မင်္ဂလာပါဗျ။ မင်းရာဇာ(ကွမ်တန်း မလေးရှား)မှ ကြိုဆိုပါတယ်ဗျ။

Sunday, 27 September 2015

ခြင်ဆေးခွေ တစ်ခွေက ဆေးလိပ် အလိပ်တစ်ရာ သောက်တာနှင့် ညီမျှပါတယ်
တကယ်အရေး ကြီးပါတယ်။ သိလည်း သိသင့်တဲ့ အရာတစ်ခုပါ။ အဲဒါကတော့ ခြင်ဆေးခွေ တစ်ခွေက ဆေးလိပ် အလိပ်တစ်ရာ သောက်တာနှင့် ညီမျှတယ်ဆိုတာပဲ ဖြစ်ပါတယ်။
ခြင်ဆေးခွေ အခွေတစ်ရာ၏ အနံ့ကို ခံရသူတွေတိုင်းဟာ ကင်ဆာဖြစ်ဖို့ အတော်လေး အာသန်နေပါပြီ။ ဒါကြောင့် ခြင်ဆင်ခွေ အသုံးပြုခြင်းကို ရှောင်နိုင်ရန်
ဗဟုသုတ ရရှိစေရန် ရေးသားလိုက်ရပါတယ်။
အခြားသူများကို Share လုပ်၍ ပြန်လည် မျှဝေလိုက်ပါနော်။
http://goo.gl/odZAvC
ကျော်လင်းနိုင် (ကျန်းမာရေးနှင့် အလှအပ သတင်းများ )မှ

Friday, 25 September 2015

ဖရဲသီးဖျော်ရည်သောက်ပြီး ဝိတ်ချနိုင်ပါတယ်

တကယ်ကောင်းမွန်တဲ့ နည်းလမ်းကောင်းလေး တစ်ခုဖြစ်ပါတယ်။ ဖရဲသီးမှာ ရေဓာတ်များစွာ
ပါဝင်လို့ ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုကျိုး မရှိစေပါဘူး။

ဖရဲသီးကို ဖျော်ရည်လုပ်ကာ နေ့လယ် ထမင်းမစားခင်နှင့် မနက်စာ မစားခင် အချိန်တွေမှာ သောက်ပေးပါက ဝိတ်ကျစေနိုင် ပါတယ်။ သောက်ရမယ့် ပမာဏကတော့ အတိအကျ သတ်မှတ် မထားပါဘူး။ များများသောက်လျင် မြန်မြန်ဝိတ်ကျစေနိုင် ပါတယ်။
ဖရဲသီးဟာ ရေဓာတ်များစွာ ပါဝင်လို့ စားသမျှ အစားအစာတွေကို အဆီတွေ မဖြစ်စေဘဲ ဆီးထဲသို့ ပါသွားစေမှာ ဖြစ်ပါတယ်။


ကျန်းမာရေးနှင့် အလှအပ သတင်းများ

ခရမ်းသီးမှ ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
ခရမ်းသီးဟာဆိုရင်ဟင်းချက်ရာတွင် အသုံးပြုတဲ့ အသီးအနှံ များထဲမှ တစ်မျိုးဖြစ်ပါတယ်။ ခရမ်းသီးဟာ လူတွေအတွက် ကျန်းမာရေး ကောင်းကျိုး များစွာ ပေးကြောင်း သိရပါတယ်။ ခရမ်းသီးမှ ရရှိတဲ့ ကျန်းမာရေး ကောင်းကျိုးတွေကတော့
(၁) ကိုလက်စရောဓာတ်ကို လျော့ကျပေးပါတယ်။
(၂) နှလုံးရောဂါ ရှိသူများ စားသင့်ပါတယ်။
(၃) ဝမ်းဗိုက်အတွင်းမှာ ဖြစ်တဲ့ အနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၄) အာရုံကြော ရောဂါများအတွက် ကောင်းမွန်ပါတယ်။
(၅) ကူးစက်ရောဂါများ အတွက်လည်း ကောင်းမွန်ပါတယ်။
(၆) ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နိုင်စွမ်း ရှိပါတယ်။
(၇) မှတ်ဥာဏ်ကောင်းစေ ပါတယ်။
(၈) သွေးများကို သန့်ရှင်း စင်ကြယ်စေပါတယ်။
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ကန်စွန်းရွက်ကြော် စားမယ်ဆိုရင်
(၁) အဆိပ်ပြေစေပါတယ်
(၂) ဝမ်းမှန်မှန် သွားစေပါတယ်
(၃) အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ်
(၄) ကိုယ်အလေးချိန် လျော့ကျစေပါတယ်
(၅) သွေးဖိအားကို ထိန်းပေးပါတယ်
(၆)ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်
(၇) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးပါတယ်
တစ်ခြား အကျိုးကျေးဇူး
အမျိုးသမီးများ လစဉ်ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။ ခေါင်းကိုက်တာ၊ သွားကိုက်တာကို သက်သာစေပါတယ်။ ဗောက်ထတာနဲ့ အရေပြားပြဿနာတွေအတွက် အသုံးဝင်ပါတယ်။ အနာတွေကို သက်သာစေပါတယ်။ နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။
ကျော်လင်းနိုင် ( https://www.facebook.com/klynnaing )