မင်္ဂလာပါဗျ။ မင်းရာဇာ(ကွမ်တန်း မလေးရှား)မှ ကြိုဆိုပါတယ်ဗျ။
Tuesday, 20 October 2015
ဆေးလိပ်မဖြတ်နိုင်သူတွေ ဒီ အချက် (၄) ချက်ကို မဖြစ်မနေ သိထားသင့်
ဆေးလိပ်သောက်ခြင်းက ကျန်းမာရေး အန္တရာယ်တစ်ခုဆိုတာ ကျွန်ုပ်တို့တစ်ယောက်ချင်းစီ သိထားကြပြီဖြစ်ပါတယ်။ ဒါပေမယ့် အစားအသောက်အများစုဟာ ဆေးလိပ်မှာတွေ့တဲ့ အန္တရာယ်ဖြစ်စေတဲ့အရာတွေကို အဆုတ် သန့်ရှင်းခြင်းနဲ့ ပတ်သက်လာရင် ထိရောက်စွာ စွမ်းဆောင်နိုင်ကြောင်း သိပ္ပံပညာရှင်များမှ မကြာသေးမီက လေ့လာတွေ့ရှိခဲ့ပါတယ်။
အဆုတ်သန့်ရှင်းစေနိုင်တဲ့ အရာတွေထဲမှာ ဒီ (၄) ချက်လည်း ပါဝင်ပါတယ်။
၁။ ရှောက်ခါးသီးကြီး
ရှောက်ခါးသီးကြီးမှာ အင်တီအောက်စီဒင်းများစွာ ပါဝင်ပြီး ကင်ဆာရောဂါခုခံတိုက်ဖျက်ရာမှာ ထိရောက်တဲ့အရာတစ်ခုအဖြစ် လူသိများပါတယ်။ ဒီအချက်တွေ မျှဝေခြင်းဖြင့် သူငယ်ချင်းဆေးလိပ်သောက်သူများကို များစွာ အထောက်အကူဖြစ်စေပါလိမ့်မယ်။ သို့သော် ဆေးလိပ်ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။
၂။ ဂျင်း
ဂျင်းက အသက်ရှူမှုပိုင်းဆိုင်ရာ ကူညီပေးပြီး အညစ်အကြေးတွေ ဖယ်ရှားပေးပါတယ်။ ပြီးတော့ ဂျင်းမှာ ပိုးသတ်ဆေးနဲ့ ဘက်တီးရီးယား ခုခံကာကွယ်ပေးတဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။
၃။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူက အဆုတ်ကျန်းမာခြင်းအတွက် အရေးပါပြီး အာဟာရဖြစ်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ အဆုတ်စစ်ထုတ်နိုင်စွမ်းရှိပြီး ..,.
အပြည့်အစုံကို ဤနေရာတွင်ဖတ်ပါ ===>
http://www.phothutaw.com/2015/10/blog-post_540.html
 ဆီးချိုသမားတွေအတွက် ကောင်းတဲ့ ကျွဲကောသီး like emoticon
-ဆီးချိုသမားတွေအတွက်ကတော့ ကျွဲကောသီးဟာ သွေးတွင်း အချိုဓါတ်ကို ကူညီလျှော့ချပေးနိုင်တဲ့ အသီးပါ။
-အစားစားချင်စိတ်ကို လျော့နည်းစေတဲ့ အင်ဆူလင်ထုတ်လွှတ်မှုကိုလည်း လျှော့ချပေးပါတယ်။
-အစားစားချင်စိတ် ဖြစ်ပေါ်လာတဲ့ အခါမှာလည်း ကစီဓါတ် စားချင်စိတ်ကို လျော့နည်းစေလို့ သွေးတွင်း အချိုဓါတ်ဖြစ်ပေါ်မှုကို လျော့ပါးစေပါတယ်။ ဒါကြောင့်ပဲ ဝတဲ့သူတွေအတွက်လည်း ကျွဲကောသီးက ဝိတ်ကျဖို့ အထောက်အကူပြုစေပါတယ်။
-သွေးတွင်းအချိုဓါတ်ကို လျှော့ချပေးတဲ့အပြင် သွေးတွင်း ကိုလက်စထရော (Cholesterol) ကို လျှော့ချပေးလို့ သွေးတိုးနဲ့ နှလုံးနဲ့ ပတ်သက်တဲ့ရောဂါတွေဖြစ်ပွားနိုင်မှုကို နိမ့်ကျစေပါတယ်။
-ကျွဲကောသီးမှာပါဝင်တဲ့ Vitamin C နဲ့ Potassium က ကိုယ်ခန္ဓာတွင်းရှိမကောင်းတဲ့ ဓါတ်တွေကို ဆီးအဖြစ် စွန့်ထုတ်ရာမှာလည်း အကူအညီပေးပါတယ်။
-ဆီးချိုသမားတွေဖြစ်လေ့ရှိတဲ့ နာဗ်ကြောနဲ့ ဆိုင်တဲ့ပြဿနာတွေကိုလည်း ကျွဲကောသီးက ကူညီပေးနိုင်ပါတယ်။ ကျွဲကောသီးမှာပါတဲ့ potassium က ကြွက်သားတွေကို တင်းတင်းရင်းရင်းဖြစ်စေလို့ ဆီးချိုကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်တွဲကျတာတွေကို လျော့နည်းစေပါတယ်။
-ကျွဲကောသီးမှာပါဝင်တဲ့ Flavonoids ဓါတ်ကလည်း ပန်ကရိယာ၊ ရင်သား၊ အူစတဲ့နေရာတွေမှာ ကင်ဆာဆဲလ်နဲ့ အကျိတ်တွေ မဖြစ်စေဖို့ ကူညီပေးပါတယ်။
-ဆီးချိုရှိတဲ့သူတွေဟာ ချူချာကြပါတယ်။ဘာလို့လဲဆိုတော့ သူ့တို့ရဲ့ခန္ဓာကိုယ်ဟာ လိုအပ်တဲ့ အာဟာရဓါတ်တွေကို သေသေချာချာမစုပ်ယူနိုင်တဲ့အတွက်ပါ။
ဒီပြဿနာအတွက်လည်း ကျွဲကောသီးက ကိုယ်ခံအားကို ဖြည့်တင်းပေးခြင်းဖြင့် ဖြေရှင်းပေးပါတယ်။
Monday, 19 October 2015
ထန်း သီးဆံနဲ့ C ပိုး
=============
မြင်ဘူးကြားဘူးတာလေးတခု တကယ်ပါ
စီပိုးရှိတဲ့အသိတယောက်ပေါ့
ထန်းသီးအဆံထဲက အရည်လေးတွေသောက်တာရောဂါပျောက်သွားတယ်
သူ့ခမျာထန်းသီးဆံရဘို့ တောင်သမန်အိမ်ရှေ့မင်းနဲ့သူ့ရွာအထိမကျန် လူကြုံကားကြုံ ကိုယ်တ်ုင်ရှာစားရတာမြင်တော့သနားတယ်ဗျာ
ခုတော့ဝဖီး အခြေနေကောင်းနေလို့ဝမ်းသာပါတယ်
သူထန်းသီးစားချိန်တုန်းက ချက်မှာထိုးရတဲ့ဆေးတောင်နိုင်ငံခြားသွားထိုးရတဲ့အချိန်ဗျ
မြန်မာပြည်မှာဆေးတလုံးတသိန်းကျော် အအေးခံထားတဲ့ဆေး ခုဝယ်ခုထိုးရတဲ့အချိန်မရောက်သေးဘူးဗျ
စမ်းကြည့်ပါ စီပိုးကိုထန်းသီးဆံကနိုင်တာမြင်လိ့်ုအကြံပြုတာပါ
ဗိုက်ထဲမှာ ဘာအစာမှမရှိတဲ့အချိန် ကော်ဖီသောက်မိတဲ့အခါ . . .
**********************************************************
အသင့်အတင့်ကော်ဖီသောက်ခြင်း က ကျန်းမာရေးနဲ့ညီညွတ်တယ် ဆိုတာကို လူတိုင်းသိပြီးဖြစ်ကြပါတယ်။ အထူး သဖြင့် ကော်ဖီထဲမှာပါရှိတဲ့ ခန္ဓာကိုယ်အကျိုး ပြုဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ အူမကြီး ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ သို့သော် အသီးအနှံမျိုးနွယ်ဝင် ကော်ဖီစေ့ထဲ မှာ chlorine genic အက်စစ်(ခေါ်)ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေပါရှိနေတာကို တွေ့ရပါ တယ်။ အစားအသောက်ဆိုင်ရာ ဓာတ်ခွဲစမ်း သပ်သူများ၏လေ့လာချက်များအရ ¤င်းဓာတ် တိုးဆန့်ကျင်ပစ္စည်းဟာ ဟာလာဟင်းလင်းဖြစ် နေတဲ့အစာအိမ် တစ်နည်းအားဖြင့်ဆိုသော် ဗိုက်ထဲမှာဘာအစာမှမရှိဘဲ ကော်ဖီသောက် မိတဲ့အခါ ဆိုးရွားတဲ့ဓာတ်ဖောက်ပြန်မှုကို ခံ စားရစေနိုင်တယ်လို့ဆိုပါတယ်။
အသေးစိတ်အနေဖြင့်ပြောရရင် ဟာလာ ဟင်းလင်းဖြစ်နေတဲ့ အစာအိမ်ထဲကို ဘလက်ခ် ကော်ဖီ(နို့လုံးဝမပါတဲ့ကော်ဖီကြမ်း)တစ်ခွက် လောင်းထည့်လိုက်တဲ့အခါ အစာချေအင်္ဂါအ စိတ်အပိုင်းများထဲမှ Hydrochloric အက် ဆစ်ထွက်ရှိလာပြီး အစာအိမ်ရောင်ရမ်းနာရော ဂါကို ဖြစ်စေနိုင်ပါတယ်။ အကယ်၍ မည်မျှ ပင်ကျန်းမာနေသော အစာအိမ်ဖြစ်ပါစေ ဤ ကဲ့သို့သောက်သုံးလိုက်ခြင်းကြောင့် Hydrochloric အက်စစ်များဟာ အစာအိမ်ထဲမှာပျံ့နှံ့ သွားပြီးနောက် ထမင်း(သို့)အဖတ်တွေစားပြီး တဲ့အခါမှာ ထိုအစားအစာတွေကို အစာအိမ် က ကောင်းစွာချေဖျက်နိုင်ဖို့ ခက်ခဲသွားပါပြီ။ ဒါ့အပြင် ထိုအစားအစာများထဲမှာပါရှိတဲ့ ပရို တင်းအာဟာရတန်ဖိုးများမှာလည်း အာနိသင် ပျက်ပြယ်လုနီးပါးဖြစ်သွားပါတော့တယ်။ ၄င်း ၏ နောက်ဆက်တွဲအဖြစ် ရင်ပြည့်ရင်ကယ်ခြင်း၊ အစာအိမ်အက်စစ်အထွက်များခြင်း၊ ပျို့ချင် အန်ချင်ခံစားရခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်း၊ အူရောင်လေပွခြင်းတို့အပြင် အဆုံးစွန်သော ဆိုးကျိုးအဖြစ် အူမကြီးကင်ဆာကိုပါဖြစ်စေ နိုင်ပါတယ်။
တစ်ဖန် အမေရိကန်နိုင်ငံရှိ ဆေးဘက် ဆိုင်ရာကျွမ်းကျင်သူများက အိပ်စက်ခြင်းနှင့် ကော်ဖီသောက်သုံးခြင်းကြောင့် သက်ရောက် မှုများကို လူငါးဦးဖြင့် အချိန်တစ်လခွဲကြာလေ့ လာခဲ့ကြရာ-
(က) ကော်ဖီတွင်ပါဝင်သော ကဖိန်းဓာတ်က ကိုယ်တွင်းဇီဝဖြစ်စဉ်များကို မိနစ် ၄ဝ ခန့်နောက် ကျစေကြောင်း။
(ခ) ညနေပိုင်းကော်ဖီသောက်သုံးခြင်းက အိပ် ရာဝင်ချိန်ကို တစ်နာရီခွဲခန့်အထိနောက်ကျသွား စေကြောင်း။
(ဂ) ညအိပ်ရာဝင်ချိန်မတိုင်မီ သုံးနာရီအတွင်း ကော်ဖီသောက်သုံးခြင်းက အိပ်ပျော်စေသော ဟော်မုန်းများထုတ်လုပ်မှုကို မိနစ် ၄ဝ ခန့်နောက် ကျစေကြောင်း။
(ဃ) ညနေပိုင်းကော်ဖီသောက်ခြင်းက အိပ် မပျော်စေရုံသာမက ကိုယ်တွင်းအင်္ဂါများလှုပ် ရှားလည်ပတ်မှုဖြစ်စဉ်များကို နှေးကွေးသွား စေကြောင်း စသည်ဖြင့်အဖြေထွက်ရှိတာကြောင့် ၄င်းအချိန်များမှာလည်း ကော်ဖီသောက်ရန် မသင့်ပါဘူးတဲ့။
(င) အရေးကြီးဆုံးအချက်က နံနက်အိပ်ရာ ထထချင်း ကော်ဖီကို အလျင်စလိုမသောက် ပါနှင့်။ အဘယ်ကြောင့်ဆိုသော် နံနက်အိပ်ရာ ထထချင်း ကော်ဖီသောက်မိတဲ့အခါ၊ ခန္ဓာကိုယ် ထဲမှာ Cortisol Yrmp တွေရုတ်တရက်တိုး ပွားလာကြပြီး ¤င်း ဃသမအငျသူ တွေက ခန္ဓာ ကိုယ်တွင်းဇီဝဖြစ်စဉ်နာရီများကို ကြီးမားတဲ့ အဟန့်အတားတွေဖြစ်စေလို့ပါပဲ။
(စ) သို့သော် ကော်ဖီသောက်သုံးခြင်းက စံ တော်ချိန်မတူညီသောနိုင်ငံများသို့ခရီးထွက် ရာတွင် အချိန်ထိန်းညှိမှုအတွက် အကျိုးဖြစ် ထွန်းစေပါတယ်တဲ့။
ဒါကြောင့်လည်း ကျန်းမာရေးသုတေသီ များက ကော်ဖီသောက်ရန် အသင့်တော်ဆုံး အချိန်ကို (က) နံနက်အိပ်ရာထပြီးနောက် တစ် နာရီခန့်အကြာမှသောက်ပါ (သို့) ကော်ဖီမ သောက်ခင် အဖတ်တစ်ခုခုဖြစ်စေ၊ ပေါင်မုန့် ကြမ်း တစ်ချပ်လောက်ဖြစ်စေ စားပြီးမှသာ သောက်ပါလို့ အကြံပြုထားကြပါတယ်။ (ခ) နေ့လယ်စာစားပြီးနောက် တစ်နာရီကျော်အ ကြာမှာလည်း ကော်ဖီသောက်ရန် သင့်တော် ကောင်းမွန်တဲ့အချိန်များပါပဲ။
သို့သော် တန်ဆေးလွန်ဘေးဖြစ်တတ် တာကြောင့် ကျန်းမာရေးကောင်းမွန်သူတစ် ယောက်အတွက် ကော်ဖီကို တစ်နေ့သုံးခွက် ထက် ပိုမသောက်သင့်ပါဘူး။ ကော်ဖီကို တစ် နေ့သုံးခွက်ထက်ပိုသောက်သူတွေမှာ ကျောက် ကပ်ပျက်စီး၍ ဆီးတစ်စက်စက်ကျရောဂါများ နဲ့ အရိုးပါးရောဂါတွေဖြစ်လာစေတတ်ပါတယ်။ အကယ်၍ တစ်နေ့လေးခွက်နဲ့အထက်သောက် သုံးသူများမှာ အချိန်မတိုင်မီ အသက်တိုစေ နိုင်ပါတယ်။ ဒါ့အပြင် ကော်ဖီကို ပါရာစီတ မောလ်အကိုက်အခဲပျောက်ဆေးတွေနဲ့ (လုံးဝ) တွဲမသောက်သင့်ပါကြောင်း၊ ကလေးငယ်များ/ သက်ကြီးရွယ်အိုများနဲ့ ကျန်းမာရေးမကောင်း ၍ကိုယ်ခံအားနည်းသူများအဖို့ ကော်ဖီကိုလျှော့ သောက်သင့်ပါတယ်။
သို့ပါ၍ အသက်ရှည်ရာအနာမဲ့ကြောင်း ဖြစ်စေဖို့အတွက် ဗိုက်ထဲမှာဘာအစာမှမရှိ ခင် ကော်ဖီမသောက်ကြပါရန်နှင့် အကယ်၍ မိမိရဲ့ နံနက်ချိန်ခါနိုးထချိန်မှာ ကော်ဖီခွက်ကိုင် ၍ထလေ့ရှိသူများ(ဝါ) မသောက်ရ မနေနိုင် သူများအတွက် ကော်ဖီမှုန့်နည်းနည်းမျှသာ ထည့်၍ နွားနို့အနည်းငယ်(သို့)ထောပတ်အ နည်းငယ်ထပ်ဖြည့်ကာ အာသာပြေလောက် သောက်ကြပါရန် တိုက်တွန်းလိုက်ရပါတယ်။
(ကိုးကားး The Science Of Eating)
ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်နိုင်တဲ့ နည်းလမ်းကောင်း
တကယ်လွယ်ပြီးတော့ တကယ်လည်း ကောင်းပါတယ်။ အသုံးပြုပြီး ချိန်မှာ မျက်နှာတွင် သိသိသာသာ ဖြူဝင်းသွားစေမှာ ဖြစ်ပါတယ်။ ငွေကြေး အကုန်အကျ သက်သာပြီး အသုံးပြုရ တာလည်း လွယ်ကူပါတယ်။
အသုံးပြုပုံကတော့
၁။ သန့်စင်သော ခွက်တစ်ခုကို ယူလိုက်ပါ။
၂။ ထိုခွက်ထဲသို့ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းထည့်လိုက်ပါ။
၃။ သကြား လက်ဖက်စားဇွန်း တစ်ဇွန်းကိုလည်း ထည့်လိုက်ပါ။
၎။ သံပုရာရည် အနည်းငယ် ညစ်ထည့်ပြီး မွှေလိုက်ပါ။ သာကူကြို ပုံစံမျိုးဖြစ်သွား တာကို တွေ့ရပါလိမ့်မယ်။
ထို့နောက် လက်ပေါ်ကို အရင်ဦးဆုံး သုတ်လိမ်းကာ စမ်းသပ်နိုင် ပါတယ်။ တကယ် အသားဖြူပြီး ထိရောက်တယ် ဆိုမှာသာ သင်၏ မျက်နှာပေါ်သို့ လိမ်းလိုက်ပါ။ ရက် အနည်းငယ် လိမ်းရုံမျှဖြင့် မျက်နှာပေါ်မှာ ရှိတဲ့ ဝက်ခြံ အဖုများ အမာရွက်များနှင့် တစ်ခြား အရာများကို သိသာထင်ရှားစွာ ပျောက်ကွယ်သွား ပါလိမ့်မယ်နော်။
ကျော်လင်းနိုင် (ရိုးရာလေး)
Thursday, 15 October 2015
နေကြာစေ့ ကြိုက်သူများအတွက် :)
---
လက်တစ်ဆုပ်စာမျှ နေကြာစေ့ပမာဏကို စားသုံးတာနဲ့ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ အကျိုးကျေးဇူးများကို ရရှိစေပါတယ်။
နှလုံးသွေးကြောများကိုအကာအကွယ်ပေးခြင်း
နေကြာစေ့မှ ဗိုက်တာမင်အီး အများအပြားပါဝင်ပြီး အဆီမှာ အလွယ်တကူ ပျော်ဝင်နိုင်တဲ့ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းလည်းပါရှိပါတယ်။ ဗိုက်တာမင်အီးဟာ ခန္ခာကိုယ်တွင်းရှိ ဓါတ်မပြည့်တဲ့ မော်လီကျူးများကို ထိန်းညှိုပေးတဲ့အပြင် အောက်ဆီဂျင်ဓါတ်လျော့ခြင်းကိုလည်း တားမြစ်ပေးပါတယ်။ ဓါတ်ပြယ်သွားသော သွေးတွင်းအဆီများဟာ သွေးကြောတစ်လျှောက်မှာ ကပ်ညိနေတတ်ပြီး သွေးကြောအဆီပိတ်ခြင်းကို စတင်ဖြစ်ပေါ်စေပါတယ်။ ထိုမှတဆင့် သွေးကြောများပိတ်ခြင်း၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကိုပါ ဖြစ်ပေါ်နိုင်ပါတယ်။
သွေးတွင်းအဆီများကိုလျှော့ချပေးခြင်း
နေကြာစေ့မှာပါရှိတဲ့ ကယ်လိုရီများဟာ ဟိုက်ဒရိုကာဗွန်များပါဝင်တဲ့ ဖက်တီးအက်ဆစ်နဲ့ ဖွဲ့စည်းထားပြီး လင်နိုလစ်အက်ဆစ်မှာလည်း ဖက်တီးအက်ဆစ် (၅၀%)ပါဝင်ပါတယ်။ တချိန်တည်းမှာပဲ နေကြာစေ့မှာ ကာဗွန်အက်တန်တစ်လုံးသာ ပါဝင်သော လင်နိုလစ်အက်ဆစ်ပါဝင်တာမို့ ခန္ခာကိုယ်အတွက် မလိုအပ်သော အဆီများကိုလျော့ချပေးပြီး ခန္ခာကိုယ်ကိုအကျိုးပြုသော အဆီပမာဏကို မြှင့်တင်ပေးပါတယ်။
အရိုး၊အာရုံကြောနဲ့ ကြွက်သားများအား အကျိုးကျေးဇူးပေးခြင်း
နေကြာစေ့ဟာ မဂ္ဂနီစီယမ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအသောက်ဖြစ်တာမို့ ခန္ခာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်နဲ့ ကျန်းမာသန်စွမ်းတဲ့အရိုးများကို ပိုင်ဆိုင်ဖို့ကူညီပေးပါတယ်။ ခွက်တစ်ခွက်ထဲမှာ လေးပုံတစ်ပုံမျှရှိနေတဲ့ နေကြာစေ့ပမာဏဟာ နေ့တနေ့တာအတွက် လိုအပ်တဲ့ မဂ္ဂနီစီယမ်ဓါတ်ကို ဖြည့်ဆည်းပေးနိုင်ပါ တယ်။
နေကြာစေ့ဟာ သင့်ရဲ့အမောအပန်းများကိုလည်း ပြေစေပါတယ်။ အာရုံကြောများရဲ့ ထုတ်လွှင့်မှုလုပ်ငန်းများ ကောင်းမွန်စေရန်အတွက် အာရုံကြောဆဲလ်များဟာ ကယ်လ်စီယမ်ဓါတ်အပေါ်မှီခိုလျက်ရှိပါတယ်။ မဂ္ဂနီစီယမ်ဟာ အာရုံကြောဆဲလ်အတွင်း ကယ်လ်စီယမ်ဝင်ရောက်လာမှုကို ထိန်းညှိပေးပါတယ်။ ထိုကဲ့သို့ ထိန်းညှိပေးခြင်းအားဖြင့် အာရုံကြောဆဲလ်များဟာ လိုအပ်သည်ထက်ပို၍ တက်ကြွနေခြင်းကို ကာကွယ်ပေး ပြီး သွေးကြောနဲ့ကြွက်သားများကို ပြေလျော့စေပါတယ်
Wednesday, 14 October 2015
တန်ဖိုးအလွန်ရှိသော သဘာဝဆေးမြီးတိုများ
---------
ဝက်ခြံပျောက်နည်း ....
ကြက်ဟင်းခါးအစေ့ကို ဆားနှင့်ရောပြီးညက်အောင်ကြိတ်ပါ။ ရလာသောအနှစ်ကိုအရက်အနည်းငယ်နှင့်သင့်ရုံဖျော်ပြီးနောက် ရလာသော အရည်နှင့်ဝက်ခြံများကိုလိမ်းပေးပါက သက်ခြံများ ပျောက်ပါသည်။
အရိုးစူးလျှင်ပျောက်နည်း ....
ငါးရိုးစူးလျှင် လည်ချောင်းထဲမှ ထုတ်မရပါကလျှင်မြန်စွာကြက်ဥအစိမ်းကိုခွဲပြီး တစ်ခါတည်းမျိုချလိုက်ပါက ငါးရိုးသည်တစ်ခါတည်းလျှောကျသွားပါလိမ့်မည်။
ခြေထောက်ကို သံစူးလျှင် သက်သာနည်း ....
သံစူးသောနေရာတွင် ဆားနှင့်ဂျင်းကိုကြိတ်ပြီး အုံပေးပါ။ သံအဆိပ်ရှိသမျှ၎င်းဂျင်းထဲသို့ကျလာပါလိမ့်မည်။တစ်နေ့လျှင် နှစ်ခါအုံပေးရပါသည်။
ဆံပင်မကျွတ်စေသောနည်း....
အမျိုးသမီးများ ဆံပင်ကျွတ်သည်ဆိုပါကပျားရည်နှင့်ဂုံညင်းခဲတို့ကိုသွေးပြီး ဆံပင်ကို လိမ်းပေးပါက ဆံပင်များကျွတ်ထွက်ခြင်း မဖြစ်နိုင်တော့ပါ။
အိပ်ပျော်နည်း ....
ဒန်းကျွဲစေ့ခြောက်ကိုမီးနှင်လှော် အမှုန့်ပြုပြိးကော်ဖီနှင့်ရောသောက်ပါ။
ခေါင်းကိုက်သက်သာနည်း ....
ကိုယ်လက်ပင်ပန်းပြီးခေါင်းကိုက်လျှင် သံပုရာသီးတစ်ခြမ်းကိုအနှပ်ရည်ကျကျထဲသို့ ထည့်ပြီးသောက်ပါက ခေါင်းကိုက်သက်သာပျောက်ကင်းပါသည်။
နှလုံးရောဂါနှင့် နှလုံးတုန်ပျောက်နည်း ....
ဗာဒံစေ့အနည်းငယ်ကို ညက်အောင်ထောင်းပြီး နွားနို့နှင့်ေ၇ာစပ်ပြီးနေ့စဉ်မှန်မှန်သောက်ပါက နှလုံးရောဂါနှင့်နှလုံးတုန်မောပန်းတာ ပျောက်ကင်းပါသည်။
ငါးခြောက်မငံနည်း ....
ဆားအလွန်ပါသော ငံလွန်းသည့်ငါးခြောက်ကို မငံစေလိုလျှင်ဆားများကိုရေနှင်ဖျော်ပြီး ထိုဆားရည်ထဲတွင် ဆားအလွန်ငံသောငါးခြောက်ကိုစိတ်ပြီးထားလျှင် မငံတော့ဘဲ့ အရသာ အလွန်ကောင်းလာပါသည်။
ညှီိနံ့ ပျောက်နည်း ....
အမဲသား၊ ဆိတ်သားချက်သောဟင်းအိုးထဲသို့မီးသွေး အနည်းငယ်ထည့်ပြီး ချက်ပါကမကောင်းသော်အညှီနံ့ များပျောက်ပါသည်။
သွေးတိုးပျောက်နည်း....
သဘာဝကျောက်သွေးအား ဘယဆေးဆိုင်မှာ ၀ယ်ယူပြီးမကျီးစေ့ခန့်အားသံပရာရည်နှင့်ဖျော်ပြီး မနက်တစ်ကြိမ်ညတစ်ကြိမ်ပုံမှန်နှစ်ဆယ့်လေးရက်ပတ်လည်အောင် သောက်သုံးခြင်းဖြင့်သွေးတိုးရောဂါများအားပျောက်ကင်းစေပါသည်။
ဘုရာပန်းများ တာရှည်ခံနည်း....
ပန်းခိုင်၊ ပန်းခက်ထည့်သည့် ပန်းအိုးထဲသို့ ယမ်းစိမ်း အနည်းငယ်ထည့်ပြိးမွှေပေးပါက ပန်းများတာရှည်ခံပါလိမ့်မည်။
ကြိမ်ကုလားထိုင် တင်းနည်း....
ကုလာထိုင်များအောက်က ညွတ်နေလျှင် ခိုင်ပြီးဖြောင့်မတ်အောင် လုပ်လိုပါက၄င်းကိုရေနွှေးနှင့် ဆေးကြောပြီးနောက် လေဟာပြင်မှာ လှန်းထားပါ။
စာအုပ်များ ကြာရှည်ခံအောင်ထားနည်း....
စာအုပ်များကို အဖုံးအကာမရှိသော စာအုပ်စင်မှာ ထင်ပြီးထားပါ။
မှင်စွန်းလျှင် ပျောက်အောင်လုပ်နည်း....
အ၀တ်အထည်ပိတ်စများတွင် မှင်စွန်းလျှင် အမဲဆီကို အရည်အဖျော်ပြီးမှင်အစွန်းကွက်ပေါ်သို့ချပါ။ ထို့နောက်ရေနှင့် လျှော်ဖွပ်လျှင်မှင်စွန်းပျောက်ပါသည်။
လက်ဖက်ရည်အစွန်းပျောက်နည်း....
အ၀တ်အထည်များ လက်ဖက်ရည်စွန်းလျှင် ရေနွေးပူပူနှင့် ထိုစွန်းနေသောနေရာကိုလောင်းပါက ပျောက်ပါသည်။
မီးကျွမ်းရာပျောက်နည်း....
အင်္ကျီအ၀တ်အထည်များပေါ်တွင် ဆေးလိပ်မီးပွါးကျသော်လည်းကောင်း၊မီးပူကျွမ်းလျှင်လည်းကောင်း၊ ကြက်သွန်ကို ထက်ခြမ်းခွဲပြိး ပွတ်တိုက်ပါကပျောက်ပါသည်။
ကွမ်းသွေးအစွန်းပျောက်နည်း....
အ၀တ်အထည်မျးမှာ ကွမ်းသွေးစွန်းလျှင် နို့ရည်ကို စွန်းနေသောနေရာပေါ်သို့ဆွတ်ဖြန်းပေးပါက နို့ရည်ခြောက်သွားလျှင် အစွန်းပျောက်ပါသည်။
ကြက်ဥ၊ ဘဲဥရည်အစွန်းကွက်ပျောက်နည်း....
ကြက်ဥ၊ ဘဲဥရည်အစွန်းကွက်သော အ၀တ်များကို ရေမှာ ကြာကြာစိမ်ထားပါ။ပြီးတော့မှ နာနာပွတ်ပြီးလျှော်လျှင် ပျောက်ပါသည်။
သံချေးစွန်းပျောက်အောင်လုပ်နည်း....
အ၀တ်အထည်များ သံချေးစွတ်းလျှင် သံပုရာရည်တွင့် ဆားဖျော်ပြီးထိုအစွန်းကွက်နေသောနေရာကို ဆွတ်ဖြန်းပြီးလျှင် အထည်ကိုနေပူတွင်လှန်းပါ။အကွက်မပျောက်လျှင် နှစ်ခါသုံးခါထပ်ပြီးသုတ်လိမ်းပေးပါ။
ဆီအစွန်းဖျောက်နည်း....
အ၀တ်အထည်ပေါ်ရှိသော ဆီကွက်ကို ဇ၀တ်သာပါသောရေနွေးပူပူဖြင့်ဆေးကြောလျှော်ဖွပ်ပေးပါက ဆီအစွန်းပျောက်ပါသည်။
အ၀တ်အထည်ပေါင်းတင်နည်း....
ဆော်ဒါမှုန့်ကို ရေနွေးပူပူတွင်ဖျော်ပြီး ဆပ်ပြာရည်ထဲသို့ ထည့်ပြီးလျှော်ပေးပါ။
ဖားဥစွဲပျောက်နည်း....
စင်ကြယ်သော အ၀တ်ဖြူကိုရေဆွတ်ပြိး ဖားဥစွဲနေသော အမဲပျောက်များအပေါ်ကဖုံးအုပ်ပြီး မီးကူတိုက်လျှင် ဖားဥများ ပျောက်ကင်းသွားပါလိမ့်မည်။
အ၀တ်မတွန့်အောင် လုပ်နည်း....
သက္ကလပ်ထည်၊ ဖလန်နယ်စသည်တို့ကို လျှော်ဖွပ်ပြီးကြိုးတန်းပေါ်တွင်အ၀တ်ကိုရေမညှစ်ဘဲ ဖြန့်လှန်းထားပါက အ၀တ်မတွန့်တော့ပါ။
သွေးစွန်းပျောက်နည်း....
ရေထဲတွင် ဇ၀တ်သာရည်ခပ်ပြစ်ပြစ်ထည့်ပြီး သွေးပေနေသောအ၀တ်အထည်ကိုအတော်ကြာကြာစိမ်ထားပြီးမှလျှော်ဖွပ်ပေးပါက သွေးစွန်းပျောက်ပါသည်။
ပုရွက်ဆိတ်ပြေးနည်း....
သခွားသီးအခွံပိုပါးပါးလှီးပြီး ပုရွက်ဆိတ်နေသောနေရာများတွက်ချထားလျှင်ပုရွက်ဆိတ်များထွက်ပြေးပါလိမ့်မည်။
သွားကိုက်သက်သာနည်း....
လှော်ပြီးသား ဆိုဒါမှုန့်နှင့်သွားတိုက်ပြိး ရေနွေးနှင့် ကျင်းပစ်လျှင်သွားကိုက်သွားနာသက်သာပါသည်။
အဆူးစူလျှင် နှုတ်နည်း....
ရေနွေးအပြည့်ရှိသည့် ပေါက်ဝကျယ်သောပုလင်းတစ်လုံးကိုယူပြီးဆူးစူးသောနေရာကို ပုလင်းပေါ်မှဖိနှိပ်ပါ။အသားသည်ပူနွေးသည့်အငွေ့ ဖြင့်ပုလင်းထဲသို့အနည်းငယ်စူးဝင်သည်နှင့်(၃. ၄ ) မီနစ်ကြာသောအခါအဆူးကျလာပါလိမ့်မည်။
အကြောအချဉ် အကိုက်အခဲပျောက်နည်း....
နူးညံ့သောအ၀တ်စကို နို့ထဲတွင်စိမ်ပြိး ကိုက်ခဲသောနေရာကိုပွတ်ပေးလျှင်အလွန်ဆိုးသောရောဂါဖြစ်စေကာမူ ချက်ချင်းပျောက်ကင်းစေပါသည်။
အပူလောင်သက်သာနည်း....
ရေနွေးဖြစ်စေ၊ မီးပူဖြစ်စေ၊ လက်ခြေ စသည်တို့ကို အပူလောင်လျှင်ရေတွင်ဆားကိုများများထည့်၊ ပြစ်နေအောင်ဖျော်ပြီး ၄င်းအပူလောင်သည့်နေရာကိုသုတ်လိမ်းပေးပါ။
ကြွက်ပြေးနည်း....
ကြွက်များသွားလာလေ့ရှိသော နေရာများမှာ ပူစီနံရွက်ဖြစ်စေ၊ပင်စိမ်းရွက်ဖြစ်စေထားပါက ကြွက်များသေချာပေါက်ထွက်ပြေးပါလိမ့်မည်။
ငှက်ဖျားပျောက်နည်း....
စင်ကိုမြက်အား ဆွဲနှုတ်ပြီး အမြစ်ဖြူဖြူလေးတွေကို ဓါးနှင့်ဖြတ်ယူပါ။နို့ဆီဗူးတစ်လုံးစာအားေ၇ပြောင်အောင် ဆေးပြီး ဒန်အိုးထဲသို့ထည့်ပါ။နနွင်းမှုန့်ကော်ဖီတစ်ဇွန်းစာလောက် ထည့်ပါ။ ကြက်ခိုးမှိုင်းအနည်းငယ်ထည့်ပါ။ ရေသောက်ရေခွက်နှင့်သုံးခွက်စာထည့် ပြိး တစ်ခွက်စာကျန်သည်အထိကြိုချက်ပါ။ ပြီးလျှင်သေချာစွာ အမှိုက်များစစ်ပြိး နေ့ စဉ်သောက်ပါ။ရောဂါရင့်လျှင့် ခုနှစ်ရက်၊ ရောဂါနုလျှင် ငါးရက်နှင့် ပျောက်ပါသည်။
နှလုံးသွေးကြောကျဉ်းသူများတွက်....
နှလုံးသွေးကြောကျဉ်းပြီး အသက်ရှူမ၀ခြင်း၊ လေးလံထိုင်းမှိုင်းခြင်း၊မကြာဏသက်ပြင်းချခြင်း၊ မောခြင်းများအတွက် ဂျင်းဆယ့်ငါးကျပ်သားအားကြေအောင်ထုထောင်းပြိး ပြည်ဝင်ဒန်အိုးထဲသို့ထည့်ပါ။ဆားလက်တစ်ဆုပ်ထည့်ပါ။ပြီးလျှင်ရေများများထည့်ပြိးဆူအောင်ပြုတ်ပါ။ ခြေထောက်စိမ်ရန်ဇလားတစ်ခုခုထဲသို့ လောင်းထည့်ပါ။ ခြေဖ၀ါးအား ပရုတ်ဆီ(သို့) လိမ်းဆေးအဆီတမျိုးမျိုးသုတ်လိမ်းပါ။ပြီးလျှင် ခြောက်ထောက်နှစ်ချောင်းစလုံးအားဂျင်းပြုတ်ရေ အပူခံနိုင်ရုံထားပြိး စိမ်ပါ။ နောက်တစ်ဦးမှခြေဖ၀ါးမှာရှိသော အကြောများပြေအောင် လက်မဖြင့် နှိပ်နယ်ပေးပြီးခြေခုံနှင့် ခြေသလုံး အား သွေးလှည့်ပတ်မှူကောင်းအောင် နှိပ်နယ်ပေးပါ။ထိုနည်းအတိုင်း သုံးရက်တစ်ကြိမ်ပြုလုပ်ခြင်းဖြင့် သက်သာလာပါလိမ့်မည်။
(အလင်းမေ - လွင်ပြင်သတင်း)
ဒူးနာအတွက် ဆေးကောင်းတစ်လက်
မိမိအိမ်မှာ ဒူးနာနေသူများရှိရင် ဒီဆေးနည်းလေးနဲ့ ကုသကြည့်ပါ။
ရှားစောင်းလက်ပပ် လတ်လတ်ဆတ်ဆတ်ကို အပေါ်ခွံခွါပြီး အတွင်းသားကို ဇွန်းနှင့် ခြစ်ယူပါ။
နွားနို့ကျိုပြီးသား အေးအေးနှင့် သောက်ပါ။
သုံးရက်ဆက်တိုက်သောက်ရုံဖြင့် ပျောက်ကင်းစေပါသည်။
www.doemyanmar.com/pages/483
ထိပ်ခပ်နာ ဝေဒနာရှင်များအတွက် ၀မ်းမြောက်ဖွယ်.......
*****************============*****************
မိမိသည် ထိပ်ခပ်နာ ရောဂါကို ငယ်စဉ်ကတည်းက နှစ်ရှည်လများ ခံစားနေရသူဖြစ်ပါတယ်
ခုတလော အအေးမိ ဖျားနေသည့်အတွက် နှာသီးပိတ်ပြီး ညဘက်အိပ်လို့ပင်မရပါ...
တစ်နေ့ပါပါးက ဆေးနည်းလေးတခုယူလာပါတယ်....စမ်းကြည့်ဖို့ပြောပါတယ်...ဆေးပေးတဲ့သူက အာမခံနဲ့ ဆယ်ယောက်မှာ ကိုးယောက်ပျောက်တယ်လို့ပြောပါတယ်..
ခုစမ်းကြည့်တာ တစ်ကြိမ်မှာပင် အတော်သိသာပြီး ယခု သုံးကြိမ် သုံးပြီးချိန်မှာတော့ အတော်ကောင်းမွန်သွားပါပြီ...နှာရည် ပုပ်များ အတော်ကင်းသွားပြီး နှာချေလည်း သက်သာသွားပါပြီ..
ထိပ်ခပ်နာ ဝေဒနာရှင်များ လက်တွေ့စမ်းသပ်ကြည့်စေလိုပါသည်...
ဆေးနည်းက အင်မတန်လွယ်ကူပါသည်
နံ့သာဖြူ နှင့် ကင်မွန်းသီးကို ကျောက်ပြင်သန့်သန့်ပေါ်တွင် ဆတူခန့် သွေး၍ နှာခေါင်းတွင်းသို့ ၀င်နိုင်သမျှ ၀င်အောင် တစ်ကော် ထည့်ပေးပါ..
မကြာခင်ပူလာပါလိမ့်မည်...နှာချေလာပြီး အပုပ်ရည်များ ကျဆင်းလာပါလိမ့်မည်
တစ်နေ့ သုံးကြိမ် လိမ်းကြည့်ပါ...ပိုသောဆေးများကိုလည်း နှာခေါင်းအပြင် ပတ်ဝန်းကျင်ကို လိမ်းပေးနိုင်ပါသည်...ကျမ သုံးကြိမ် သုံးကြည့်ပြီးပါပြီ..
ဝေဒနာ ပျောက်ကင်းကြပါစေရန် စေတနာထား ဝေမျှ လိုက်ရပါသည်....
Crd.........
Thanda Than
စားသုံးရန်မသင့်သော အစားအစာ ( ၁၀ ) မျိုး
*******************************************
1. Margarine ( ထောပတ်တု ၊ ဟင်းရွက်ထောပတ် )
------------------------------------------------------------
ထရန်ဖက်တီးအက်စစ် trans fatty acids (TFAs) or ထရန်ဖက် ( simply
 trans fats ) ဆိုသည်မှာ
ဟင်းရွက်ဆီကို စက်မှုနည်းပညာဖြင့် ချက်လုပ်သည့်အခါ ထွက်ရှိလာသော
 မပြည့်ဝဆီ ( unsaturated fats )
များ ဖြစ်ပါသည် ။ ၎င်းအဆီသည် ခဲလွယ်၍ သွေးကြောများကို ပိတ်ဆို့
 စေပါသည် ။
သွေးတိုးရောဂါ ၊ နှလုံးရောဂါ ဖြစ်စေပါသည် ။
ထောပတ်တု တွင် Trans fat အမြောက်အများပါဝင်ပါသည် ။
….
2. Processed Meats ( ပြင်ဆင်ထားသော အသားများ )
-----------------------------------------------------------------
ကြပ်တိုက်ခြင်း ၊ ဆားစိမ်ခြင်း ဆားနယ်ခြင်း ၊ အခြောက်ခံခြင်း ၊
တာရှည်ခံ ပစ္စည်း ( နိုက်ထြိတ်nitrates ) ထဲ့ခြင်း စသော နည်းများ
ဖြင့် ၀က်သားဆားနယ်ခြောက် ( bacon ) ၊ ၀က်ပေါင်ခြောက် ( ham ) ၊
စည်သွပ်အသား (  canned meat ) ၊ ကြပ်တိုက်အသား ) smoked mea )
များက နှလုံးရောဂါ ၊  သွေးတိုး ရောဂါ ၊ ကင်ဆာ ရောဂါ ဖြစ်ခြင်း
များနှင့် ဆက်စပ်နေပါသည် ။
၂၀၁၃ ခုနှစ် က ဥရောပ ၁၀ နိုင်ငံမှ လူ ၄သိန်းခွဲ၏ လူနေမှုပုံစံ
 စစ်တမ်းကောက်ယူချက်အရ ပြင်ဆင်ထား
သော အသားများကို စားသုံးသူ၏ ၄၄ ရာနှုန်းမှာ နှလုံးရောဂါ
ကင်ဆာရောဂါများကြေင့် ငယ်ငယ်ရွယ်ရွယ်
နှင့် သေဆုံးရကြောင်း တွေ့ ရှိရပါသည် ။
( ref :  BioMed Central ’s Data )
၂၀၁၀ ဟားဗတ်ကျောင်းမှ စစ်တမ်းတခုက လူ ၁၆၀၀ တွင် ၁၉  ရာနှုန်းမှာ
 ဆီးချိုရောဂါဖြစ်ပွားမှု မြင့်တက်လာကြောင်း တွေ့ ရပါသည် ။
...
3. Soft Drinks/Soda ( အချိုရည် ၊ ဆော်ဒါ )
---------------------------------------------------
ဆော်ဒါ နှင့် အချိုရည်များတွင် သကြားများစွာ ပါဝင်ပါသည် ။ အချိုရည် ၊
 ဆော်ဒါသောက်သည့်အခါ  သွေးတွင်းသကြားပမာဏ ထိုးတက်
သွားတတ်ပါသည် ။
ပိုလျံ သကြားဓါတ်က အဆီအဖြစ်ပြောင်းလဲ သဖြင့် ၀ လာခြင်းနှင့်အတူ ၊
 ဆီးချို သွေးတိုးပါ ဖြစ်လာပါသည် ။
ကိုလာ ဖျော်ရည်များတွင် ဖော့စဖိုရစ်အက်ဆစ်ပါဝင်သဖြင့် ကယ်လဆီယံ
 စုပ်ယူခြင်းကို ပိတ်ပင်သောကြောင့် အရိုးပွ ရောဂါဖြစ်စေပါသည် ။
4. Artificial Sweeteners ( ဖန်တီးထားသော အချိုများ )
----------------------------------------------------------------
ကယ်လိုရီဓါတ်လျော့နည်းစေရန် သကြားအစား ၊ အစားထိုး အချိုများ
သုံးစွဲလေ့ ရှိကြပါသည် ။
၎င်း အစားထိုး အချိုဓါတ်များက သွေးတွင်းမှ သကြားဓါတ်ကို
 မြင့်တက်စေပါသည် ။ ကိုယ်ခံအားစံနစ်ကို ချို့တဲ့စေပါသည် ။
အစားထိုးအချိုဓါတ်ကို အစာမချေနိုင်သဖြင့် အူတွင်းသို့ ရောက်ရှိပြီး
အကျိုးပြု ဘက်တီးရီးယားများက စုပ်ယူသောကြောင့်
ဘက်တီးရီးယားများ၏ အမူအကျင့်များ ပြောင်းလဲစေပါသည် ။
မူလ သကြားဓါတ်ပြိုကွဲမှု ကိုလည်း အနှောက်အယှက်ပြုသဖြင့်
ဆီးချိုရောဂါ၏ ဆိုးကျိုးများကို ပိုတိုးစေပြီး အ၀လွန်ခြင်းလည်း
ဖြစ်စေပါသည် ။
...
5. Deep-Fried Foods ( အပြင်းကြော်ထားသော အစာများ )
-------------------------------------------------------------------
အာလူးချောင်းကြော် ၊ ကြက်သွန်ကြော် ၊ ကြက်ကြော် များသည်
 အရသာရှိသလောက် ကျန်းမာရေးနှင့် မညီညွတ်ပါ ။
ဆီများစိမ့်ဝင်ပါရှိနေသဖြင့် ကိုလက်စထရော တက်စေသလို ၊
 သွေးကြောများလည်း ပိတ်ဆို့ စေပါသည် ။
ဆီးချိုရောဂါ ၊ ကင်ဆာရောဂါ ဖြစ်ခြင်းများနှင့်လည်း ဆက်စပ်နေပါသည် ။
ကာဗိုဟိုက်ဒရိတ်များသော အစာ ( ဥပမာ အာလူး ) သည်
  မြင့်မားသောအပူချိန်တွင် ကင်ဆာဖြစ်စေသော acrylamide များ
ထွက်လာပါသည် ။
...
6. Microwave Popcorn ( မိုက်ကရိုဝေ့ဖြင့် ဖောက်သော ပေါက်ပေါက် )
----------------------------------------------------------------------------------
ပေါက်ပေါက်ဖောက်ရန် အသုံးပြုသော အိတ်များသည် မိုက်ကရိုဝေ့တွင်
ထည့်ပါက ပါဖလူရိုအိုတနိုးရစ် အက်ဆစ် PFOA
(perfluorooctanoic acid) ထွက်ပါသည် ။
၎င်းဓါတ်သည် မြုံခြင်း ၊ သိုင်းရွိုက်ရောဂါဖြစ်ခြင်း ၊ ရင်သားကင်ဆာ ၊
 ကျောက်ကပ်ကင်ဆာ ၊ ဝှေးစေ့ကင်ဆာ များဖြစ်စေပါသည် ။
ကိုလက်စထရောကိုလည်း တက်စေသဖြင့် နှလုံးရောဂါလည်း ဖြစ်စေပါသည် ။
...
7. Canned Foods ( စည်သွပ်ဘူး အစာများ )
------------------------------------------------------
စည်သွပ်ဘူးအတွင်းပိုင်းကို သုတ်လိမ်းသောဆေးများက
ဘစ်ဖီနော ( Bisphenol A (BPA ) များ ထွက်ပါသည် ။
၎င်းဓါတ်သည် ဟော်မုန်းလုပ်ငန်းများကို ထိခိုက်စေသဖြင့်
 စောစီးစွာ အရွယ်ရောက်ခြင်း ၊
အ၀လွန်ခြင်း ၊ ကင်ဆာဖြစ်ခြင်း တို့ ဖြစ်စေပါသည် ။
အမျိုးသမီးများတွင် ခလေးရရန်ခက်ခဲပြီး ၊ သားမြတ်ကင်ဆာကို
 ကြီးထွားမြန်စေပါသည် ။
...
8. Instant Noodles ( အသင့်စား ခေါက်ဆွဲခြောက် )
------------------------------------------------------------
ခေါက်ဆွဲခြောက်များတွင် တာရှည်ခံ ပစ္စည်းများ ၊ အနံ့ နှင့်
 အမွှေးအကြိုင်ပစ္စည်းများ ၊ ဆား ၊ အဆီ တို့ များစွာပါဝင်ပါသည် ။
သွေးတိုးခြင်း ၊ ဆီးချိုဖြစ်ခြင်း ၊ ၀မ်းဗိုက်အဆီစုခြင်း ၊ သွေးတိုးခြင်း ၊
 နှလုံးရောဂါဖြစ်ခြင်း ၊ လေဖြတ်ခြင်း ၊ ကျောက်ကပ်ရောဂါဖြစ်ခြင်း
တို့ သည် ခေါက်ဆွဲခြောက် စွဲစွဲမြဲမြဲ စားသုံးသည့် လူမျိုးများတွင်
အဖြစ်များလာပါသည် ။
...
9. White Bread ( ပေါင်မုန့် ဖြူ )
------------------------------------
ဂျုံကို ဖြူအောင် ထုတ်လုပ်သောအခါ အကျိုးပြုသော
( မျိုးစေ့ germ . ဖွဲနု bran ) တို့ ဖယ်ရှားခံရပါသည် ။
ဂျုံဖြူတွင် ကစီ ( starch ) သာ ပါပါသည် ။
ကစီ ( starch ) သည် သွေးတွင်းသကြားဓါတ်မြင့်စေပါသည် ။
ဆီးချိုဖြစ်ခြင်းကို အားပေးပါသည် ။
သကြားဓါတ်က အဆီဖြစ်လာသဖြင့် ၀ လာတတ်ပါသည် ။
...
10. Soy Protein ( ပဲပုတ်ပရိုတိန်း )
---------------------------------------
ပဲပုတ် ( soybeans ) စိုက်ပျိုးရာတွင် ပေါင်းသတ်ဆေး ( glyphosate )
 ဖြန်းကြပါသည် ။
၎င်း ကို စားသုံးမိပါက သန္ဓေသား မူမမှန်ခြင်း ၊ ကိုယ်ဝန်ပျက်ခြင်း ၊
 မွေးသေဖြစ်ခြင်း တို့  ဖြစ်စေပါသည် ။
ကျန်းမာကြပါစေ
ဒေါက်တာမြင့်သိန်း
14 October 2015
၁။ ဟင်းနုနွယ်ရွက် (Spinach)
ချက်ပြီးသား ဟင်းနုနွယ်ရွက်ကို ပြန်နွှေးပြီးမစားသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဟင်းနုနွယ်ရွက်ထဲမှာပါတဲ့ နိုက်ထရိတ် (nitrates) ဓာတ်ဆားကြောင့်ဖြစ်ပါတယ်။ ချက်ထားတဲ့ ဟင်းနုနွယ်ရွက်ကို နွှေးလိုက်တဲ့အခါမှာ နိုက်ထရိတ် ဓာတ်ဆားကနေ နိုင်ထရစ် အက်စစ် အဖြစ်ပြောင်းလဲသွားပါတယ်။ အဲ့ဒီ ပြောင်းလဲသွားတဲ့ နိုင်ထရစ် အက်စစ်ဟာ ကင်ဆာ ရောဂါဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
၂။ တရုတ်နံနံကြီး (Celery)
လူတွေဟာ များသောအားဖြင့် တရုတ်နံနံကြီးရွက်ကို ဟင်းအရည်သောက် လုပ်စားတဲ့အခါမှာ ထည့်လေ့ရှိပါတယ်။ တကယ်လို့အဲ့လို လုပ်စားမယ်ဆိုရင် လုပ်ထားတဲ့ အရည်သောက်ဟင်းရည်ကို တစ်ခါတည်း ကုန်အောင် စားပစ်သင့်ပါတယ်။ တကယ်လို့ ပြန်အပူပေး/ပြန်နွှေးစားမယ်ဆိုရင်လည်း တရုတ်နံနံကြီးအရွက်တွေကို ဖယ်ပြီးမှ နွှေးစားသင့်တယ်လို့ဆိုထားပါတယ်။ သူ့ရဲ့ ဆိုးကျိုးဟာလည်း ဟင်းနုနွယ်ရွက်လိုပဲ နိုင်ထရစ် အက်စစ်ကနေ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
၃။ သကြားမုံလာ (Beets)
သကြားမုံလာဟာဆိုရင်လည်း နိုက်ထရိတ် ဓာတ်ဆားပါတဲ့ အစားစာတစ်မျိုး ဖြစ်ပါတယ်။ သူ့ကို ပြန်နွှေးစားမယ်ဆိုရင် ခန္ဓာကိုယ်အတွက် အလွန်ပဲ အန္တရာယ်ရှိစေနိုင်သလို ပျက်ဆီးစေနိုင်ပါတယ်။ ကင်ဆာရောဂါလည်း ဖြစ်စေနိုင်ပါတယ်။
၎။ အာလူး (Potato)
အာလူးမှာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိတဲ့အတွက် အလွန်ပဲ အသုံးဝင်ပါတယ်။ ဒါပေမယ့်လည်း ချက်ပြီးသား အားလူးကို တစ်ရက်တည်းမှာ ကုန်အောင်မစားနိုင်ဘူးဆိုရင်တော့ အဲ့ဒီ အကျိုးကျေးဇူးတွေ မရနိုင်ဘူး/ပျောက်ဆုံးသွားပါမယ်။ အာလူး ချက်ထားပြီးသားကို နောက်ရက်မှ စားခြင်းနှင့် ပြန်နွှေးစားခြင်းဟာ သင့်ခန္ဓာကိုယအတွက် အသုံးဝင်မယ့်အစား အန္တရာယ် ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။
၅။ ကြက်/ဘဲဥ (Eggs)
ကြော်ထား ပြုတ်ထားတဲ့ ကြက်/ဘဲဥကြော်ကို ပြန်နွှေးစားခြင်းဟာ သင့်ရဲ့ organisms တွေကို သေစေနိုင်တယ်လို့ဆိုထားပါတယ်။
၆။ မှို (Mushrooms)
ပြန်နွှေးထားတဲ့ မှိုကိုစားခြင်းဟာ ကျန်းမာရေးအတွက် ဆိုကျိုးတွေကိုဖြစ်စေပါတယ်။ ဥပမာ- အစာခြေခြင်း/ချက်ခြင်း နှင့် နှလုံးကို ထိခိုက်စေနိုင်တယ်လို့ ဆိုထားပါတယ်။
ကျန်းမာ ပျော်ရွှင်သော မိသားစုဘဝ ပိုင်ဆိုင်နိုင်ကြပါစေ။