောင်နိုင်သော အံ့ဖွယ် သဘာဝပေးတဲ့ လက်ဆောင်ကြီး ဖြစ်ပါတယ်။ ဆီးဖြူသီးကနေ ခေါင်းလျှော်ရည်၊ခေါင်းလိမ်းဆီ အမျိုးမျိုး ထုတ်လုပ်ကြပါတယ်။
🔥တိုင်းရင်းဆေးများနဲ့ တွဲဘက်ပြီး ဆေးဖော်ကြသလို အရန်ဟင်းအဖြစ် လည်းကောင်း ဆီဖြူသီးချိုချဉ်၊ ဆီဖြူသီးဖျော်ရည် ပြုလုပ်ပြီး စားသုံးကြပါတယ်။
🚲🚲🚲🚲🚲🚲
🍷သွားနှင့်ခံတွင်း
👉 ဆီးဖြူသီးလေး တစ်လုံး ကောက်ဝါးလိုက်ရုံနဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။ ဆီးဖြူသီးမှ ထုတ်ထားတဲ့ အရည်နဲ့ ပလုတ်ကျင်းရင် ခံတွင်းအနံ့ဆိုးများကို ကင်းစင်စေပြီး ခံတွင်း သန့်ရှင်းစေပါတယ်။
👉 သွားဖုံး သွေးယိုတာလည်း ဗိုက်တာမင် C နဲ့ ကယ်စီယမ်ဓာတ်တို့ ပါဝင်တာမို့ ပျောက်ကင်းအောင် ကူညီပေးပါတယ်။
🍷ကိုယ်ခံအားစနစ် နှင့် ကင်ဆာ
👉 ဗိုက်တာမင် C အပြင် ကယ်စီယမ်၊ သံဓာတ်၊ ဖော့စ်ပါးရပ်နှင့် ကယ်ရိုတင်းဓာတ်တို့ ပါဝင်ခြင်း၊ Thiamine, riboflavin, niacin တို့ ပါဝင်ခြင်း၊ gallic acid လို ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိခြင်းတို့ကြောင့် ဆဲလ်များ ပုံမှန်မဟုတ်ပဲ ယိုယွင်းခြင်း၊ ကင်ဆာဆဲလ် ဖြစ်ပေါ်ခြင်း စသည်တို့ကို ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။
👉 အာရုံကြောစနစ်ရဲ့ လုပ်ငန်းကိုလည်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးပါတယ်။ ဆီးဖြူသီး စားသုံးလေ့ ရှိသူကို ဗိုင်းရပ်နှင့် ဘက်တီးရီးယားပိုးတို့ အလွယ်တကူ မဝင်ရောက်နိုင်ပါဘူး။ ကိုယ်လက်စထရောကိုလည်း လျော့နည်းစေပြီး နှလုံးကြွက်သားများကိုလည်း သန်မာစေပါတယ်။ ကိုယ်ခန္ဓာအတွက် အလွန်ပင် အရေးကြီးတဲ့ အသဲကိုလည်း အထောက်အကူပြုပါတယ်။ အဝလွန်ခြင်း မဖြစ်စေရန် ထိန်းချုပ်စေပြီး ကိုယ်အလေးချိန် လျှော့ချရာမှာ လွယ်ကူအောင် ပါဝင်ကူညီနိုင်ပါတယ်။
🍷ဆံပင်နှင့် ဦးရေပြား ဗောက်ထခြင်း
👉 အရွယ်မတိုင်မီ ဆံပင်ဖြူတာ၊ ဆံပင်ကျွတ်တာ၊ ဆံပင်သား မကောင်းတာ စသည့် ဆံပင်နှင့် ပတ်သက်သော အခက်အခဲများကို ဆီးဖြူသီးက အစွမ်းပြ ဖြေရှင်းပေးပါတယ်။ အခြောက်လှမ်းပြီး အမှုန့်ပြုလုပ်ထားတဲ့ ဆီဖြူသီးမှုန့်ခြောက်ကို ရေတစ်ညစိမ်၊ ပြီးရင် သံပယိုရည်ထည့်ပြီး (၅) မိနစ်၊ (၁၀) မိနစ်ခန့် ဦးရေပြားကို နှိပ်နှယ်ခေါင်းလျှော်ပြီး ရေဆေးပါ။ ဆံပင် အရောင်အသွေး လှပပျော့ပျောင်းကာ ကျန်းမာတဲ့ ဆံသားကို ရရှိလာမှာပါ။ ဗောက်ထခြင်း၊ သန်းရှိခြင်းကိုလည်း လျော့ပါးစေပါတယ်။ ဆီးဖြူသီး ခေါင်းလျှော်ရည်နဲ့ ဆီးဖြူသီး ခေါင်းလိမ်းဆီဆိုပြီး ဝယ်ယူသုံးစွဲနိုင်ပါတယ်။ ဒါမှမဟုတ်ရင် အုန်းဆီ စစ်စစ်ကို ဆီးဖြူခြောက်မှုန့်နဲ့ ရောပြီး ကျိုပါ၊ ပြီးရင် အအေးခံပြီး လိမ်းနိုင်ပါတယ်။
🍷မျက်လုံးနှင့် ပါးစပ်နာ
ဆီးဖြူသီး တစ်ညစိမ်ထားတဲ့ ရေသန့် အကြည်နဲ့ မျက်လုံးဆေးရင် မျက်စိ ယားယံတာကို သက်သာပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဆီးဖြူအမြစ်ခြောက်အမှုန့်နဲ့ ပျားရည်ရောပြီး သုံးရင် ခံတွင်းနာများ၊ ပူလောင်နာများ သက်သာစေပါတယ်။
🍷ဓမ္မတာသွေးလွန်ခြင်း
ဓမ္မတာသွေးလွန်ခဲ့ရင် ငှက်ပျောသီးမှည့်နဲ့ ဆီးဖြူသီး အရည်ကို တစ်ရက်အတွင်း (၃) ကြိမ်လောက် သောက်သုံးပါက သက်သာစေပါတယ်။
🍷ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း
ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများ ကုသရာမှာ အကူအညီအဖြစ် စပျစ်သီးခြောက်အရည်နှင့် ဆီးဖြူသီးအရည် တွဲသောက်ပါက အလွန်ကျေးဇူးများပါတယ်။ ကျောက်ကပ် ကျောက်တည်ရင် မုန်လာဥဖြူနဲ့ သကြားနဲ့ ဆီးဖြူရည်နဲ့ သောက်ပါက ပျောက်ကင်းစေပါတယ်။
🍷ဆီးချိုရောဂါ
ဆီးဖြူသီးဟာ သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးတဲ့ သတ္တရှိပါတယ်။ အစေ့က ဖယ်ထားတဲ့ ကြက်ဟင်းခါးသီးအရည် တစ်ဖန်ခွက်အတွင်း ဆီးဖြူသီးအရည် တစ်ဇွန်းရောပြီး နှစ်လလောက် ဆက်သောက်ပါက ဆီးချိုရောဂါ သက်သာစေပါတယ်။ မုန့်ချိုအိတ်ကိုလည်း လှုံ့ဆော်တဲ့အစွမ်း ရှိပါတယ်။
🍷ဝမ်းပျက်ဝမ်းလျှောရောဂါ
ပိုးကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရင် ဆီးဖြူသီး အရည်ကို သကြားနဲနဲထည့်ပြီး သောက်ပါက သက်သာစေပါတယ်။
🍷အစာအိမ်
ဆီဖြူသီးဟာ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပြီး အစာချေဖျက်မှုနဲ့ အာဟာရ စုပ်ယူနိုင်စွမ်းကို ကောင်းမွန်သလို ပုံမှန်ဖြစ်လေ့ရှိတဲ့ အစာမကြေခြင်း၊ လေပူထခြင်း၊ အက်စစ်ဓာတ်များခြင်းတို့ကို သက်သာစေပါတယ်။
🍷အထွေထွေ
♣ဆီးဖြူသီးဟာ စိုးရိမ်ပူပန်မှု လွန်ကဲခြင်းကို ကာကွယ်နိုင်တယ်၊ သက်သာစေတယ်၊
♣မှတ်ဉာဏ်ကိုလည်း ကောင်းစေပါတယ်။
♣သွေးယိုစိမ့်ခြင်းကို သက်သာစေတယ်။
♣သွေးအန်ခြင်းဖြစ်ရင်လည်း သောက်နိုင်ပါတယ်။
♣ပျားရည်နဲ့ရောပြီး သောက်ပါက နာတာရှည် ချောင်းအခြာက်ဆိုးခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။
♠အအေးမိခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများကိုလည်း သက်သာလျော့ပါးစေပါတယ်။
♠နှာခေါင်းသွေးယိုခြင်း၊ နှလုံးရောဂါများ၊ ခေါင်းကိုက်ခြင်း၊ သွေးအားနည်းခြင်း၊ ဗိုက်တာမင် C ချို့တဲ့ရောဂါဖြစ်တဲ့ Scurvy (သွေးမတိတ်ခြင်း)၊ အမျိုးသမီးများ အဖြူဆင်းခြင်း၊ လေနာဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းဖြစ်ခြင်း၊ သန်ထခြင်း၊ အဆစ်အမြစ်ရောင်ခြင်း စသည်များ လျော့ပါးသက်သာစေပါတယ်။
👌 ဒါကြောင့် ကိုယ်ခန္ဓာ၏ အထွေထွေ ကျန်းမာရေးကိုလည်း အထောက်အကူပြုပြီး စိတ်ကိုလည်း လန်းဆန်းတက်ကြွစေတဲ့ ဆီးဖြူသီးကို နံနက်စောစောထပြီး ပျားရည်လေးနဲ့ ဆီးဖြူရည်လေးနဲ့ဖျော်ကာ နေ့စဉ် သောက်သုံးသွားပါက “အာရောဂျံ ပရမံလာဘံ” ဆိုတဲ့ စကားနဲ့အညီ ဆုလဒ်ကြီးဖြစ်တဲ့ ကျန်းမာရေးကောင်းခြင်းကို ရရှိနိုင်မှာပါ။
***ဗဟုသုတရရှိတယ်ဆိုရင် - Like
*** အခြားတစ်ဦးကို ဗဟုသုတ မျှဝေချင်ရင် - Share
credit : ဆီးချို သွေးတိုး နှင့် အ၀လွန်ရောဂါ ကာကွယ်နည်း
တစ်ဆင့် ပြန်ကူးပြီး ဖော်ပြထားတာပါ။
Kuantan Min Yar Zar
Monday, 4 April 2016
တစ်ပတ်တစ်နာရီ အလုပ်ချိန်ပိုရုံမျှဖြင့် နှလုံးရောဂါရနိုင်
တစ်ပတ်တစ်နာရီ အလုပ်ချိန်ပိုရုံမျှဖြင့် နှလုံးရောဂါရနိုင်
==============================
(မျှဝေခြင်းဖြင့် ကုသိုလ်ယူလိုက်ပါ)
Duwun မှတစ်ဆင့်ပြန်လည်မျှဝေပါသည်။
ဆယ်စုနှစ်တစ်စုကျော်ကြာ တစ်ပတ်လျှင် ၄၅ နာရီထက်ပိုပြီး အလုပ်လုပ်သူတွေဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေ မြင့်တက်စေကြောင်း တက္ကဆက်တက္ကသိုလ် ကျန်းမာရေးသိပ္ပံဌာနမှ ပညာရှင်တွေရဲ့ သုတေသနရလဒ်က ဖော်ပြပါတယ်။
သုတေသီတွေရဲ့ လေ့လာမှုအရ တစ်ပတ်လျှင် တစ်နာရီမျှ အချိန်ပို အလုပ်လုပ်ခြင်းဖြင့်ပင် နှလုံးရောဂါ ဖြစ်နိုင်ခြေ မြင့်တက်စေကြောင်း သိရပါတယ်။ တစ်ပတ်လျှင် အလုပ်ချိန် ၄၅ နာရီထပ်ပိုပြီး အလုပ်လုပ်ခြင်းက နှလုံးရောဂါ ခံစားရနိုင်ခြေ မြင့်တက်စေကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။
အချိန်ပြည့်ဝန်ထမ်းတွေ အနေနဲ့ တစ်ပတ်လျှင် နာရီ ၄၀ မှ ၄၅ နာရီအတွင်း အလုပ်လုပ်ခြင်းက နှလုံးရောဂါ ဖြစ်နိုင်ခြေ အနည်းဆုံး ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်စုကျော်ကြာ တစ်ပတ်လျှင် ၄၅ နာရီထက်ပိုပြီး အလုပ်လုပ်သူတွေဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေ မြင့်တက်စေကြောင်း တက္ကဆက်တက္ကသိုလ် ကျန်းမာရေးသိပ္ပံဌာနမှ ပညာရှင်တွေရဲ့ သုတေသနရလဒ်က ဖော်ပြပါတယ်။
သုတေသီတွေက အနည်းဆုံး ၁၀ နှစ်ကြာ ဝန်ထမ်းလုပ်ခဲ့သူ ၁,၉၀၀ ကို ကာလရှည်ကြာ စောင့်ကြည့်ခဲ့ပါတယ်။ သုတေသန အစီအစဉ်မှာ ပါဝင်ခဲ့သူ ဝန်ထမ်းတွေရဲ့ အလုပ်ချိန်နဲ့ နှလုံးရောဂါကြား ဆက်နွယ်မှုကို အဓိကထား လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
ပညာရှင်တွေရဲ့ သုတေသနအရ တစ်ပတ်လျှင် ၅၅ နာရီထက်ပိုပြီး အလုပ်လုပ်သူတွေဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေ ၁၆ ရာခိုင်နှုန်း ပိုများပါတယ်။ တစ်ပတ်လျှင် ၆၅ နာရီထက်ပိုပြီး အလုပ်လုပ်သူတွေမှာမူ နှလုံးရောဂါ ဖြစ်နိုင်ခြေ ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။
Source & Photo: Daily Mail
Kuantan Min Yar Zar
တကယ်ကောင်းတဲ့ဆေးစွမ်းကောင်းတလက်ပါကျနော် လိပ်ခေါင်းဖြစ်နေတာ ကြာပါ
တကယ်ကောင်းတဲ့ဆေးစွမ်းကောင်းတလက်ပါကျနော် လိပ်ခေါင်းဖြစ်နေတာ ကြာပါပြီ ဝမ်းသွားရင် သွေးပါတာ ညောင်းတာ မအီမလယ်နဲ့နေရတာအရမ်းခက်ခဲ့တာ အခုဆို အရမ်းကောင်းသွားပါပြီ ရှားစောင်းလက်ပက် အစိမ်းကိုမီးဖုတ်ပြီး အတိုင်းဝါးစားလိုက်ပါ တကြီမ်းပဲစားလိုက် သိသာပါတယ် ၂ခါဘဲစားလိုက်တာလုံးဝပြောက်ကင်းသွားပါပြီ အားလုံးကျမ်းမာကြပါစေ
လိပ်ခေါင်းရောဂါ အတွက် ကိုယ်တွေ့ ဆေးနည်းပါတဲ့ဗျား
Credit -မူရင်းတင်သူ
kuantan Min Yar Zar
Sunday, 3 April 2016
ရေယုန်ပျောက်ဆေးနည်း
ရေယုန်ပျောက်ဆေးနည်း
ရေယုန်ဖြစ်ပါက သဖန်းပင်မှအစေး(၁)ဆနှင့်
အုန်းဆီ(၂)ဆရောလိမ်းပေးရန်ဖြစ်သည်။
Saturday, 2 April 2016
ကြိုတင်ကာကွယ်ပါ ခွေးရူးပြန်ရောဂါ
ကြိုတင်ကာကွယ်ပါ ခွေးရူးပြန်ရောဂါ
ပါမောက္ခဒေါ်တင့်တင့်ကြည်
အထွေထွေရောဂါအထူးကုဆရာဝန်ကြီး
နေပြည်တော်ခုတင်၁၀၀၀ဆေးရုံနှင့် တွေ့ဆုံဆွေးနွေးခြင်း
---------------------------------
Q. ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အစိုးရဆေးရုံ ကြီးတွေမှာ အခမဲ့ ထိုးနှံလို့ ရပါသလား ဆရာမ။
A. ရန်ကုန်မှာဆိုရင် ရန်ကုန်ဆေးရုံကြီး ထိခိုက်ဒဏ်ရာကုဌာန၊ ရန်ကုန် အနောက်ပိုင်းဆေးရုံကြီး၊ သင်္ကန်း ကျွန်းစံပြ ဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီးနဲ့ နယ်တွေ မှာဆိုရင်  ဘယ်ပြည်သူ့ဆေးရုံမဆို လာရင် ထိုးပေး နိုင်အောင် အနည်းဆုံး ငါးယောက်စာတော့ ဆောင် ထားကြပါတယ်။ ဒေသန္တရ ဆေးခန်းတွေမှာ ထိုးဖို့ လည်း ရန်ကုန်တိုင်း ကျန်းမာရေး ဌာန အစီအစဉ်နဲ့ ဆောင်ရွက်ပေးတာတွေ ရှိပါတယ်။
ကျန်းမာရေး ၀န်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ ခွေးရူးပြန် ကာကွယ်ဆေး အမျိုးအစား နှစ်ခုလုံးကို ၀ယ်ယူ ဖြည့်တင်းပေးပြီး အခမဲ့ထိုးပေးနေပါပြီ။ ချက်ပတ်လည် ထိုးရတဲ့ အမျိုးအစားတွေကို အသုံးမပြုတော့ဖို့ ၂၀၁၂ ခုနှစ်ကတည်းက သဘောတူ လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ ခေတ်ပေါ်ထိုးဆေးတွေကိုတော့
 နိုင်ငံခြားမှ တင်သွင်းရပါတယ်။
    ကာကွယ်ဆေးအတွက် ရန်ကုန်မြို့က ပုဂ္ဂလိက ဆေးရုံကြီးတွေမှာ ၂၄နာရီ ဆောင်ရွက်ပေးနေတာ ရှိပါတယ်။  အခမဲ့တော့ မဟုတ်ပါဘူး။
Q. ခွေးရူးပြန်ရောဂါက မြန်မာနိုင်ငံမှာ ဘယ်လောက် အဖြစ်များပါသလဲ ဆရာမ။
A.  ၂၀၁၃ ခုနှစ် WHO ရဲ့ ခန့်မှန်းတွက်ချက်မှုအရ အာရှမှာ လူဦးရေ တစ်သန်းမှာ ၂၂ ယောက်နှုန်းနဲ့ မြန်မာက အဖြစ်အများဆုံး ဖြစ်ပြီး အိန္ဒိယက တစ်သန်းမှာ ၁၈ ယောက်နှုန်း ရှိပါတယ်။ ထိုင်းဆို
တစ်သန်းမှာ  ဖြစ်နှုန်း တစ်ယောက်အောက်ဖြစ်နေပါပြီ။
Q. ခွေးကိုက်ခံရတာနဲ့ ဒဏ်ရာကို ရေဆေးလိုက်ရင်
 ခွေးရူးပြန်ရောဂါ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် ကုန်သွားနိုင်ပါသလား ဆရာမ။
A. ရေဆေးလိုက်တာကြောင့် ခွေးတံတွေးမှာ ပါလာတဲ့
 ခွေးရူးပြန်ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် (Lyssa Virus) ကို ဖယ်ပစ်လိုက်သလို ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ကုန်ချင်မှကုန်မယ်။ မျက်စိနဲ့ မြင်ရတာမဟုတ်လို့ သေချာ မပြောနိုင်ပါဘူး။
Q.အိမ်မှာ ခွေး၊ ကြောင် မွေးထားသူတွေအနေနဲ့ ခွေးရူးပြန်ရောဂါမရအောင် ဘယ်လိုကာကွယ်သင့်ပါ သလဲ ဆရာမ။
A.  ခွေးတွေ၊ ကြောင်တွေကို အသက်သုံးလမှ စတင်ပြီး ကာကွယ်ဆေးထိုးနိုင်ပါတယ်။ တိမွေးကုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
#Healthylifejournal
(Healthy Life ဂျာနယ် အမှတ် (၂၅) တွင် ပါရှိသည့်
ကြိုတင်ကာကွယ်ပါ၊ ခွေးရူးရောဂါ အင်တာဗျူးဆောင်းပါးမှ အချက်အလက်အချို့ကို ကောက်နုတ်ပြီး
 အများပြည်သူ အကျိုးရှိစေရန်အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါသည်)
Thursday, 31 March 2016
အရွယ်ရောက်သူတိုင်းကြုံတွေ့ရတဲ့ ၀က်ခြံပြဿနာဟာ အတော်စိတ်အနှောင့်အယှက်ပေးပါတယ် ။
အရွယ်ရောက်သူတိုင်းကြုံတွေ့ရတဲ့ ၀က်ခြံပြဿနာဟာ အတော်စိတ်အနှောင့်အယှက်ပေးပါတယ် ။ ၀က်ခြံထွက်တော့မယ်ဆို နီမြန်းပြီး ထိလိုက်ရင်နာကျင်ရတာရယ်...ထိမိလေပိုဆိုးလာလေဖြစ်ပြီး ယောင်ယမ်းကာမြင်မကောင်းဘဲ အလှပျက်စေပါတယ် ။ မိန်းကလေးတွေအတွက်ဆိုပိုဆိုးပါတယ် ။ လုံးဝအထိမခံတဲ့ဝက်ခြံမျိုးဆို မိတ်ကပ်လဲတင်မရ...အပြင်ထွက်ရမှာတောင် မ၀ံ့ရဲတော့ပါဘူး ။ ၀က်ခြံထွက်ပြီဆို ပျောက်အောင်လုပ်ရတာကတစ်မျိုး ။ ပျောက်သွားပြန်တော့လဲ ညှစ်မိကုတ်မိရင်အမာရွတ်မဲမဲတွေကျန်ခဲ့ပြီးတော်တော်နဲ့မပျောက်တော့ပါဘူး ။ မေဆို မညှစ်ပါဘဲနဲ့ အမာရွတ်အမြဲကျန်တတ်ပါတယ် ။
အခုဖော်ပြမယ့် သဘာဝပစ္စည်းလေးတွေက ဈေးသက်သက်သာသာနဲ့ ပုံမှန်သုံးစွဲပေးရင် တကယ်ထိရောက်စေပါတယ် ။ ၀က်ခြံပျောက်ရန်အတွက်မဟုတ်ပဲ ၀က်ခြံကြောင့်တင်ကျန်ခဲ့တဲ့အမာရွတ်များအတွက်သာဖြစ်ပါတယ် ။
၁ ) ရှားစောင်းလတ်ပတ်အနှစ်
ယနေ့ခေတ်မှာ အသင့်ဝယ်လို့ရတဲ့ aloe vera gel တွေအများကြီးရှိပါတယ် ။ 100% pure aloe ကိုဆေးဆိုင်တစ်ချို့မှာရနိုင်ပါတယ် ။ မျက်နှာသစ်ပြီးတိုင်း moisturizer အဖြစ်ပုံမှန်လိမ်းပေးရုံပါပဲ ။ အပင်ကခူးပြီးလိမ်းမယ်ဆိုရင်တော့ နာရီဝက်လောက်ထားပြီးရေဆေးပေးရုံပါပဲ ။ နေ့တိုင်းလိမ်းပေးနိုင်ပါတယ် ။
၂ ) အုန်းဆီ
သဘာဝအုန်းဆီစစ်စစ် အရောအနှောလုံးဝမပါတာကို အသားထဲစိမ့်ဝင်အောင် လိမ်းကျံပေးပြီး ထားလိုက်ရုံပါပဲ ။ အုန်းဆီမှာပါဝင်တဲ့ အာဟာရဓာတ်တွေကကြာလေစိမ့်ဝင်လေမို့ ရေပြန်ဆေးပေးစရာမလိုပါဘူး ။ ဒါပေမယ့် အဆီတွေနဲ့မို့မနေတတ်ရင်တော့ နေနိုင်သလောက်နေပြီး သဘာဝသန့်စင်ဆေးနဲ့ပဲ မျက်နှာသစ်ပေးလို့ရပါတယ် ။
၃ ) ပျားရည်
ပျားရည်စစ်စစ်ဟာ အသားအရေအတွက်ကောင်းကျိုးအလွန်ပေးပါတယ် ။ ယောင်ယမ်းခြင်းသက်သာစေသလို ပိုးသတ်ပေးနိုင်တဲ့ သတ္တိလည်းရှိပါတယ် ။ ပေါင်းတင်သလိုပဲ လိမ်းပေးပြီး နာရီဝက်အကြာမှာရေဆေးပေးပါ ။
၎ ) သံပုရာရည်
သံပုရာရည်ဟာ ၀က်ခြံကုစားရာမှာလဲအသုံးဝင်သလို အမာရွတ်တွေမှေးမှိန်စေရာမှာလဲ အရမ်းနာမည်ကြီးပါတယ် ။ သံပုရာသီးကိုညှစ်ပြီးရလာတဲ့အရည်ကို လိမ်းပေးပြီး ၁၅မိနစ်အလွန်ဆုံးထားပေးရုံပါပဲ ။ ရေလေးနဲ့ပဲဆေးပေးပါ ။
၅ ) အာလူးအရည်
အာလူးကိုပါးပါးလှီးလိုက်ရင် ကပ်ပါလာတဲ့အရည်ကြည်လေးတွေကို အမာရွတ်ပေါ်တင်ကပ်ပေးထားရုံပါပဲ ။ မိနစ်၂၀လောက်ထားပြီးခွာပေးရုံပါပဲ ။ ရေးဆေးစရာမလိုပါဘူး ။ အာလူးဟာနေလောင်ဒဏ်ကိုလဲ သက်သာစေပြီး အသားဖြူစေတဲ့သတ္တိလဲရှိပါတယ် ။
၆ ) သခွားသီး
ပါးပါးလှီးပြီး ထုံးစံအတိုင်းကပ်ပြီးပေါင်းတင်ပေးရုံပါပဲ ။
၇ ) သကြား
သကြားကို ပျားရည်လေးနဲ့ရောပြီး သာသာလေးပွတ်ပြီးပေါင်းတင်ပေးရုံပါပဲ ။ နာရီဝက်လောက်ပဲထားပေးပါ ။ ရေလေးနဲ့ပဲ သန့်စင်ပေးပါ ။ ဒီလိုပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အသားအရည်လဲ ကြည်လင်လာစေပါတယ် ။
သဘာဝနည်းဆိုတာအချိန်တစ်ခုပေးပြီး စိတ်ရှည်ရှည်နဲ့ကုစားမှ ထိရောက်တာပါ ။ ဒီနည်းလေးတွေက ပုံမှန်အနည်းငယ်သော ၀က်ခြံအမာရွတ်များအတွက်သာသေချာပေါက် ထိရောက်စေမှာပါ ။ အရေပြားရောဂါကြောင့်ဖြစ်စေ ၊ မတည့်သောဓာတုဗေဒပစ္စည်းကြောင့်ဖြစ်စေ ဆိုးဝါးစွာ ဒဏ်ဖြစ်နေသောအရေပြားကိုတော့ ဆရာဝန်နှင့်သေချာစွာတိုင်ပင်ပြီးမှ ညွှန်ကြားချက်အတိုင်းသာ လိုက်နာသင့်ပါတယ် ။
With tons of love , Super Women .
Credit - Super Women
kuantan Min Yar Zar
Saturday, 26 March 2016
ကားမူးရောဂါ
ကားမူးရောဂါ
"ကားရပ်ပေးပါ ကားရပ်ပေးပါ ဝေါ့  ဝေါ့
ဆက်မလိုက်နိုင်တော့ဘူးသည်မှာပဲထားခဲ့ပါတော့
ခေါင်းတွေမူးနေပြီ အန်ရတာလဲမောနေပြီ"
ဆူညံ့သံများဖြင့် ညဘက်မှောင်မှောင်မှာကားထိုးရပ်
သံကြားရလေသည်။
ထိုအခါ အန်နေသူအော်ပြောသူကိုဓါတ်မီးများဖြင့်ဝိုင်း
ထိုးထားမှအလင်းရောင်အောက်မှာအဒေါ်ကြီးတစ်
ယောက်ကိုမြင်ရလေသည်။
ထိုအခါ အန်နေသူ့ဘေးမှအဒေါ်ကြီးက
"ဟဲ့ စိန်တုတ် ပြဿနာမရှာနဲ့နော် ညည်းသည်မှာနေခဲ့
လို့ဖြစ်မလား"
"မသိဘူးအေကျုပ်မလိုက်နိုင်တော့ဘူးတော့"
ပြောလည်းပြောကားပေါ်ကအတင်းဆင်းဖို့အလုပ်မှာ
"စိန်တုတ် နေပြည်တော်ရောက်လို့နင်မပါရင်နင့်လင်ကို
ငါဘယ်လိုပြောရမလဲ"
"နင့်ကိုယူပါလို့ပြောလိုက်ကောင်မရေ" "အရေးထဲအိမ်က
ဟာကိုအလွမ်းလာသည်နေသေးတယ်"ဟုပွစိပွစိပြောကာပြန်ချဲလေသည်။
"တယ်   သည်မတာမ စိန်တုတ်"
တစ်ယောက်ကလည်းပြန်တွယ်လေသည်။
ကားထဲမှာတော့ဝါးခနဲ့ဝိုင်းရီကြလေသည်။
သည်တော့မှကိုနေလည်းထိုင်ရာမှထကာအဒေါ်ကျနော့မှာကားမမူးမအန်တဲ့ဆေးရှိတယ်သောက်မလား
ဟုလှမ်းမေးလိုက်မိသည်။
ဝေါ့
ထိုအခါအဒေါ်ကြီးကကားပေါ်မှမြေပြင်ပေါ်သို့အန်ချပြီး
မမူးမအန်ဘူးဆိုရင်မြန်မြန်ပေးပါကွယ်ဟုအတင်းတောင်းလေသည်။
ကျနော်လည်းဆေးအိတ်ထဲမှဆေးပွင့်နှစ်ပွင့်ထုတ်ပေး
လိုက်လေသည်။
ထိုအဒေါ်ကြီးက ဆေးပွင့်နှစ်ပွင့်ဝါးစားရင်းကျနော်ကို
မျက်လုံးပြူးကြည့်ကာ
"သေချာတယ်နော်"
"ဟုတ်သေချာပါတယ် ဝါးစားပြီးရေသောက်လိုက်ပါ'
"အေး အေ"ဟုဆိုကာရေသောက်ပြီးထိုင်ခုံမှာပြန်ထိုင်
နေလေသည်။
ကားဆရာလည်းနေပြည်တော်ဘက်ကားဆက်မောင်းလေသည်။
ခဏကြာတော့အန်သံပျောက်ပြီးတစ်ကားလုံးငြိမ်သက်အိပ်မောကျသွားလေသည်။
မနက်မိုးလင်း၍နေပြည်တော်ရောက်သောအခါထိုအ
ဒေါ်ကြီးမှကျနော့်ကိုကြည့်ကာ
"ငါ့တူဆေးနှစ်ပွင့်ကစွမ်းလှချည်လား"
"ဟုတ်ကဲ့အရမ်းစွမ်းပါတယ်"
"နောက်တစ်ခါကားစီးရင်ဆေးနှစ်ပွင့်ကြိုသောက်ထားလိုက်မယ် ကျေးဇူးပါကွယ်"
"ဟုတ်ကဲ့" ဟုပြောရင်း နေပြည်တော်မြို့မဈေးဘက်
ခြေလှမ်းပြင်လိုက်စဉ်
"အကိုရေ အကို ခဏခဏ"
မောမောပန်းပန်းနဲ့စပါယ်ယာကောင်လေးပြေးလိုက်လာကာ"ညီဆရာ့ကကားမူးအအန်ပျောက်တဲ့
ဆေးနှစ်ပွင့်ဘာလဲပြောခဲ့ပါတဲ့"
"သြော်ဒါလား လေးညှင်းပွင့်နှစ်ပွင့်ပါညီလေးရာ"ဟု
ပြောရင်း ခရီးဆက်ခဲ့လေတော့သည်။
အနာသိရင်ဆေးရှိပါတယ်ကားမူးပြီးအန်တတ်ရင်
လေးညှင်းပွင့်နှစ်ပွင့်သာဆောင်ထားပါဟုအသိပေး
ခွင့်ပြုပါလေ။
Nay MinLay(မြန်မာ့ဆေးပညာ-၁/ရန်ကုန်)
ကွမ်တန်း မင်းရာဇာ
ကညွတ်ဟာ ဆီချိုရောဂါ အတွက် နောက်ဆုံးပေါ် လက်နက်ဟုဆို
ကညွတ်ဟာ ဆီချိုရောဂါ အတွက် နောက်ဆုံးပေါ် လက်နက်ဟုဆို
==================================
ကညွတ်ကို ပုံမှန်စားသုံးတဲ့ သူတွေ ဟာ သွေးတွင်း သကြားဓာတ် ပုံမှန်ဖြစ် အောင် ထိန်းချုပ်နိုင်ပြီး ဂလူးကို့စ်ကို စုပ် ယူဖို့ ကူညီနိုင်တဲ့ အင်ဆူလင်ဟော်မုန်း ထုတ်လုပ်မှုလည်း မြင့်တက်လာ နိုင်တယ် လို့ သိပ္ပံပညာ ရှင်တွေက တွေ့ရှိခဲ့ပါ တယ်။ ဒါကြောင့် ကညွတ်ဟာ ဆီးချိုရော ဂါကို တွန်းလှန်ဖို့ နောက်ဆုံးပေါ်လက် နက်ဖြစ်လာမယ်လို့ သိပ္ပံပညာရှင် တွေက ယုံကြည်ကြ ပါတယ်။
ကမ္ဘာပေါ်မှာ လူ ပေါင်း တစ်သန်းကျော်ဟာ ဆီးချိုရောဂါ ဖြစ်နေမှန်း မသိရှိကြသူ တွေဖြစ်ပါတယ်။ မောပန်းတာ၊ ရေငတ်တာ၊ မကြာခဏ ဆီးသွားတာ၊ မှက္ခရုပေါက်တာနဲ့ အနာ ကျက်နှေးတာလိုမျိုး ဆီးချိုရောဂါရဲ့ လက္ခဏာတွေကို မသိရှိနားမလည်ကြ လို့ပါ။ အဲဒါတွေကို ကုသမှုမခံယူရင် အ မျိုးအစား (၂) ဆီးချို ရောဂါကြောင့် နှလုံးတိုက်ခိုက် ခံရတာ၊ အမြင်အာရုံ ဆုံး ရှုံးတာနဲ့ ခြေပြတ်လက်ပြတ်တွေ ဖြစ်လာ နိုင်ပါတယ်။
ကညွတ်ဟာ ခန္ဓာကိုယ်ကြွက်သားနဲ့ တစ်သျှူးတွေမှ ဂလူးကို့စ်သုံးစွဲနိုင်မှု ၈၁ ရာခိုင်နှုန်း ပိုမိုမြင့်မား စေတယ်လို့ ကရာချိ တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက တွေ့ရှိ ခဲ့ပါတယ်။ ကညွတ်အနှစ်ပမာဏများစွာ သုံးစွဲပါမှ မုန့်ချိုအိတ်မှ အင်ဆူလင်ထုတ် လုပ်မှုကို ထိရောက်စွာ အကျိုးရှိနိုင်တယ် လို့ သိရပါတယ်။
ဒေါက်တာခင်မိုးမိုး
By Good Health
ကွမ်တန်းမင်းရာဇာ
Sunday, 20 March 2016
ခြေဖနောင့်ကွဲအက်ခြင်းကို သဘာဝနည်းနဲ့ ကုစားကြရအောင်
ခြေဖနောင့်ကွဲအက်ခြင်းကို သဘာဝနည်းနဲ့ ကုစားကြရအောင်
ပြုလုပ်ဖို့အဓိကလိုအပ်တာကတော့ နာနတ်သီးအခွံပါပဲ။နာနတ်သီးအခွံကို ခြေဖနောင့်ကွဲတဲ့နေရာမှာ အုပ်ထားပြီး ပတ်တီးစည်းထားပါ။နှစ်နာရီလောက်ကြာသောအခါ ထိုအုပ်ထားတာကို ခွာပစ်လိုက်ပါ ၂ နာရီထက်ပို မထားပါနှင့်။နာနတ်သီးမှာပါသော အက်ဆစ်ဓါတ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။တစ်ပတ်တစ်ခါနဲ့ တစ်လလောက်လုပ်ကြည့်ပါက ထူးခြားလာပါလိမ့်မည်။
မောင်စိုင်း
(ကနောင်)
Friday, 11 March 2016
ချောင်းဆိုးပျောက်တဲ့ သင်္ဘောသီးအစေး
ချောင်းဆိုးပျောက်တဲ့ သင်္ဘောသီးအစေး
ရာသီဥတုအမျိုးမျိုးပြောင်းလဲမှုတို့ကြောင့် ချောင်းလျှင် အောက်ပါ သဘာဝနည်းဖြင့် ကုသနိုင်ကြပါတယ်။
ဒီဆေးနည်းကတော့ သိမ်ဖြူဆရာတော်ရေးသားထားတဲ့ ဆေးအဘိဓမ္မာကျမ်းထဲမှာလည်း ပါဝင်ပါတယ်။ သင်္ဘောသီး၊ သင်္ဘောရွက်ဆို့ဟာ အလွန်ဆေးဖက်ဝင်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါအမျိုးမျိုးအတွက် အသုံးပြုကြတာများပါတယ်။
(၁) သင်္ဘောသီးအစိမ်ပေါ်ကို (ပုံပါအတိုင်း) ဓါးဖျားဖြင့် အနည်းငယ်ဖောက်၍ အစေးများကို (၁၅) စက်ခန့် ခွက်ကလေးဖြင့် ရအောင်ယူပါ။
(၂) ၄င်းသင်္ဘောသီးအစေးများကို ရေနွေး အနေတော်ခန့်ဖျော်၍ သောက်ပါ။
(၃) မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ပေးပါ။
၎င်းဆေးကို (၂) ရက်ခန့် သောက်ပါက ချောင်းဆိုးကင်းစင်ပြီး သက်သာပျောက်ကင်းသွားပါမည်။
သတိပြုရန် -
သင်္ဘောသီး၊ သင်္ဘောရွက်၊ သင်္ဘောစေးတို့ကို စားသုံးပြီးလျှင် ဂျင်းပါတဲ့အစားအစာကို ချက်ချင်းမစားပါနှင့်။ အနည်းဆုံး ၁ နာရီခန့်ခြားပြီးမှ စားပါ။ အဆိပ်အတော်ကို ဖြစ်စေလို့ပါ။
ငွေကုန်သက်သာပြီး အလွယ်တကူရနိုင်သော ဆေးမြီးတိုနည်းဖြင့်
ချောင်းဆိုးဝေဒနာခံစားရသူများ သက်သာပျောက်ကင်းနိုင်ကြပါစေ။
စောနွဲ့နေဆိုင်(တိုင်းခမ်းတီ) ကိုးကား - ရိုးရာဆေးမြီးတိုများ
စိတ်ညစ်ပယ်ချိုး စိတ်မဆိုး သွေးသန့်နနွင်းလုံး
ကောက်ရိုးမှိုအစွမ်း
ကောက်ရိုးမှိုအစွမ်း
ယမုံအေး(စမ်းချောင်း)
တွဲဖက်စားသုံးရန်
၁။ မှို၊ ကျောက်ဖရုံသီးပေါင်း
 ကောက်ရိုးမှိုက ကိုယ်တွင်းအပူကို ဖယ်ရှားပေးသည်။ ဆီးကို ကောင်းကျိုးပေးသည်။ အသည်းကို ကျန်းမာစေမည်။ ကျောက်ဖရုံသီးက ခန္ဓာကိုယ်တွင်းရှိ အဆိပ်ကိုဖယ်ရှားပေးသည်။ ကိုလက်စထရောကို ကျဆင်းစေသည်။ သွေးကြောမာခြင်းကို ကြိုတင်ကာကွယ်ပေးနိုင်သည်။ ထို့ကြောင့် ကောက်ရိုးမှိုနှင့် ကျောက်ဖရုံသီးကို ပေါင်း၍စားသုံးသင့်သည်။
၂။ မှို၊ ပဲပြားဟင်းရည်
 ကောက်ရိုးမှိုနှင့် ပဲပြားကို ဟင်းရည်ချက်စားပါက သွေးတွင်းအဆီများသူနှင့် သွေးတိုးသမားတို့အတွက် ကောင်းကျိုးရရှိစေနိုင်သည်။
တွဲဖက်မစားသုံးရန်
၁။ အရက်နှင့် ကောက်ရိုးမှို
 အရက်နှင့်ကောက်ရိုးမှိုတွဲစားပါက လူ့ခန္ဓာကိုယ်က ကောက်ရိုးမှိုထဲရှိ ဗီတာမင်ဒီစုပ်ယူမှုကို ကျဆင်းစေ နိုင်သည်။ ထို့ကြောင့် အရက်နှင့် ကောက်ရိုးမှိုကို တစ်ချိန်တည်းတွင် တွဲမစားသင့်ပါ။
kuantan Min Yar Zar
Thursday, 10 March 2016
ဆေးစွမ်းထက်သော ကြိတ်မှန်ပင်
ဆေးစွမ်းထက်သော ကြိတ်မှန်ပင်
ရုက္ခအမည် - Eclipta alba (L)Hassk.
အင်္ဂလိပ်အမည် - Trailing Eclipta,ink plant.
မျိုးရင်း - compositae ( Asteraceae)
အသုံးပြု အစိတ်အပိုင်း - ပဉ္စငါးပါး။
ဆေးဝါးဆိုင်ရာ ဂုဏ်သတ္တိ ပိုးအဆိပ်တို့ ကို ပါယ်တတ်၏။
ဆံပင်ကိုကောင်းစေသည်။မျက်စိအရောင်ကို တောက်စေသည်။သွားကိုခိုင်စေသည်။လေ သလိပ်ဒေါသတို့ ကို နိုင်သည်။အားကိုဖြစ်စေသည်။ ထို့ အပြင်လိင်ဥရောင်မျက်စိရောဂါ ချောင်းဆိုး ပန်းနာ သမင်ဖြူ ဝါသင့်
အရေပြားယားယံခြင်း မျက်စိမမြင် ကာလသားရောဂါ
အဆိပ်ရောဂါတို့ ၌လည်း သုံးရ၏။ကိုယ်ဝန်ပျက်စီးခြင်း
နှင့် သားဖွားပြီးနောက်သားအိမ်ကိုက်ခဲခြင်းကို ပျောက်ကင်းစေသည်။
ကြိတ်မှန်သည် ဗိုက်တာမင်ကေ၏ အစွမ်းသတ္တိနှင့် တူညီပြီး သွေးတွင်းရှိ prothrob-obin ဓါတ်ကိုမြင့်တင်ပေးသဖြင့်
သွေးတိတ် စေသည်။ ခန္ဓာကိုယ် hissamine ဓါတ်ကြောင့်ဖြစ်စေသော ဓါတ်မတည့်သည်ကို သက်သာစေသော သတ္တိရှိသည်။ ဘက်တီရီယား ပွါးနေသည်ကိုဟန့် တားနိုင်သည်။ခွဲစိတ်ရာတွင်လည်းကောင်း မီးဖွားသည့်ကိစ္စများ ဆောင်ရွက်ရာတွင်လည်ကောင်း
နိုင်ငံတကာ သုတေသနစမ်းသက်ချက် အရ ပိုးသတ်ဆေး
အာနိသင်နှင့်သွေးတိတ် စေသောအာနိသင်ရှိကြောင်း
သိရသည်။
တုပ်ကွေးရောဂါအအေးမိရောဂါ အသက်ရှု
လမ်းကြောင်းရောဂါများ ကုသရာတွင်လည်း အာနိသင်
ရှိသည်။carbon terachoride ဖြင့်အသည်းရောင်
ဖြစ်စေသော hepatitis ရောဂါကို သက်သာစေပါသည်။ အခြားဆေးဖက်ဝင် အမယ်များနှင့် ပေါင်းစပ်ပြီ ပေါင်းစပ်ဆေးဖုံ အဖြစ် ထည့်သွင်း အသုံးပြု
ကြသည်။သွေးအားတိုး ဆေးအနေဖြင့်လည်းကောင်း
သွေးတိတ် ဆေးအနေဖြင့်လည်ကောင်း အသုံးပြုနိုင်
သည်။ချောင်းဆိုးသွေးပါ ဝမ်းကိုက်သွေးပါ မီးယပ်သွေး
များခြင်းနှာခေါင်း သွေးယိုခြင်း လိပ်ခေါင်းသွေးယိုခြင်း
သွေးအန်ခြင်း ဆီးတွင်သွေးပါခြင်း ဒါဏ်ရာသွေးထွက်ခြင်း
စသည်တို့ တွင်သုံးနိုင်သည်။အရေပြားအနီပြင်ထခြင်း
ဝက်သက် ချောင်းဆိုး ပန်းနာရင်ကြပ် မီးလောင်နာတို့ 
ကိုကုသရာတွင် အသုံးဝင်သည်။ဆံပင်ပေါက်မှု ကို
အားပေးသည်။ဆံပင်ကိုနက်မှောင် သန်စွမ်းစေပြီ အသည်းကို အားဖြစ်စေသည့် အတွက်ဆံပင်သန်စွမ်းပြီ
နက်စေသောဆေးများနှင့်အသည်းအားဆေးများတွင်
ပါဝင်အသုံးပြုသည်။ကြွက်များအား စမ်းသပ်ချက်အရ
ဘေးထွက်ဆိုးကျိုး မတွေ့ရှိရပေ။ ကြိတ်မှန်သည် အဖြူ
အဝါ အနက် ဟူ၍ ၃ မျိုးခန့် ရှိသော်လည်း အနက်မျိုးမှာ
လွန်စွာရှားပါးသည်။ အပွင့်ဖြူ အပင်မှပွင့်ဖတ်အဖြူလေး
များကြွေကျပြီးနောက် အသီးခွက်တွင် အညိုအနက်ဖြစ်
လာသည်ကို ကြိတ်မှန်နက်ဟုလည်းယူဆကြသည်။
#သွားခိုင်ဆေး
ကြိတ်မှန်ရွက်လတ်လတ်ဆတ်ဆတ် ကိုအမှုန့် ထောင်း
ထို့ အမှုန့် နှင့်နွားနို့ ကို တစ်လတိုင်အောင်သောက်သင့်၏
တစ်နှစ်သောက်ခဲ့ပါက ကန်းနေသောသူများလည်း
အမြင်သန်နိုင်သည်။ အ နေသောသူများပင်စကားပြော
နိုင်လိမ့်မည်။နား ပင်းသူများ အသံကြားလာလိမ့်မည်။
နဲ့ နေသောသွားများခိုင်မာပါလိမ့်မည်။
#ဆံပင်နက်ဆေး
ကြိတ်မှန်ရွက် နှမ်းနက် တို့ ကို အလေးတူယူ၍ အမှုန့် ပြုပြီးလျှင်တစ်လတိုင်အောင်စားပါ။စားတိုင်း
နွားနို့ ကို အမြဲ မှီဝဲပေးခဲ့သော် အနာရောဂါကင်းစင်
သည့်အပြင် အသက်ရှည် ဆံပင်နက်စေသည့်အကျိုးထူး
ခံစားရမည်။
#ကျမ်းမာအသက်ရှည်ဆေး
ကြိတ်မှန်ရွက် နှမ်းနက် ဆီးဖြူသီးခြောက် ကို အလေးချိန်တူယူ အလေးချိန်သုံးဆ သကြားခဲကိုထည့်
ရော၍အမှုန့် ပြုပြီးနေစဉ် မပြတ် မှီဝဲသွားခဲ့သော် အို သော အဖြစ်မှ နှေး လိမ့်မည် အချိန်မကျမှီ မသေနိင်ပေ။
#စအိုလျောနာ
ကြိတ်မှန် မြစ်နှင့် နနွင်းကို အညီ အမှုန့် ထောင်းပြီး
လိမ်းပေးပါက ထိုရောဂါပျောက်သည်။
#ခရုသင်းနာ
ကြိတ်မှန်မြစ် ဖန်ခါးမြစ် နှစ်မျိုးကို အညီအမျှ ယူ အိုး
တစ်ခုတွင် ဖုတ်ပါ ပြာ ကျပါက ထိုပြာကို ပုန်းရည်ဖြင့်
ဖျော် လိမ်းပါက ခရုသင်းနာပျောက်သည်။
#ကာလသားရောဂါ
ကြိတ်မှန်ရွက် ကြစုသီး သစ်ဆိမ့်သီး နှပ်ချိုမြစ်
ကြေးနီမှုန့် သံမှုန့် တို ကို အညီအမျှ အလေးချိန် ယူ၍
မှုန့် ညက်အောင် ထောင်းပြီး အနာရှိရာ လိမ်းပါက ပျောက်ကင်း၏။
#လေတုလာသရောအကျိတ်နာ
ပင်စိမ်းရွက် ရွေးဖြူ ရွက်ဗုံလုံခါးရွက် ၄င်းတို့ ကို
အညီအမျှစီ ယူအားလုံး သုံးဆ ကြိတ်မှန်ရွက် သတ္တုရည်
တွင်ရော၍ကြိတ်ပြီး အတောင့်လုပ်ထားပါ။ ၄င်း အတောင့်ကိုဆံပုန်းရည်ဖြင့်ရောပြီးလိမ်းပါက အထက်ပါ
ရောဂါလျင်စွာပျောက်ကင်းသည်။
#ထိပ်ပြောင်မွေးကျွတ်နာ
ကြိတ်မှန်ရွက် မန်ကျီးသီး ဆီးဖြူသီး တို့ ကို သတ္တုရည် ပြု သံမဏိ မှုန့် ကိုရောပြီးညက်စွာကြိတ် မှီဝဲ
ခဲ့သော်ဆံပင်ကျွတ်ခြင်း ထိပ်ပြောင်ခြင်းများပျောက်ကာ
ဆံပင်ပြန်ပေါက်ပါလိမ့်မည်။
#နေလှည့်ခေါင်းကိုက်နာ
ကြိတ်မှန်ရွက် သတ္တုရည်တွင် ဆိတ်နို့ ကို ဆတူယူ ရောပြီး နေတွင်လှမ်းပါပူနွေးနွေး ရှိလာသော
အခါ ရူ ပေးပါကထိုရောဂါ ပျောက်သည်။
#ကိုယ်ရေဝါရောဂါ
ကြိတ်မှန်ရွက် သတ္တုရည် ကိုငြုပ်ကောင်းမှုန့် ရော၍ နံနက်စောစောတွင် ဒိန်ရည်ဖြင့်သောက်ပါ။ ၇ ရက်
ဆက်သောက်ပါက ပျောက်ကင်းလိမ့်မည်။
#ပြဒါးအဆိပ်သင့်နာ
ကြိတ်မှန်ရွက် သတ္တုရည် ပေါက်ပန်းဖြူရွက် သတ္တု
ရည် ဆော်ဒါ မှုန့် တို့ ကို ပုန်းရည်ဖြင့် ရောပြီး တစ်နေ့  ၃
ကျပ်သား ခန့်  သောက်ပေးပါက ပြဒါးများသည် ကျင်ငယ်
မှ သက်ဆင်း ပျောက်ကင်းပါသည်။
#မီးလောင်နာ
ကြိတ်မှန်ရွက် သတ္တုရည် နှင့် ပင်စိမ်းရွက်သတ္တုရည်
တို့ ကိုရော၍မီးလောင်နာတွင် တစ်နေ့  ၂ ကြိမ်ခန့် လိမ်း
ပေးပါက ပူလောင်ခြင်း ပျောက်ကင်း၍အနာပေါ်တွင်
အမာရွတ်များပါ ပျောက်ကင်းလိမ့်မည်။
#အဆီတိုးရောဂါ
နေ့ စဉ် ညအိပ်ရာဝင်ချိန်တွင် ကြိတ်မှန်ရွက် သတ္တု
ရည်ဖြင့် ခန္ဓာ ကိုယ်ကို လိမ်းပေး ၆ လတိုင်ပြုလုပ်ပေးပါ
များပြားနေသော အဆီများလျော့ပါးပြီး အဆီကျိတ် များ
လည်းပျောက်ကင်းလိမ့်မည်။
#ဝမ်းဗိုက်ပိုးနာ
ကြိတ်မှန်ရွက် သတ္တုရည်ကို ဝစ္စမဂ် ၌ ၃ ၄ ကြိမ် လူး
ပေးပါက ပိုးများကျဆင်းလာပါလိမ့်မည်။
#ရေယုန်ကြီးနာ
ကြိတ်မှန်မြစ် နှင့် နနွင်းကိုရေဖြင့်သွေး၍နေ့ စဉ် လိမ်းကျံပေးပါက ပျောက်ကင်းသည်။
#နူမွဲနာ
ကြိတ်မှန်ပင် အစို တစ်ပင်လုံးကို ဖယောင်းသားကျ
အောင်ကြိတ်ပြီး နှမ်းဆီဖြင့်ချက်ကာ နူမွဲ များကို လိမ်းပေး
ပါကပျောက်ကင်းသည်။
#ဝမ်းမီနှုံနှင့်သွေးအားနည်း
ကြိတ်မှန်ပင်တစ်ပင်လုံးကို ယူ၍ အရိပ်တွင် သွေ့
စေကာအမှုန့် ပြု ထို အမှုန့် ဖြင့်အလေးချိန်တူ တြိဖလ အမှုန့်  ရောစပ် ထို ၂ မျိုးလုံး၏အလေးချိန်ဖြင့်ညီမျှသော
သကြားခဲ အလေးချိန်ကို ယူပြီ အမှုန့် ပြုရောစပ် ထို
အမှုန့်  ၃ မတ်သားကိုသင့်တော်သော အစာအဟာရဖြင့်
မှီဝဲခဲ့ပါက ဝမ်းမီးနှုံနှင့်သွေးအားနည်းရောဂါ ပျောက်ကင်း
လာပါလိမ့်မည်။
#ခံတွင်းပျက်နှင့်ကြိတ်မှန်ရွက်ယို
ကြိတ်မှန်ရွက်ပဉ္စငါးပါးနုတ်နုတ်စင်းပြီးသား ၂၅ ကျပ်သားထန်းလျက်သန့် သန့်  ၁၀ သား နှင့်အရည်ညစ်
ပြီးသားရှောက်သီး ဖတ် ၁၀ ကျပ်သား ကြက်သွန်နီ ပါးပါး
လှီးပြီးသား ၁၀ သား စမုန်မျိုးငါးပါး အမှုန့် နှစ်ပဲသားစီ
အထက်ပါ ဆေးအစုကို အိုးသစ်တွင် ဆားသင့်ရုံ ရေသင့်
ရုံထည့်ပါ မီးဖိုတွင် ယိုထိုးသလို ထိုးပါ ယို အဖြစ်သို့ 
ရောက်ပါက အအေးခံဘူးသစ်တွင်ထည့် အစာ နှင့် ဝေးချိန် နံနက် အိပ်ရာထ နေ့ လည် ညအိပ်ရာဝင် တစ်နေ့  သုံးကြိမ်စားပေး။ ထို ယိုဖြင့် ပျောက်ကင်းနိုင်
သောရောဂါများ ကိုယ်လက် ဖေါယောင် ကိုယ်ဝန်ရျိစ ပျို့
အန်နာ ကိုယ်ဝန်ပျက် ကြက်မျက်သင့် ချောင်းဆိုးပန်းနာ
ခြေတုန်လက်တုန် တစ်ကိုယ်လုံးယာနာ နှလုံးတုန်ရင်ခုန်
နှလုံးရောဂါ ပွေးဝဲနှင်းခူ ဖိုမ အင်္ဂါစပ်ရောင်ရောဂါ ဗရင်ဂျီ
နာ မီးယပ်ကွက် မီးယပ်ခေါင်းကိုက် မီးယပ်ထုံကျင်
မေထုံလွန် မျက်စိမှုန် ယောင်ပြီးလန့် အော်သောအနာ
လေနာ ဝမ်းကိုက် ဝမ်းချုပ်လွန် ဝမ်းသက်လွန် သလိပ်နာ
သာအိမ်ကိုက်ခဲ သည်းခြေသွေးပုပ် သွေးဆုံး သွေးလွန်
သွေးအားနည်း စသည့် ရောဂါများအတွက်လည်း ထိရောက်ပါသည်။
#ကြိတ်မှန်ရွက် လက်သုပ်
ကြိတ်မှန်ရွက်ကို ရနွေး ဖျော ပြီး ပါးပါးလှီး ကြက်သွန်နီ
ဆီချက် နှမ်းမှုန့်  ပဲမှုန့် အကျတ် မန်ကျည်းမှည့် (ဝါ)ရှောက် သံပရာ ငံပြာရည်တို့ ဖြင့်သုပ်စားပေးခြင်းဖြင့်
အသားအရည် ကြည်လင်စိုပြည်လာပါလိမ့်မည်။
မိန်းခလေး များနှင့် အထူးသင့်တော်သည်။
အထင်မသေးသင့်သော သဘာဝ လမ်းဘေးပေါက်
ကြိတ်မှန်ပင် အကြောင်းအား တင်ပြလိုက်ပါသည်။
အညွန်း။ ။ ရှင်နာဂသိန်ပုံပြဆေးအဘိဓါန်
မြန်မာ့ဆေးဖက်ဝင် အပင်များ
မသိသူကျော်သွားဆေးမှတ်စု။
စည်သူ - မြန်မာ့ဆေးဖက်ဝင်အပင်များ-Medicinal Plants of Myanmar
Wednesday, 9 March 2016
အဖြူရောင် ပေါင်မုန့်တွေက လည်ချောင်းကင်ဆာ ဖြစ်နိုင်ဟုဆို
အဖြူရောင် ပေါင်မုန့်တွေက လည်ချောင်းကင်ဆာ ဖြစ်နိုင်ဟုဆို
------
စီးကရက်ကသာ လည်ချောင်းကင်ဆာလို ရောဂါမျိုးတွေ ဖြစ်ပွားနိုင်ချေရှိတာမဟုတ်ပါဘူး။ နေ့စဉ် စားသုံးကြတဲ့ အဖြူရောင်ပေါင်မုန့်တွေကို စားသုံးခြင်းဖြင့်လည်း လည်ချောင်းကင်ဆာ ဖြစ်နိုင်ချေရှိတယ်လို့ လေ့လာချက် အသစ်တစ်ရပ်က ဆိုပါတယ်။
ကာဘိုဟိုက်ဒြိတ်ဓာတ်ပါဝင်တဲ့ အစားအသောက်တွေဟာ ခါးရိုးနဲ့ လည်ချောင်းတွေ ကျန်းမာရေးအတွက် မကောင်းမွန်ဘူးလို့ ဆိုပါတယ်။ ကဆီဓာတ်ပါဝင်မှုနှုန်း များပြားတဲ့ အစားအသောက်တွေကို စားသောက်ခြင်းဖြင့် လည်ချောင်းကင်ဆာ ပိုဖြစ်နိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ ဆေးလိပ်မသောက်တဲ့သူတွေထဲက ၁၂ ရာခိုင်နှုန်းလောက်ဟာ လည်ချောင်းကင်ဆာ ဖြစ်ပွားကြပြီး အကြောင်းအရင်းကတော့ ဒီအစားအသောက်တွေကြောင့် ဖြစ်ပါတယ်။
ဒီအစားသောက်တွေ အများအပြား စားသောက်ရင် သွေးထဲက သကြားဓာတ်နဲ့ အင်ဆူလင်ဓာတ်ကို ပိုမို တိုးပွားလာစေပါတယ်။ အဲဒီနောက် IGFs လို့ခေါ်တဲ့ ဟိုမုန်းဓာတ်တိုးပွားလာပြီး လည်ချောင်းကင်ဆာ ဖြစ်ပွားရခြင်းရဲ့ အကြောင်းအရင်း ဖြစ်နေပါတယ်။
Source & Photos : Daily Mail
duwun
kuantan Min Yar Zar
Monday, 7 March 2016
ဂေါက်ရောဂါအကြောင်း သိကောင်းစရာ
ဂေါက်ရောဂါအကြောင်း သိကောင်းစရာ
ဂေါက်ရောဂါ (Gout) က ခန္ဓာကိုယ်ရဲ့စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ယူရစ်အက်ဆစ် (Uric Acid) တွေ သွေးတွင်းမှာ များနေတာကြောင့် ဖြစ်လာတဲ့ အဆစ်ရောင်ရောဂါတစ်ခုပါ။ ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ်တွေများရတဲ့ အကြောင်းရင်း အဓိက နှစ်ချက်ရှိပါတယ်။ တစ်ချက်က ခန္ဓာကိုယ်က ယူရစ်အက်ဆစ် ထုတ်လုပ်မှုများတာကြောင့်ြုဖစ်ပြီး နောက်တစ်ချက်ကတော့ ကျောက်ကပ်က ယူရစ်အက်ဆစ်စွန့်ထုတ်မှု နည်းတာကြောင့်ပါ။ သွေးထဲမှာ ပိုလျှံနေတဲ့ ယူရစ်အက်ဆစ်တွေက ပုံဆောင်ခဲအဖြစ် ပြောင်းလဲပြီး အဆစ်အတွင်း စုဆောင်းရာကနေ အဆစ်နာကျင်ကိုက်ခဲပြီး ဂေါက်ရောဂါ ဖြစ်လာရပါတယ်။
ကင်ဆာရောဂါ
ယူရစ်အက်ဆစ်ထုတ်လုပ်မှုများရတာဟာ ကင်ဆာရောဂါဝေဒနာရှင်တွေမှာ ဆဲလ်တွေကွဲတာ ပွားတာများကြောင့် ဒါမှမဟုတ် ကင်ဆာဝေဒနာရှင်တွေဟာ ဓာတ်ရောင်ခြည်နဲ့ကုသမှု ခံယူတဲ့အခါ ဆဲလ်တွေ ပြိုကွဲထွက်တာကြောင့် ခန္ဓာကိုယ်တွင်းမှာ ယူရစ်အက်ဆစ်တွေ များလာပါတယ်။
ကျောက်ကပ်ရောဂါ
ကျောက်ကပ်ရဲ့  လုပ်ဆောင်မှုတွေ မကောင်းတဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ယူရစ်အက်ဆစ်အပြင် တခြားသောစွန့်ပစ်ရမယ့်အရာတွေကို မစွန့်ထုတ်နိုင်ပါဘူး။ ဒါ့ကြောင့် ကျောက်ကပ်မကောင်းတာကလည်း ဂေါက်ရောဂါကို ဖြစ်စေပါတယ်။
သွေးတိုးရောဂါ
သွေးတိုးရောဂါရှိသူ တချို့တွေဟာ ကျောက်ကပ်မကောင်းတာကြောင့် သွေးတိုးရောဂါကို ခံစားနေရ တတ်ပါတယ်။ ကျောက်ကပ်မကောင်းတာကြောင့် ခန္ဓာကိုယ်တွင်းမှာ ယူရစ်အက်ဆစ်တွေ များနေပြီး ဂေါက်ရောဂါကိုပါ ခံစားနိုင်ပါတယ်။ သွေးတိုးရောဂါရှိသူတွေမှာ ဂေါက်ရောဂါပါရှိပါက အ၀လွန်တာ အဆီများတာ၊ ဆီးချို သွေးချိုရောဂါ၊ နှလုံးရောဂါတွေ ဖြစ်ပွားမှုကိုပါ အားပေးရာ ရောက်ပါတယ်။
ဆီးချိုသွေးချိုရောဂါ
သင်ဟာ အချိုများများစားလို့ ပန်ကရိယက အင်ဆူလင်ဟော်မုန်းများများ ထုတ်ပေးလို့ဖြစ်စေ ဒါမှမဟုတ် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ အင်ဆူလင်ဟော်မုန်းက လုပ်ဆောင်ရမယ့် လုပ်ငန်း တာဝန်ကို မလုပ်ဆောင်ဘဲ သွေးတွင်းမှာ များနေတာဖြစ်စေ၊ ဂေါက်ရောဂါကို ဖြစ်စေပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သွေးတွင်းများနေတဲ့ အင်ဆူလင်ဟော်မုန်းတွေက ကျောက်ကပ်ကနေ ယူရစ်အက်ဆစ်ကို မစွန့်ထုတ်စေပြီး ပြန်လည်စုပ်ယူမှုကို အားပေးတာကြောင့် သွေးတွင်း ယူရစ်အက်ဆစ်များလာပြီး ဂေါက်ရောဂါကို ဖြစ်စေပါတယ်။
အ၀လွန်ရောဂါ
ဒီနေ့ခေတ်မှာ အဆင့်သင့်စားလို့ရတဲ့ အစာတွေက အတော်လေးကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ် ရောင်းချလာပါတယ်။ အဆင်သင့်အစာတွေ၊ ဆီကြော်စာတွေ၊ နည်းနည်းစားရုံနဲ့ ကယ်လိုရီအများကြီးရတဲ့ အစာတွေကြောင့် အ၀လွန်တာတွေ ဖြစ်လာကြပါတယ်။ ဒီအစာတွေကြောင့် အ၀လွန်တာနဲ့အတူ ဂေါက်ရောဂါပါ ဖြစ်လာပါတယ်။
သွေးဆုံးပြီး အမျိုးသမီးများ
မဟော်မုန်း အီစထရိုဂျင်က ကျောက်ကပ်ကနေ ယူရစ်အက်စစ်စွန့်ထုတ်တာကို အားပေးပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်းလျော့နည်းသွားတာကြောင့် သွေးတွင်းမှာ ယူရစ်အက်စစ်တွေများလာပြီး ဂေါက်ရောဂါကို ဖြစ်စေပါသည်။
ခဲဆိပ်စားမိခြင်း
ခဲဆိပ်က ကျောက်ကပ်ရဲ့ ယူရစ်အက်စစ် စွန့်ထုတ်မှုကို နှောင့်ယှက်ဟန့်ထားတာကြောင့် သွေးတွင်းယူရစ်အက်စစ်တွေများလာပြီး၊ ဂေါက်ရောဂါထစေပါသည်။ ၀ိုင်မှာပါတဲ့ ခဲဆိပ်ကြောင့် ၀ိုင်သောက်သူတွေဟာ ဂေါက်ရောဂါထတတ်ပါတယ်။ ပုစွန်ခြောက်၊ ငါးခြောက်တွေကိုအရောင်လှအောင် ခဲပက်တာတွေကြောင့် စားသုံးသူတွေရဲ့ သွေးတွင်းမှာ ယူရစ်အက်စစ်များပြီး ဂေါက်ရောဂါထစေပါသည်။
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်က သွေးကြောတွေကို ကျဉ်းစေပါတယ်။ အထူးသဖြင့် ကျောက်ကပ်ကို သွားတဲ့သွေးကြောတွေကို ကျဉ်းစေတာကြောင့် ကျောက်ကပ်ကနေ ယူရစ်အက်စစ်စွန့်ထုတ်တာကို လျော့နည်းစေပြီး ဂေါက်ရောဂါကို ဖြစ်စေတယ်။
ဂေါက်ရောဂါ ကာကွယ်နိုင်သောနည်းလမ်းများ
၁။ အဆီနဲသော Cholesterol နဲသော အစားအစာကို စားသုံးပါ။ အဆိုပါ diet ကိုစားသုံးခြင်းဖြင့် နှလုံးရောဂါဖြစ်ခြင်းကို ကာကွယ်နိုင်ရုံသာမက ဂေါက်ရောဂါဖြစ်ခြင်းကိုပါ ကာကွယ်ပေးနိုင်ပါသည်။
၂။ ဂေါက်ရောဂါဖြစ်စေသော Purine ဓာတ်များစေသော အစားအစာများကိုရှောင်ကျဉ်ပါ။ ဂေါက်ရောဂါကို ပိုမိုဆိုးရွားစေသော အစားအစာများမှာ
အနီရောင်ရှိသောအသားများ (ဝက်သား၊ အမဲသား)
ကိုယ်တွင်းကလီစာများ (အသဲ၊ နှလုံး)
အခွံမာရှိသော ပင်လယ်စာများ (ပုစွန်၊ ပုစွန်ထုပ်)
သန့်စင်ထားသော Carbohydrates ပါသောအစားအစာများ (white rice, white bread)
သကြားဓာတ်များသော အချိုရည်များ
အရက်နှင့် ဘီယာများ
၃။ ခန္ဓာကိုယ်အလေးချိန် လျော့ခြင်းသည် Uric acid တက်ခြင်းကိုကာကွယ်ပေးနိုင်ပါသည်။
၎။ ရေဓာတ်ခန်းခြောက်မှု ကိုကာကွယ်ပါ။ ရေများများသောက်ပါ။
၅။ နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးပါ။ (အထူးသဖြင့် အဆီထုတ်ထားသော နွားနို့၊ ဒိန်ချဉ်)။
၆။ ပြောင်းဖူး နှင့် ပြောင်းနှင့်ပက်သက်သော အစားအစာများစားသုံးခြင်းမှ ရှောင်ကျဉ်ပါ။
Credit မေသတင်းရပ်ကွပ်လေး
kuantan min yar zar
အရေးပေါ်သုံးရက်ဝိတ်ချအူဆေးနည်း
3Day Detox Diet & Detox ( 10pound loss )
အရေးပေါ်သုံးရက်ဝိတ်ချအူဆေးနည်း
သုံးရက်တည်းနဲ့အူရှင်းဆေမယ့်အပြင် 5ပေါင်မှ 10ပေါင်အတွင်းကျ
စေနိုင်မယ့်နည်းလေးပါ အရင် 3day နဲ့ခပ်ဆင်ဆင်ပါ အတိအကျလို
က်လုပ့်နိုင်ရင်တကယ်ကျပါတယ် အရေးပေါ်အမြန်ဝိတ်ချတာဖြစ်လို့အ
နည်းငယ်စိတ်ပင်ပန်းနိုင်ပါတယ် ထမင်းလွတ်နည်းဖြစ်လို့ အစာအိမ်
ရေားဂါကုနေရသူတွေ သွေးအားနည်းသူတွေ နို့တိုက်မိခင်တွေနဲ့အ
သက်ကြီးပိုင်းတွေလုံးဝ လုံးဝလိုက်လုပ့်ဖို့မသင့်ပါ မိမိကျမ်းမာရေးနဲ့ချင့်
ချိန်ပီးလုပ့်ပေးပါ
အဓိကပြေားချင်တာက ပါဝင်ပစ္စည်းတွေကိုအသင့်ပြင်ဆင်ပီးမှစပါ
မိမိရဲ့စိတ်ကိုနိုင်အောင်ထိန်းပါ သုံးရက်အတွင်း အိမ်တွင်းအောင်းပီး
Diet လုပ့်တာအကောင်းဆုံးပါ အစားအသောက်တွေအကြောင်းခန
ခနမစဉ်းစားပါနဲ့ သုံးရက်လုပ့်ပီး သုံးရက်ခန့်နားပီးပြန်စပါ အနည်းဆုံး
ဆယ်ကြိမ်အထိဆက်တိုက်လုပ့်နိုင်ရင် ပေါင် 40 လောက်ထိကျပါတ
ယ် ပထမအကြိမ်ဆိုရင် အူရှင်းလာမယ် ဝိတ်သိပ့်မကျတာမျိုးဖြစ်နေမ
ယ်လို့စိတ်ကထင်နေမယ် စိတ်ဓာတ်မကျပဲထပ့်ကြိုးစားပါ နောက်တ
ကြိမ်ဆိုရင် ပိုကျမှာပါ တသက်လုံးကိုယ်ကြိုက်တဲ့အဆီအစိမ့်မှန်သမျှ
စားလာခဲ့တော့ ဇွဲးရှိရှိသည်းညည်းခံပီး စိတ်တင်းကာကြိုးစားပါ သင်္ကြ
န်လည်းနီးလာပီးလေ မိမိဖတ်ပီးရင်လည်း တခြားသူတွေပါသိရအော
င်ပြန်ပီး Share ပေးပါနော်း စလိုက်ရအောင်
ပါဝင်ပစ္စည်းတွေကတော့ ???
ပေါင်မုန့်ကြမ်းလေးချပ့်
Green Tea ကြိုးဆွဲးအထုတ် သုံးထုတ်
တူနာငါးသေတ္တာအဝိုင်းသေးနှစ်ဘူး
ပန်းသီးစိမ်းနှစိလုံး
သီးမွေးဌက်ပျေား 4လုံး
ကြက်ဥ 3 လုံး
ပဲသီးစိမ်းအနည်းငယ်
ပန်းမုန်လာစိမ်းအသေးတဖူး
မုန်လာဥနီအသေးတလုံး
ခရက်ကာမုန့် 10 ချပ့်
ကြက်သားပြုတ်အနည်းငယ်
အနီချောင်းနှစ်ချောင်း
ဒိန်ချဉ်နှစ်ခွက်
======================
အူရှင်းရေပြုလုပ်ရန်ပါဝင်ပစ္စည်း ??
သခွားသီးတလုံး ( အကွင်းလေးတွေလှီးထားပါ )
ဂျင်းလက်တဆစ် ( ပါးပါးလှီး )
ဇီယာ လက်တဆုပ် (အဲ့အရွက်နဲ့အငြင်းမပွားလိုပါ ပုံပါအရွက်ပါ )
ရှားစောင်းလက်ပက် အနှစ် ငါးဇွန်း
လီမွန်ငါးကွင်း
ပါဝင်ပစ္စည်းတွေကို ရေသန့်နှစ်လီတာဘူးထဲးထည့်ပီးရေအပြည့်ဖြည့်
ကာညကတည်းစိမ်ထားပါ မနက်ထထချင်းသောက်ပါ ရှားစောင်းအနှစ်
ကအူမှာရှိတဲ့အညစ်အကြေးတွေရှင်းထုတ်ပေးပါတယ် တရက်တခါသ
ာပြုလုပ်ပါ နှစ်လီတာကုန်အောင်သောက်ပီး နောက်ရက်အတွက်အသ
စ်လဲးပါ
====================
အိပ့်ယာထထချင်း Detox Water လုပ့်ထားတာကို နှစ်ခွက်ဆင့်
သောက်ပေးပါ
Day (1) မနက်စာ
ပေါင်မုန့်ကြမ်းထောပတ်သုတ်တချပ့် + green tea ပူပူတခွက်
နေ့လည်စာ ??
ပေါင်မုန့်ကြမ်းတချပ့်ကို တူနာငါးသေတ္တာအသားညှပ့် + ရေနွေးနွးတ
ခွက် + Detox ရေခွက်ကြီးတခွက်
ညစာ ??
ပန်းသီးစိမ်းအသေးတလုံး + ကြက်သားပြုတ်အနည်းငယ် + ပဲသီးစိ
မ်းရေနွေးဖျေား
Day (2) မနက်စာ
ပေါင်မုန့်ကြမ်းတချပ့် + ကြက်ဥပြုတ်တလုံး + Green Tea ပူပူတ
စ်ခွက်
နေ့လည်စာ ??
ကြက်ဥပြုတ်တလုံး + ခရက်ကာမုန့်ငါးချပ့်ထောပတ်သုတ် + Detox Water ခွက်ကြီးတခွက်
ညစာ ??
ပန်းဖူးစိမ်း + မုန်လာဥနီ + အနီချောင်း ရေနွေးဖျောပီးရေားစားပါ +
ဒိန်ချဉ်တခွက်
Day (3) မနက်စာ
ခရက်ကာမုန့်ငါးချပ့် + ပန်းသီးစိမ်းတလုံး + green tea ပူပူတခွက်
နေ့လည်စာ ??
ကြက်ဥပြုတ်တလုံး + ပေါင်မုန့်ကြမ်းတချပ့် + Detox Water တခွက်
ညစာ ??
တူနာငါးသေတ္တာအသားအနည်းငယ် + ဒိန်ချဉ်တခွက်
ကျန်အချိန်တွေ ရေငတ်တိုင်း ရေအစား Detox Water ကိုသာ
သောက်ပေးရပါမယ် 3day Diet လုပ့်နေတဲ့အချိန်အတွင်းရှောင်ရ
မှာတွေက ထမင်းလုံးဝမစားပါနဲ့  ကော်ဖီ / ဂတ်စ်ပါတဲ့အချိုရည် / ဆီ
ကြော် / သကြား / တခြားသရေစာတခုခု သုံးရက်တည်းလုပ့်ရမှာမို့
အတတ့်နိုင်ဆုံးရှောင်ပါ ဝိတ်ချတယ်ဆိုမှတော့ ဗိုက်ဆာတဲ့ဒဏ်ကိုခံရ
မှာပါ သည်းညည်းခံနိုင်ရင် ပိန်လာမှာပါ  အိမ်မှာနေတဲ့သူအတွက်သာ
အဆင်ပြေပါတယ် ဒီ Diet က အာဟာရပြတ်တဲ့အထိတော့မဖြစ်ပါဖူ
း  အရမ်းကြီးဗိုက်ဆာလာရင် ဖရဲးသီး ပန်းသီးစားလို့ရပါတယ်အနည်း
ငယ်လောက်ပေါ့ ကန်စွန်းရွက်သုတ်လည်းစားလို့ရပါတယ်
သုံးရက်မစခင်ဝိတ်ချိန်ပါ ဗိုက်အပတ်ကိုတိုင်းပါ သုံးရက်ထိတိတိကျကျ
လိုက်လုပ်ပီးအောင်မြင်သွားရင် ခန္တာကိုယ်ပေါ့ပါးလန်းဆန်းပီး အရင်
ကထက် ထိုင်ရထရ သွားရလာရတာပေါ့ပါးနေတာကိုခံစားမိမှာပါ ဝိတ်
လည်းသိသိသာသာကျသွားမှာပါ ကြိုးစားရင်ဘာမဆိုဖြစ်နိုင်ပါတယ်
ကဲး သင်္ကြန်အမှီအဝတ်အစားလှလှလေးတွေဝတ်နိုင်ဖို့ကြိုးစားလိုက်
ကြရအောင်နော်း Admin ရဲ့မမတစ်ယောက်ကြိုးစားနေတာ ပေါင် 145 ကနေ အခု 120 ပဲရှိတော့တယ်လို့ တကယ်ကျလို့တင်ပေးလို
က်တာပါ သူကသုံးကြိမ်မြောက်ရှိပါပီး ကြိုးစားနေတာ  5ting :) :)
ပြန်လည်မျှဝေခြင်း ကွမ်တန်းမင်းရာဇာ