Thursday, 31 March 2016
အရွယ်ရောက်သူတိုင်းကြုံတွေ့ရတဲ့ ၀က်ခြံပြဿနာဟာ အတော်စိတ်အနှောင့်အယှက်ပေးပါတယ် ။
အရွယ်ရောက်သူတိုင်းကြုံတွေ့ရတဲ့ ၀က်ခြံပြဿနာဟာ အတော်စိတ်အနှောင့်အယှက်ပေးပါတယ် ။ ၀က်ခြံထွက်တော့မယ်ဆို နီမြန်းပြီး ထိလိုက်ရင်နာကျင်ရတာရယ်...ထိမိလေပိုဆိုးလာလေဖြစ်ပြီး ယောင်ယမ်းကာမြင်မကောင်းဘဲ အလှပျက်စေပါတယ် ။ မိန်းကလေးတွေအတွက်ဆိုပိုဆိုးပါတယ် ။ လုံးဝအထိမခံတဲ့ဝက်ခြံမျိုးဆို မိတ်ကပ်လဲတင်မရ...အပြင်ထွက်ရမှာတောင် မ၀ံ့ရဲတော့ပါဘူး ။ ၀က်ခြံထွက်ပြီဆို ပျောက်အောင်လုပ်ရတာကတစ်မျိုး ။ ပျောက်သွားပြန်တော့လဲ ညှစ်မိကုတ်မိရင်အမာရွတ်မဲမဲတွေကျန်ခဲ့ပြီးတော်တော်နဲ့မပျောက်တော့ပါဘူး ။ မေဆို မညှစ်ပါဘဲနဲ့ အမာရွတ်အမြဲကျန်တတ်ပါတယ် ။
အခုဖော်ပြမယ့် သဘာဝပစ္စည်းလေးတွေက ဈေးသက်သက်သာသာနဲ့ ပုံမှန်သုံးစွဲပေးရင် တကယ်ထိရောက်စေပါတယ် ။ ၀က်ခြံပျောက်ရန်အတွက်မဟုတ်ပဲ ၀က်ခြံကြောင့်တင်ကျန်ခဲ့တဲ့အမာရွတ်များအတွက်သာဖြစ်ပါတယ် ။
၁ ) ရှားစောင်းလတ်ပတ်အနှစ်
ယနေ့ခေတ်မှာ အသင့်ဝယ်လို့ရတဲ့ aloe vera gel တွေအများကြီးရှိပါတယ် ။ 100% pure aloe ကိုဆေးဆိုင်တစ်ချို့မှာရနိုင်ပါတယ် ။ မျက်နှာသစ်ပြီးတိုင်း moisturizer အဖြစ်ပုံမှန်လိမ်းပေးရုံပါပဲ ။ အပင်ကခူးပြီးလိမ်းမယ်ဆိုရင်တော့ နာရီဝက်လောက်ထားပြီးရေဆေးပေးရုံပါပဲ ။ နေ့တိုင်းလိမ်းပေးနိုင်ပါတယ် ။
၂ ) အုန်းဆီ
သဘာဝအုန်းဆီစစ်စစ် အရောအနှောလုံးဝမပါတာကို အသားထဲစိမ့်ဝင်အောင် လိမ်းကျံပေးပြီး ထားလိုက်ရုံပါပဲ ။ အုန်းဆီမှာပါဝင်တဲ့ အာဟာရဓာတ်တွေကကြာလေစိမ့်ဝင်လေမို့ ရေပြန်ဆေးပေးစရာမလိုပါဘူး ။ ဒါပေမယ့် အဆီတွေနဲ့မို့မနေတတ်ရင်တော့ နေနိုင်သလောက်နေပြီး သဘာဝသန့်စင်ဆေးနဲ့ပဲ မျက်နှာသစ်ပေးလို့ရပါတယ် ။
၃ ) ပျားရည်
ပျားရည်စစ်စစ်ဟာ အသားအရေအတွက်ကောင်းကျိုးအလွန်ပေးပါတယ် ။ ယောင်ယမ်းခြင်းသက်သာစေသလို ပိုးသတ်ပေးနိုင်တဲ့ သတ္တိလည်းရှိပါတယ် ။ ပေါင်းတင်သလိုပဲ လိမ်းပေးပြီး နာရီဝက်အကြာမှာရေဆေးပေးပါ ။
၎ ) သံပုရာရည်
သံပုရာရည်ဟာ ၀က်ခြံကုစားရာမှာလဲအသုံးဝင်သလို အမာရွတ်တွေမှေးမှိန်စေရာမှာလဲ အရမ်းနာမည်ကြီးပါတယ် ။ သံပုရာသီးကိုညှစ်ပြီးရလာတဲ့အရည်ကို လိမ်းပေးပြီး ၁၅မိနစ်အလွန်ဆုံးထားပေးရုံပါပဲ ။ ရေလေးနဲ့ပဲဆေးပေးပါ ။
၅ ) အာလူးအရည်
အာလူးကိုပါးပါးလှီးလိုက်ရင် ကပ်ပါလာတဲ့အရည်ကြည်လေးတွေကို အမာရွတ်ပေါ်တင်ကပ်ပေးထားရုံပါပဲ ။ မိနစ်၂၀လောက်ထားပြီးခွာပေးရုံပါပဲ ။ ရေးဆေးစရာမလိုပါဘူး ။ အာလူးဟာနေလောင်ဒဏ်ကိုလဲ သက်သာစေပြီး အသားဖြူစေတဲ့သတ္တိလဲရှိပါတယ် ။
၆ ) သခွားသီး
ပါးပါးလှီးပြီး ထုံးစံအတိုင်းကပ်ပြီးပေါင်းတင်ပေးရုံပါပဲ ။
၇ ) သကြား
သကြားကို ပျားရည်လေးနဲ့ရောပြီး သာသာလေးပွတ်ပြီးပေါင်းတင်ပေးရုံပါပဲ ။ နာရီဝက်လောက်ပဲထားပေးပါ ။ ရေလေးနဲ့ပဲ သန့်စင်ပေးပါ ။ ဒီလိုပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အသားအရည်လဲ ကြည်လင်လာစေပါတယ် ။
သဘာဝနည်းဆိုတာအချိန်တစ်ခုပေးပြီး စိတ်ရှည်ရှည်နဲ့ကုစားမှ ထိရောက်တာပါ ။ ဒီနည်းလေးတွေက ပုံမှန်အနည်းငယ်သော ၀က်ခြံအမာရွတ်များအတွက်သာသေချာပေါက် ထိရောက်စေမှာပါ ။ အရေပြားရောဂါကြောင့်ဖြစ်စေ ၊ မတည့်သောဓာတုဗေဒပစ္စည်းကြောင့်ဖြစ်စေ ဆိုးဝါးစွာ ဒဏ်ဖြစ်နေသောအရေပြားကိုတော့ ဆရာဝန်နှင့်သေချာစွာတိုင်ပင်ပြီးမှ ညွှန်ကြားချက်အတိုင်းသာ လိုက်နာသင့်ပါတယ် ။
With tons of love , Super Women .
Credit - Super Women
kuantan Min Yar Zar
Saturday, 26 March 2016
ကားမူးရောဂါ
ကားမူးရောဂါ
"ကားရပ်ပေးပါ ကားရပ်ပေးပါ ဝေါ့ ဝေါ့
ဆက်မလိုက်နိုင်တော့ဘူးသည်မှာပဲထားခဲ့ပါတော့
ခေါင်းတွေမူးနေပြီ အန်ရတာလဲမောနေပြီ"
ဆူညံ့သံများဖြင့် ညဘက်မှောင်မှောင်မှာကားထိုးရပ်
သံကြားရလေသည်။
ထိုအခါ အန်နေသူအော်ပြောသူကိုဓါတ်မီးများဖြင့်ဝိုင်း
ထိုးထားမှအလင်းရောင်အောက်မှာအဒေါ်ကြီးတစ်
ယောက်ကိုမြင်ရလေသည်။
ထိုအခါ အန်နေသူ့ဘေးမှအဒေါ်ကြီးက
"ဟဲ့ စိန်တုတ် ပြဿနာမရှာနဲ့နော် ညည်းသည်မှာနေခဲ့
လို့ဖြစ်မလား"
"မသိဘူးအေကျုပ်မလိုက်နိုင်တော့ဘူးတော့"
ပြောလည်းပြောကားပေါ်ကအတင်းဆင်းဖို့အလုပ်မှာ
"စိန်တုတ် နေပြည်တော်ရောက်လို့နင်မပါရင်နင့်လင်ကို
ငါဘယ်လိုပြောရမလဲ"
"နင့်ကိုယူပါလို့ပြောလိုက်ကောင်မရေ" "အရေးထဲအိမ်က
ဟာကိုအလွမ်းလာသည်နေသေးတယ်"ဟုပွစိပွစိပြောကာပြန်ချဲလေသည်။
"တယ် သည်မတာမ စိန်တုတ်"
တစ်ယောက်ကလည်းပြန်တွယ်လေသည်။
ကားထဲမှာတော့ဝါးခနဲ့ဝိုင်းရီကြလေသည်။
သည်တော့မှကိုနေလည်းထိုင်ရာမှထကာအဒေါ်ကျနော့မှာကားမမူးမအန်တဲ့ဆေးရှိတယ်သောက်မလား
ဟုလှမ်းမေးလိုက်မိသည်။
ဝေါ့
ထိုအခါအဒေါ်ကြီးကကားပေါ်မှမြေပြင်ပေါ်သို့အန်ချပြီး
မမူးမအန်ဘူးဆိုရင်မြန်မြန်ပေးပါကွယ်ဟုအတင်းတောင်းလေသည်။
ကျနော်လည်းဆေးအိတ်ထဲမှဆေးပွင့်နှစ်ပွင့်ထုတ်ပေး
လိုက်လေသည်။
ထိုအဒေါ်ကြီးက ဆေးပွင့်နှစ်ပွင့်ဝါးစားရင်းကျနော်ကို
မျက်လုံးပြူးကြည့်ကာ
"သေချာတယ်နော်"
"ဟုတ်သေချာပါတယ် ဝါးစားပြီးရေသောက်လိုက်ပါ'
"အေး အေ"ဟုဆိုကာရေသောက်ပြီးထိုင်ခုံမှာပြန်ထိုင်
နေလေသည်။
ကားဆရာလည်းနေပြည်တော်ဘက်ကားဆက်မောင်းလေသည်။
ခဏကြာတော့အန်သံပျောက်ပြီးတစ်ကားလုံးငြိမ်သက်အိပ်မောကျသွားလေသည်။
မနက်မိုးလင်း၍နေပြည်တော်ရောက်သောအခါထိုအ
ဒေါ်ကြီးမှကျနော့်ကိုကြည့်ကာ
"ငါ့တူဆေးနှစ်ပွင့်ကစွမ်းလှချည်လား"
"ဟုတ်ကဲ့အရမ်းစွမ်းပါတယ်"
"နောက်တစ်ခါကားစီးရင်ဆေးနှစ်ပွင့်ကြိုသောက်ထားလိုက်မယ် ကျေးဇူးပါကွယ်"
"ဟုတ်ကဲ့" ဟုပြောရင်း နေပြည်တော်မြို့မဈေးဘက်
ခြေလှမ်းပြင်လိုက်စဉ်
"အကိုရေ အကို ခဏခဏ"
မောမောပန်းပန်းနဲ့စပါယ်ယာကောင်လေးပြေးလိုက်လာကာ"ညီဆရာ့ကကားမူးအအန်ပျောက်တဲ့
ဆေးနှစ်ပွင့်ဘာလဲပြောခဲ့ပါတဲ့"
"သြော်ဒါလား လေးညှင်းပွင့်နှစ်ပွင့်ပါညီလေးရာ"ဟု
ပြောရင်း ခရီးဆက်ခဲ့လေတော့သည်။
အနာသိရင်ဆေးရှိပါတယ်ကားမူးပြီးအန်တတ်ရင်
လေးညှင်းပွင့်နှစ်ပွင့်သာဆောင်ထားပါဟုအသိပေး
ခွင့်ပြုပါလေ။
Nay MinLay(မြန်မာ့ဆေးပညာ-၁/ရန်ကုန်)
ကွမ်တန်း မင်းရာဇာ
"ကားရပ်ပေးပါ ကားရပ်ပေးပါ ဝေါ့ ဝေါ့
ဆက်မလိုက်နိုင်တော့ဘူးသည်မှာပဲထားခဲ့ပါတော့
ခေါင်းတွေမူးနေပြီ အန်ရတာလဲမောနေပြီ"
ဆူညံ့သံများဖြင့် ညဘက်မှောင်မှောင်မှာကားထိုးရပ်
သံကြားရလေသည်။
ထိုအခါ အန်နေသူအော်ပြောသူကိုဓါတ်မီးများဖြင့်ဝိုင်း
ထိုးထားမှအလင်းရောင်အောက်မှာအဒေါ်ကြီးတစ်
ယောက်ကိုမြင်ရလေသည်။
ထိုအခါ အန်နေသူ့ဘေးမှအဒေါ်ကြီးက
"ဟဲ့ စိန်တုတ် ပြဿနာမရှာနဲ့နော် ညည်းသည်မှာနေခဲ့
လို့ဖြစ်မလား"
"မသိဘူးအေကျုပ်မလိုက်နိုင်တော့ဘူးတော့"
ပြောလည်းပြောကားပေါ်ကအတင်းဆင်းဖို့အလုပ်မှာ
"စိန်တုတ် နေပြည်တော်ရောက်လို့နင်မပါရင်နင့်လင်ကို
ငါဘယ်လိုပြောရမလဲ"
"နင့်ကိုယူပါလို့ပြောလိုက်ကောင်မရေ" "အရေးထဲအိမ်က
ဟာကိုအလွမ်းလာသည်နေသေးတယ်"ဟုပွစိပွစိပြောကာပြန်ချဲလေသည်။
"တယ် သည်မတာမ စိန်တုတ်"
တစ်ယောက်ကလည်းပြန်တွယ်လေသည်။
ကားထဲမှာတော့ဝါးခနဲ့ဝိုင်းရီကြလေသည်။
သည်တော့မှကိုနေလည်းထိုင်ရာမှထကာအဒေါ်ကျနော့မှာကားမမူးမအန်တဲ့ဆေးရှိတယ်သောက်မလား
ဟုလှမ်းမေးလိုက်မိသည်။
ဝေါ့
ထိုအခါအဒေါ်ကြီးကကားပေါ်မှမြေပြင်ပေါ်သို့အန်ချပြီး
မမူးမအန်ဘူးဆိုရင်မြန်မြန်ပေးပါကွယ်ဟုအတင်းတောင်းလေသည်။
ကျနော်လည်းဆေးအိတ်ထဲမှဆေးပွင့်နှစ်ပွင့်ထုတ်ပေး
လိုက်လေသည်။
ထိုအဒေါ်ကြီးက ဆေးပွင့်နှစ်ပွင့်ဝါးစားရင်းကျနော်ကို
မျက်လုံးပြူးကြည့်ကာ
"သေချာတယ်နော်"
"ဟုတ်သေချာပါတယ် ဝါးစားပြီးရေသောက်လိုက်ပါ'
"အေး အေ"ဟုဆိုကာရေသောက်ပြီးထိုင်ခုံမှာပြန်ထိုင်
နေလေသည်။
ကားဆရာလည်းနေပြည်တော်ဘက်ကားဆက်မောင်းလေသည်။
ခဏကြာတော့အန်သံပျောက်ပြီးတစ်ကားလုံးငြိမ်သက်အိပ်မောကျသွားလေသည်။
မနက်မိုးလင်း၍နေပြည်တော်ရောက်သောအခါထိုအ
ဒေါ်ကြီးမှကျနော့်ကိုကြည့်ကာ
"ငါ့တူဆေးနှစ်ပွင့်ကစွမ်းလှချည်လား"
"ဟုတ်ကဲ့အရမ်းစွမ်းပါတယ်"
"နောက်တစ်ခါကားစီးရင်ဆေးနှစ်ပွင့်ကြိုသောက်ထားလိုက်မယ် ကျေးဇူးပါကွယ်"
"ဟုတ်ကဲ့" ဟုပြောရင်း နေပြည်တော်မြို့မဈေးဘက်
ခြေလှမ်းပြင်လိုက်စဉ်
"အကိုရေ အကို ခဏခဏ"
မောမောပန်းပန်းနဲ့စပါယ်ယာကောင်လေးပြေးလိုက်လာကာ"ညီဆရာ့ကကားမူးအအန်ပျောက်တဲ့
ဆေးနှစ်ပွင့်ဘာလဲပြောခဲ့ပါတဲ့"
"သြော်ဒါလား လေးညှင်းပွင့်နှစ်ပွင့်ပါညီလေးရာ"ဟု
ပြောရင်း ခရီးဆက်ခဲ့လေတော့သည်။
အနာသိရင်ဆေးရှိပါတယ်ကားမူးပြီးအန်တတ်ရင်
လေးညှင်းပွင့်နှစ်ပွင့်သာဆောင်ထားပါဟုအသိပေး
ခွင့်ပြုပါလေ။
Nay MinLay(မြန်မာ့ဆေးပညာ-၁/ရန်ကုန်)
ကွမ်တန်း မင်းရာဇာ
ကညွတ်ဟာ ဆီချိုရောဂါ အတွက် နောက်ဆုံးပေါ် လက်နက်ဟုဆို
ကညွတ်ဟာ ဆီချိုရောဂါ အတွက် နောက်ဆုံးပေါ် လက်နက်ဟုဆို
==================================
ကညွတ်ကို ပုံမှန်စားသုံးတဲ့ သူတွေ ဟာ သွေးတွင်း သကြားဓာတ် ပုံမှန်ဖြစ် အောင် ထိန်းချုပ်နိုင်ပြီး ဂလူးကို့စ်ကို စုပ် ယူဖို့ ကူညီနိုင်တဲ့ အင်ဆူလင်ဟော်မုန်း ထုတ်လုပ်မှုလည်း မြင့်တက်လာ နိုင်တယ် လို့ သိပ္ပံပညာ ရှင်တွေက တွေ့ရှိခဲ့ပါ တယ်။ ဒါကြောင့် ကညွတ်ဟာ ဆီးချိုရော ဂါကို တွန်းလှန်ဖို့ နောက်ဆုံးပေါ်လက် နက်ဖြစ်လာမယ်လို့ သိပ္ပံပညာရှင် တွေက ယုံကြည်ကြ ပါတယ်။
ကမ္ဘာပေါ်မှာ လူ ပေါင်း တစ်သန်းကျော်ဟာ ဆီးချိုရောဂါ ဖြစ်နေမှန်း မသိရှိကြသူ တွေဖြစ်ပါတယ်။ မောပန်းတာ၊ ရေငတ်တာ၊ မကြာခဏ ဆီးသွားတာ၊ မှက္ခရုပေါက်တာနဲ့ အနာ ကျက်နှေးတာလိုမျိုး ဆီးချိုရောဂါရဲ့ လက္ခဏာတွေကို မသိရှိနားမလည်ကြ လို့ပါ။ အဲဒါတွေကို ကုသမှုမခံယူရင် အ မျိုးအစား (၂) ဆီးချို ရောဂါကြောင့် နှလုံးတိုက်ခိုက် ခံရတာ၊ အမြင်အာရုံ ဆုံး ရှုံးတာနဲ့ ခြေပြတ်လက်ပြတ်တွေ ဖြစ်လာ နိုင်ပါတယ်။
ကညွတ်ဟာ ခန္ဓာကိုယ်ကြွက်သားနဲ့ တစ်သျှူးတွေမှ ဂလူးကို့စ်သုံးစွဲနိုင်မှု ၈၁ ရာခိုင်နှုန်း ပိုမိုမြင့်မား စေတယ်လို့ ကရာချိ တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက တွေ့ရှိ ခဲ့ပါတယ်။ ကညွတ်အနှစ်ပမာဏများစွာ သုံးစွဲပါမှ မုန့်ချိုအိတ်မှ အင်ဆူလင်ထုတ် လုပ်မှုကို ထိရောက်စွာ အကျိုးရှိနိုင်တယ် လို့ သိရပါတယ်။
ဒေါက်တာခင်မိုးမိုး
By Good Health
ကွမ်တန်းမင်းရာဇာ
Sunday, 20 March 2016
ခြေဖနောင့်ကွဲအက်ခြင်းကို သဘာဝနည်းနဲ့ ကုစားကြရအောင်
ခြေဖနောင့်ကွဲအက်ခြင်းကို သဘာဝနည်းနဲ့ ကုစားကြရအောင်
ပြုလုပ်ဖို့အဓိကလိုအပ်တာကတော့ နာနတ်သီးအခွံပါပဲ။နာနတ်သီးအခွံကို ခြေဖနောင့်ကွဲတဲ့နေရာမှာ အုပ်ထားပြီး ပတ်တီးစည်းထားပါ။နှစ်နာရီလောက်ကြာသောအခါ ထိုအုပ်ထားတာကို ခွာပစ်လိုက်ပါ ၂ နာရီထက်ပို မထားပါနှင့်။နာနတ်သီးမှာပါသော အက်ဆစ်ဓါတ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။တစ်ပတ်တစ်ခါနဲ့ တစ်လလောက်လုပ်ကြည့်ပါက ထူးခြားလာပါလိမ့်မည်။
မောင်စိုင်း
(ကနောင်)
Friday, 11 March 2016
ချောင်းဆိုးပျောက်တဲ့ သင်္ဘောသီးအစေး
ချောင်းဆိုးပျောက်တဲ့ သင်္ဘောသီးအစေး
ရာသီဥတုအမျိုးမျိုးပြောင်းလဲမှုတို့ကြောင့် ချောင်းလျှင် အောက်ပါ သဘာဝနည်းဖြင့် ကုသနိုင်ကြပါတယ်။
ဒီဆေးနည်းကတော့ သိမ်ဖြူဆရာတော်ရေးသားထားတဲ့ ဆေးအဘိဓမ္မာကျမ်းထဲမှာလည်း ပါဝင်ပါတယ်။ သင်္ဘောသီး၊ သင်္ဘောရွက်ဆို့ဟာ အလွန်ဆေးဖက်ဝင်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါအမျိုးမျိုးအတွက် အသုံးပြုကြတာများပါတယ်။
(၁) သင်္ဘောသီးအစိမ်ပေါ်ကို (ပုံပါအတိုင်း) ဓါးဖျားဖြင့် အနည်းငယ်ဖောက်၍ အစေးများကို (၁၅) စက်ခန့် ခွက်ကလေးဖြင့် ရအောင်ယူပါ။
(၂) ၄င်းသင်္ဘောသီးအစေးများကို ရေနွေး အနေတော်ခန့်ဖျော်၍ သောက်ပါ။
(၃) မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ပေးပါ။
၎င်းဆေးကို (၂) ရက်ခန့် သောက်ပါက ချောင်းဆိုးကင်းစင်ပြီး သက်သာပျောက်ကင်းသွားပါမည်။
သတိပြုရန် -
သင်္ဘောသီး၊ သင်္ဘောရွက်၊ သင်္ဘောစေးတို့ကို စားသုံးပြီးလျှင် ဂျင်းပါတဲ့အစားအစာကို ချက်ချင်းမစားပါနှင့်။ အနည်းဆုံး ၁ နာရီခန့်ခြားပြီးမှ စားပါ။ အဆိပ်အတော်ကို ဖြစ်စေလို့ပါ။
ငွေကုန်သက်သာပြီး အလွယ်တကူရနိုင်သော ဆေးမြီးတိုနည်းဖြင့်
ချောင်းဆိုးဝေဒနာခံစားရသူများ သက်သာပျောက်ကင်းနိုင်ကြပါစေ။
စောနွဲ့နေဆိုင်(တိုင်းခမ်းတီ) ကိုးကား - ရိုးရာဆေးမြီးတိုများ
စိတ်ညစ်ပယ်ချိုး စိတ်မဆိုး သွေးသန့်နနွင်းလုံး
ကောက်ရိုးမှိုအစွမ်း
ကောက်ရိုးမှိုအစွမ်း
ယမုံအေး(စမ်းချောင်း)
တွဲဖက်စားသုံးရန်
၁။ မှို၊ ကျောက်ဖရုံသီးပေါင်း
ကောက်ရိုးမှိုက ကိုယ်တွင်းအပူကို ဖယ်ရှားပေးသည်။ ဆီးကို ကောင်းကျိုးပေးသည်။ အသည်းကို ကျန်းမာစေမည်။ ကျောက်ဖရုံသီးက ခန္ဓာကိုယ်တွင်းရှိ အဆိပ်ကိုဖယ်ရှားပေးသည်။ ကိုလက်စထရောကို ကျဆင်းစေသည်။ သွေးကြောမာခြင်းကို ကြိုတင်ကာကွယ်ပေးနိုင်သည်။ ထို့ကြောင့် ကောက်ရိုးမှိုနှင့် ကျောက်ဖရုံသီးကို ပေါင်း၍စားသုံးသင့်သည်။
၂။ မှို၊ ပဲပြားဟင်းရည်
ကောက်ရိုးမှိုနှင့် ပဲပြားကို ဟင်းရည်ချက်စားပါက သွေးတွင်းအဆီများသူနှင့် သွေးတိုးသမားတို့အတွက် ကောင်းကျိုးရရှိစေနိုင်သည်။
တွဲဖက်မစားသုံးရန်
၁။ အရက်နှင့် ကောက်ရိုးမှို
အရက်နှင့်ကောက်ရိုးမှိုတွဲစားပါက လူ့ခန္ဓာကိုယ်က ကောက်ရိုးမှိုထဲရှိ ဗီတာမင်ဒီစုပ်ယူမှုကို ကျဆင်းစေ နိုင်သည်။ ထို့ကြောင့် အရက်နှင့် ကောက်ရိုးမှိုကို တစ်ချိန်တည်းတွင် တွဲမစားသင့်ပါ။
kuantan Min Yar Zar
Thursday, 10 March 2016
ဆေးစွမ်းထက်သော ကြိတ်မှန်ပင်
ဆေးစွမ်းထက်သော ကြိတ်မှန်ပင်
ရုက္ခအမည် - Eclipta alba (L)Hassk.
အင်္ဂလိပ်အမည် - Trailing Eclipta,ink plant.
မျိုးရင်း - compositae ( Asteraceae)
အသုံးပြု အစိတ်အပိုင်း - ပဉ္စငါးပါး။
ဆေးဝါးဆိုင်ရာ ဂုဏ်သတ္တိ ပိုးအဆိပ်တို့ ကို ပါယ်တတ်၏။
ဆံပင်ကိုကောင်းစေသည်။မျက်စိအရောင်ကို တောက်စေသည်။သွားကိုခိုင်စေသည်။လေ သလိပ်ဒေါသတို့ ကို နိုင်သည်။အားကိုဖြစ်စေသည်။ ထို့ အပြင်လိင်ဥရောင်မျက်စိရောဂါ ချောင်းဆိုး ပန်းနာ သမင်ဖြူ ဝါသင့်
အရေပြားယားယံခြင်း မျက်စိမမြင် ကာလသားရောဂါ
အဆိပ်ရောဂါတို့ ၌လည်း သုံးရ၏။ကိုယ်ဝန်ပျက်စီးခြင်း
နှင့် သားဖွားပြီးနောက်သားအိမ်ကိုက်ခဲခြင်းကို ပျောက်ကင်းစေသည်။
ကြိတ်မှန်သည် ဗိုက်တာမင်ကေ၏ အစွမ်းသတ္တိနှင့် တူညီပြီး သွေးတွင်းရှိ prothrob-obin ဓါတ်ကိုမြင့်တင်ပေးသဖြင့်
သွေးတိတ် စေသည်။ ခန္ဓာကိုယ် hissamine ဓါတ်ကြောင့်ဖြစ်စေသော ဓါတ်မတည့်သည်ကို သက်သာစေသော သတ္တိရှိသည်။ ဘက်တီရီယား ပွါးနေသည်ကိုဟန့် တားနိုင်သည်။ခွဲစိတ်ရာတွင်လည်းကောင်း မီးဖွားသည့်ကိစ္စများ ဆောင်ရွက်ရာတွင်လည်ကောင်း
နိုင်ငံတကာ သုတေသနစမ်းသက်ချက် အရ ပိုးသတ်ဆေး
အာနိသင်နှင့်သွေးတိတ် စေသောအာနိသင်ရှိကြောင်း
သိရသည်။
တုပ်ကွေးရောဂါအအေးမိရောဂါ အသက်ရှု
လမ်းကြောင်းရောဂါများ ကုသရာတွင်လည်း အာနိသင်
ရှိသည်။carbon terachoride ဖြင့်အသည်းရောင်
ဖြစ်စေသော hepatitis ရောဂါကို သက်သာစေပါသည်။ အခြားဆေးဖက်ဝင် အမယ်များနှင့် ပေါင်းစပ်ပြီ ပေါင်းစပ်ဆေးဖုံ အဖြစ် ထည့်သွင်း အသုံးပြု
ကြသည်။သွေးအားတိုး ဆေးအနေဖြင့်လည်းကောင်း
သွေးတိတ် ဆေးအနေဖြင့်လည်ကောင်း အသုံးပြုနိုင်
သည်။ချောင်းဆိုးသွေးပါ ဝမ်းကိုက်သွေးပါ မီးယပ်သွေး
များခြင်းနှာခေါင်း သွေးယိုခြင်း လိပ်ခေါင်းသွေးယိုခြင်း
သွေးအန်ခြင်း ဆီးတွင်သွေးပါခြင်း ဒါဏ်ရာသွေးထွက်ခြင်း
စသည်တို့ တွင်သုံးနိုင်သည်။အရေပြားအနီပြင်ထခြင်း
ဝက်သက် ချောင်းဆိုး ပန်းနာရင်ကြပ် မီးလောင်နာတို့ 
ကိုကုသရာတွင် အသုံးဝင်သည်။ဆံပင်ပေါက်မှု ကို
အားပေးသည်။ဆံပင်ကိုနက်မှောင် သန်စွမ်းစေပြီ အသည်းကို အားဖြစ်စေသည့် အတွက်ဆံပင်သန်စွမ်းပြီ
နက်စေသောဆေးများနှင့်အသည်းအားဆေးများတွင်
ပါဝင်အသုံးပြုသည်။ကြွက်များအား စမ်းသပ်ချက်အရ
ဘေးထွက်ဆိုးကျိုး မတွေ့ရှိရပေ။ ကြိတ်မှန်သည် အဖြူ
အဝါ အနက် ဟူ၍ ၃ မျိုးခန့် ရှိသော်လည်း အနက်မျိုးမှာ
လွန်စွာရှားပါးသည်။ အပွင့်ဖြူ အပင်မှပွင့်ဖတ်အဖြူလေး
များကြွေကျပြီးနောက် အသီးခွက်တွင် အညိုအနက်ဖြစ်
လာသည်ကို ကြိတ်မှန်နက်ဟုလည်းယူဆကြသည်။
#သွားခိုင်ဆေး
ကြိတ်မှန်ရွက်လတ်လတ်ဆတ်ဆတ် ကိုအမှုန့် ထောင်း
ထို့ အမှုန့် နှင့်နွားနို့ ကို တစ်လတိုင်အောင်သောက်သင့်၏
တစ်နှစ်သောက်ခဲ့ပါက ကန်းနေသောသူများလည်း
အမြင်သန်နိုင်သည်။ အ နေသောသူများပင်စကားပြော
နိုင်လိမ့်မည်။နား ပင်းသူများ အသံကြားလာလိမ့်မည်။
နဲ့ နေသောသွားများခိုင်မာပါလိမ့်မည်။
#ဆံပင်နက်ဆေး
ကြိတ်မှန်ရွက် နှမ်းနက် တို့ ကို အလေးတူယူ၍ အမှုန့် ပြုပြီးလျှင်တစ်လတိုင်အောင်စားပါ။စားတိုင်း
နွားနို့ ကို အမြဲ မှီဝဲပေးခဲ့သော် အနာရောဂါကင်းစင်
သည့်အပြင် အသက်ရှည် ဆံပင်နက်စေသည့်အကျိုးထူး
ခံစားရမည်။
#ကျမ်းမာအသက်ရှည်ဆေး
ကြိတ်မှန်ရွက် နှမ်းနက် ဆီးဖြူသီးခြောက် ကို အလေးချိန်တူယူ အလေးချိန်သုံးဆ သကြားခဲကိုထည့်
ရော၍အမှုန့် ပြုပြီးနေစဉ် မပြတ် မှီဝဲသွားခဲ့သော် အို သော အဖြစ်မှ နှေး လိမ့်မည် အချိန်မကျမှီ မသေနိင်ပေ။
#စအိုလျောနာ
ကြိတ်မှန် မြစ်နှင့် နနွင်းကို အညီ အမှုန့် ထောင်းပြီး
လိမ်းပေးပါက ထိုရောဂါပျောက်သည်။
#ခရုသင်းနာ
ကြိတ်မှန်မြစ် ဖန်ခါးမြစ် နှစ်မျိုးကို အညီအမျှ ယူ အိုး
တစ်ခုတွင် ဖုတ်ပါ ပြာ ကျပါက ထိုပြာကို ပုန်းရည်ဖြင့်
ဖျော် လိမ်းပါက ခရုသင်းနာပျောက်သည်။
#ကာလသားရောဂါ
ကြိတ်မှန်ရွက် ကြစုသီး သစ်ဆိမ့်သီး နှပ်ချိုမြစ်
ကြေးနီမှုန့် သံမှုန့် တို ကို အညီအမျှ အလေးချိန် ယူ၍
မှုန့် ညက်အောင် ထောင်းပြီး အနာရှိရာ လိမ်းပါက ပျောက်ကင်း၏။
#လေတုလာသရောအကျိတ်နာ
ပင်စိမ်းရွက် ရွေးဖြူ ရွက်ဗုံလုံခါးရွက် ၄င်းတို့ ကို
အညီအမျှစီ ယူအားလုံး သုံးဆ ကြိတ်မှန်ရွက် သတ္တုရည်
တွင်ရော၍ကြိတ်ပြီး အတောင့်လုပ်ထားပါ။ ၄င်း အတောင့်ကိုဆံပုန်းရည်ဖြင့်ရောပြီးလိမ်းပါက အထက်ပါ
ရောဂါလျင်စွာပျောက်ကင်းသည်။
#ထိပ်ပြောင်မွေးကျွတ်နာ
ကြိတ်မှန်ရွက် မန်ကျီးသီး ဆီးဖြူသီး တို့ ကို သတ္တုရည် ပြု သံမဏိ မှုန့် ကိုရောပြီးညက်စွာကြိတ် မှီဝဲ
ခဲ့သော်ဆံပင်ကျွတ်ခြင်း ထိပ်ပြောင်ခြင်းများပျောက်ကာ
ဆံပင်ပြန်ပေါက်ပါလိမ့်မည်။
#နေလှည့်ခေါင်းကိုက်နာ
ကြိတ်မှန်ရွက် သတ္တုရည်တွင် ဆိတ်နို့ ကို ဆတူယူ ရောပြီး နေတွင်လှမ်းပါပူနွေးနွေး ရှိလာသော
အခါ ရူ ပေးပါကထိုရောဂါ ပျောက်သည်။
#ကိုယ်ရေဝါရောဂါ
ကြိတ်မှန်ရွက် သတ္တုရည် ကိုငြုပ်ကောင်းမှုန့် ရော၍ နံနက်စောစောတွင် ဒိန်ရည်ဖြင့်သောက်ပါ။ ၇ ရက်
ဆက်သောက်ပါက ပျောက်ကင်းလိမ့်မည်။
#ပြဒါးအဆိပ်သင့်နာ
ကြိတ်မှန်ရွက် သတ္တုရည် ပေါက်ပန်းဖြူရွက် သတ္တု
ရည် ဆော်ဒါ မှုန့် တို့ ကို ပုန်းရည်ဖြင့် ရောပြီး တစ်နေ့  ၃
ကျပ်သား ခန့်  သောက်ပေးပါက ပြဒါးများသည် ကျင်ငယ်
မှ သက်ဆင်း ပျောက်ကင်းပါသည်။
#မီးလောင်နာ
ကြိတ်မှန်ရွက် သတ္တုရည် နှင့် ပင်စိမ်းရွက်သတ္တုရည်
တို့ ကိုရော၍မီးလောင်နာတွင် တစ်နေ့  ၂ ကြိမ်ခန့် လိမ်း
ပေးပါက ပူလောင်ခြင်း ပျောက်ကင်း၍အနာပေါ်တွင်
အမာရွတ်များပါ ပျောက်ကင်းလိမ့်မည်။
#အဆီတိုးရောဂါ
နေ့ စဉ် ညအိပ်ရာဝင်ချိန်တွင် ကြိတ်မှန်ရွက် သတ္တု
ရည်ဖြင့် ခန္ဓာ ကိုယ်ကို လိမ်းပေး ၆ လတိုင်ပြုလုပ်ပေးပါ
များပြားနေသော အဆီများလျော့ပါးပြီး အဆီကျိတ် များ
လည်းပျောက်ကင်းလိမ့်မည်။
#ဝမ်းဗိုက်ပိုးနာ
ကြိတ်မှန်ရွက် သတ္တုရည်ကို ဝစ္စမဂ် ၌ ၃ ၄ ကြိမ် လူး
ပေးပါက ပိုးများကျဆင်းလာပါလိမ့်မည်။
#ရေယုန်ကြီးနာ
ကြိတ်မှန်မြစ် နှင့် နနွင်းကိုရေဖြင့်သွေး၍နေ့ စဉ် လိမ်းကျံပေးပါက ပျောက်ကင်းသည်။
#နူမွဲနာ
ကြိတ်မှန်ပင် အစို တစ်ပင်လုံးကို ဖယောင်းသားကျ
အောင်ကြိတ်ပြီး နှမ်းဆီဖြင့်ချက်ကာ နူမွဲ များကို လိမ်းပေး
ပါကပျောက်ကင်းသည်။
#ဝမ်းမီနှုံနှင့်သွေးအားနည်း
ကြိတ်မှန်ပင်တစ်ပင်လုံးကို ယူ၍ အရိပ်တွင် သွေ့
စေကာအမှုန့် ပြု ထို အမှုန့် ဖြင့်အလေးချိန်တူ တြိဖလ အမှုန့်  ရောစပ် ထို ၂ မျိုးလုံး၏အလေးချိန်ဖြင့်ညီမျှသော
သကြားခဲ အလေးချိန်ကို ယူပြီ အမှုန့် ပြုရောစပ် ထို
အမှုန့်  ၃ မတ်သားကိုသင့်တော်သော အစာအဟာရဖြင့်
မှီဝဲခဲ့ပါက ဝမ်းမီးနှုံနှင့်သွေးအားနည်းရောဂါ ပျောက်ကင်း
လာပါလိမ့်မည်။
#ခံတွင်းပျက်နှင့်ကြိတ်မှန်ရွက်ယို
ကြိတ်မှန်ရွက်ပဉ္စငါးပါးနုတ်နုတ်စင်းပြီးသား ၂၅ ကျပ်သားထန်းလျက်သန့် သန့်  ၁၀ သား နှင့်အရည်ညစ်
ပြီးသားရှောက်သီး ဖတ် ၁၀ ကျပ်သား ကြက်သွန်နီ ပါးပါး
လှီးပြီးသား ၁၀ သား စမုန်မျိုးငါးပါး အမှုန့် နှစ်ပဲသားစီ
အထက်ပါ ဆေးအစုကို အိုးသစ်တွင် ဆားသင့်ရုံ ရေသင့်
ရုံထည့်ပါ မီးဖိုတွင် ယိုထိုးသလို ထိုးပါ ယို အဖြစ်သို့ 
ရောက်ပါက အအေးခံဘူးသစ်တွင်ထည့် အစာ နှင့် ဝေးချိန် နံနက် အိပ်ရာထ နေ့ လည် ညအိပ်ရာဝင် တစ်နေ့  သုံးကြိမ်စားပေး။ ထို ယိုဖြင့် ပျောက်ကင်းနိုင်
သောရောဂါများ ကိုယ်လက် ဖေါယောင် ကိုယ်ဝန်ရျိစ ပျို့
အန်နာ ကိုယ်ဝန်ပျက် ကြက်မျက်သင့် ချောင်းဆိုးပန်းနာ
ခြေတုန်လက်တုန် တစ်ကိုယ်လုံးယာနာ နှလုံးတုန်ရင်ခုန်
နှလုံးရောဂါ ပွေးဝဲနှင်းခူ ဖိုမ အင်္ဂါစပ်ရောင်ရောဂါ ဗရင်ဂျီ
နာ မီးယပ်ကွက် မီးယပ်ခေါင်းကိုက် မီးယပ်ထုံကျင်
မေထုံလွန် မျက်စိမှုန် ယောင်ပြီးလန့် အော်သောအနာ
လေနာ ဝမ်းကိုက် ဝမ်းချုပ်လွန် ဝမ်းသက်လွန် သလိပ်နာ
သာအိမ်ကိုက်ခဲ သည်းခြေသွေးပုပ် သွေးဆုံး သွေးလွန်
သွေးအားနည်း စသည့် ရောဂါများအတွက်လည်း ထိရောက်ပါသည်။
#ကြိတ်မှန်ရွက် လက်သုပ်
ကြိတ်မှန်ရွက်ကို ရနွေး ဖျော ပြီး ပါးပါးလှီး ကြက်သွန်နီ
ဆီချက် နှမ်းမှုန့်  ပဲမှုန့် အကျတ် မန်ကျည်းမှည့် (ဝါ)ရှောက် သံပရာ ငံပြာရည်တို့ ဖြင့်သုပ်စားပေးခြင်းဖြင့်
အသားအရည် ကြည်လင်စိုပြည်လာပါလိမ့်မည်။
မိန်းခလေး များနှင့် အထူးသင့်တော်သည်။
အထင်မသေးသင့်သော သဘာဝ လမ်းဘေးပေါက်
ကြိတ်မှန်ပင် အကြောင်းအား တင်ပြလိုက်ပါသည်။
အညွန်း။ ။ ရှင်နာဂသိန်ပုံပြဆေးအဘိဓါန်
မြန်မာ့ဆေးဖက်ဝင် အပင်များ
မသိသူကျော်သွားဆေးမှတ်စု။
စည်သူ - မြန်မာ့ဆေးဖက်ဝင်အပင်များ-Medicinal Plants of Myanmar
Wednesday, 9 March 2016
အဖြူရောင် ပေါင်မုန့်တွေက လည်ချောင်းကင်ဆာ ဖြစ်နိုင်ဟုဆို
အဖြူရောင် ပေါင်မုန့်တွေက လည်ချောင်းကင်ဆာ ဖြစ်နိုင်ဟုဆို
------
စီးကရက်ကသာ လည်ချောင်းကင်ဆာလို ရောဂါမျိုးတွေ ဖြစ်ပွားနိုင်ချေရှိတာမဟုတ်ပါဘူး။ နေ့စဉ် စားသုံးကြတဲ့ အဖြူရောင်ပေါင်မုန့်တွေကို စားသုံးခြင်းဖြင့်လည်း လည်ချောင်းကင်ဆာ ဖြစ်နိုင်ချေရှိတယ်လို့ လေ့လာချက် အသစ်တစ်ရပ်က ဆိုပါတယ်။
ကာဘိုဟိုက်ဒြိတ်ဓာတ်ပါဝင်တဲ့ အစားအသောက်တွေဟာ ခါးရိုးနဲ့ လည်ချောင်းတွေ ကျန်းမာရေးအတွက် မကောင်းမွန်ဘူးလို့ ဆိုပါတယ်။ ကဆီဓာတ်ပါဝင်မှုနှုန်း များပြားတဲ့ အစားအသောက်တွေကို စားသောက်ခြင်းဖြင့် လည်ချောင်းကင်ဆာ ပိုဖြစ်နိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ ဆေးလိပ်မသောက်တဲ့သူတွေထဲက ၁၂ ရာခိုင်နှုန်းလောက်ဟာ လည်ချောင်းကင်ဆာ ဖြစ်ပွားကြပြီး အကြောင်းအရင်းကတော့ ဒီအစားအသောက်တွေကြောင့် ဖြစ်ပါတယ်။
ဒီအစားသောက်တွေ အများအပြား စားသောက်ရင် သွေးထဲက သကြားဓာတ်နဲ့ အင်ဆူလင်ဓာတ်ကို ပိုမို တိုးပွားလာစေပါတယ်။ အဲဒီနောက် IGFs လို့ခေါ်တဲ့ ဟိုမုန်းဓာတ်တိုးပွားလာပြီး လည်ချောင်းကင်ဆာ ဖြစ်ပွားရခြင်းရဲ့ အကြောင်းအရင်း ဖြစ်နေပါတယ်။
Source & Photos : Daily Mail
duwun
kuantan Min Yar Zar
Monday, 7 March 2016
ဂေါက်ရောဂါအကြောင်း သိကောင်းစရာ
ဂေါက်ရောဂါအကြောင်း သိကောင်းစရာ
ဂေါက်ရောဂါ (Gout) က ခန္ဓာကိုယ်ရဲ့စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ယူရစ်အက်ဆစ် (Uric Acid) တွေ သွေးတွင်းမှာ များနေတာကြောင့် ဖြစ်လာတဲ့ အဆစ်ရောင်ရောဂါတစ်ခုပါ။ ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ်တွေများရတဲ့ အကြောင်းရင်း အဓိက နှစ်ချက်ရှိပါတယ်။ တစ်ချက်က ခန္ဓာကိုယ်က ယူရစ်အက်ဆစ် ထုတ်လုပ်မှုများတာကြောင့်ြုဖစ်ပြီး နောက်တစ်ချက်ကတော့ ကျောက်ကပ်က ယူရစ်အက်ဆစ်စွန့်ထုတ်မှု နည်းတာကြောင့်ပါ။ သွေးထဲမှာ ပိုလျှံနေတဲ့ ယူရစ်အက်ဆစ်တွေက ပုံဆောင်ခဲအဖြစ် ပြောင်းလဲပြီး အဆစ်အတွင်း စုဆောင်းရာကနေ အဆစ်နာကျင်ကိုက်ခဲပြီး ဂေါက်ရောဂါ ဖြစ်လာရပါတယ်။
ကင်ဆာရောဂါ
ယူရစ်အက်ဆစ်ထုတ်လုပ်မှုများရတာဟာ ကင်ဆာရောဂါဝေဒနာရှင်တွေမှာ ဆဲလ်တွေကွဲတာ ပွားတာများကြောင့် ဒါမှမဟုတ် ကင်ဆာဝေဒနာရှင်တွေဟာ ဓာတ်ရောင်ခြည်နဲ့ကုသမှု ခံယူတဲ့အခါ ဆဲလ်တွေ ပြိုကွဲထွက်တာကြောင့် ခန္ဓာကိုယ်တွင်းမှာ ယူရစ်အက်ဆစ်တွေ များလာပါတယ်။
ကျောက်ကပ်ရောဂါ
ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုတွေ မကောင်းတဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ယူရစ်အက်ဆစ်အပြင် တခြားသောစွန့်ပစ်ရမယ့်အရာတွေကို မစွန့်ထုတ်နိုင်ပါဘူး။ ဒါ့ကြောင့် ကျောက်ကပ်မကောင်းတာကလည်း ဂေါက်ရောဂါကို ဖြစ်စေပါတယ်။
သွေးတိုးရောဂါ
သွေးတိုးရောဂါရှိသူ တချို့တွေဟာ ကျောက်ကပ်မကောင်းတာကြောင့် သွေးတိုးရောဂါကို ခံစားနေရ တတ်ပါတယ်။ ကျောက်ကပ်မကောင်းတာကြောင့် ခန္ဓာကိုယ်တွင်းမှာ ယူရစ်အက်ဆစ်တွေ များနေပြီး ဂေါက်ရောဂါကိုပါ ခံစားနိုင်ပါတယ်။ သွေးတိုးရောဂါရှိသူတွေမှာ ဂေါက်ရောဂါပါရှိပါက အ၀လွန်တာ အဆီများတာ၊ ဆီးချို သွေးချိုရောဂါ၊ နှလုံးရောဂါတွေ ဖြစ်ပွားမှုကိုပါ အားပေးရာ ရောက်ပါတယ်။
ဆီးချိုသွေးချိုရောဂါ
သင်ဟာ အချိုများများစားလို့ ပန်ကရိယက အင်ဆူလင်ဟော်မုန်းများများ ထုတ်ပေးလို့ဖြစ်စေ ဒါမှမဟုတ် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ အင်ဆူလင်ဟော်မုန်းက လုပ်ဆောင်ရမယ့် လုပ်ငန်း တာဝန်ကို မလုပ်ဆောင်ဘဲ သွေးတွင်းမှာ များနေတာဖြစ်စေ၊ ဂေါက်ရောဂါကို ဖြစ်စေပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သွေးတွင်းများနေတဲ့ အင်ဆူလင်ဟော်မုန်းတွေက ကျောက်ကပ်ကနေ ယူရစ်အက်ဆစ်ကို မစွန့်ထုတ်စေပြီး ပြန်လည်စုပ်ယူမှုကို အားပေးတာကြောင့် သွေးတွင်း ယူရစ်အက်ဆစ်များလာပြီး ဂေါက်ရောဂါကို ဖြစ်စေပါတယ်။
အ၀လွန်ရောဂါ
ဒီနေ့ခေတ်မှာ အဆင့်သင့်စားလို့ရတဲ့ အစာတွေက အတော်လေးကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ် ရောင်းချလာပါတယ်။ အဆင်သင့်အစာတွေ၊ ဆီကြော်စာတွေ၊ နည်းနည်းစားရုံနဲ့ ကယ်လိုရီအများကြီးရတဲ့ အစာတွေကြောင့် အ၀လွန်တာတွေ ဖြစ်လာကြပါတယ်။ ဒီအစာတွေကြောင့် အ၀လွန်တာနဲ့အတူ ဂေါက်ရောဂါပါ ဖြစ်လာပါတယ်။
သွေးဆုံးပြီး အမျိုးသမီးများ
မဟော်မုန်း အီစထရိုဂျင်က ကျောက်ကပ်ကနေ ယူရစ်အက်စစ်စွန့်ထုတ်တာကို အားပေးပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်းလျော့နည်းသွားတာကြောင့် သွေးတွင်းမှာ ယူရစ်အက်စစ်တွေများလာပြီး ဂေါက်ရောဂါကို ဖြစ်စေပါသည်။
ခဲဆိပ်စားမိခြင်း
ခဲဆိပ်က ကျောက်ကပ်ရဲ့ ယူရစ်အက်စစ် စွန့်ထုတ်မှုကို နှောင့်ယှက်ဟန့်ထားတာကြောင့် သွေးတွင်းယူရစ်အက်စစ်တွေများလာပြီး၊ ဂေါက်ရောဂါထစေပါသည်။ ၀ိုင်မှာပါတဲ့ ခဲဆိပ်ကြောင့် ၀ိုင်သောက်သူတွေဟာ ဂေါက်ရောဂါထတတ်ပါတယ်။ ပုစွန်ခြောက်၊ ငါးခြောက်တွေကိုအရောင်လှအောင် ခဲပက်တာတွေကြောင့် စားသုံးသူတွေရဲ့ သွေးတွင်းမှာ ယူရစ်အက်စစ်များပြီး ဂေါက်ရောဂါထစေပါသည်။
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်က သွေးကြောတွေကို ကျဉ်းစေပါတယ်။ အထူးသဖြင့် ကျောက်ကပ်ကို သွားတဲ့သွေးကြောတွေကို ကျဉ်းစေတာကြောင့် ကျောက်ကပ်ကနေ ယူရစ်အက်စစ်စွန့်ထုတ်တာကို လျော့နည်းစေပြီး ဂေါက်ရောဂါကို ဖြစ်စေတယ်။
ဂေါက်ရောဂါ ကာကွယ်နိုင်သောနည်းလမ်းများ
၁။ အဆီနဲသော Cholesterol နဲသော အစားအစာကို စားသုံးပါ။ အဆိုပါ diet ကိုစားသုံးခြင်းဖြင့် နှလုံးရောဂါဖြစ်ခြင်းကို ကာကွယ်နိုင်ရုံသာမက ဂေါက်ရောဂါဖြစ်ခြင်းကိုပါ ကာကွယ်ပေးနိုင်ပါသည်။
၂။ ဂေါက်ရောဂါဖြစ်စေသော Purine ဓာတ်များစေသော အစားအစာများကိုရှောင်ကျဉ်ပါ။ ဂေါက်ရောဂါကို ပိုမိုဆိုးရွားစေသော အစားအစာများမှာ
အနီရောင်ရှိသောအသားများ (ဝက်သား၊ အမဲသား)
ကိုယ်တွင်းကလီစာများ (အသဲ၊ နှလုံး)
အခွံမာရှိသော ပင်လယ်စာများ (ပုစွန်၊ ပုစွန်ထုပ်)
သန့်စင်ထားသော Carbohydrates ပါသောအစားအစာများ (white rice, white bread)
သကြားဓာတ်များသော အချိုရည်များ
အရက်နှင့် ဘီယာများ
၃။ ခန္ဓာကိုယ်အလေးချိန် လျော့ခြင်းသည် Uric acid တက်ခြင်းကိုကာကွယ်ပေးနိုင်ပါသည်။
၎။ ရေဓာတ်ခန်းခြောက်မှု ကိုကာကွယ်ပါ။ ရေများများသောက်ပါ။
၅။ နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးပါ။ (အထူးသဖြင့် အဆီထုတ်ထားသော နွားနို့၊ ဒိန်ချဉ်)။
၆။ ပြောင်းဖူး နှင့် ပြောင်းနှင့်ပက်သက်သော အစားအစာများစားသုံးခြင်းမှ ရှောင်ကျဉ်ပါ။
Credit မေသတင်းရပ်ကွပ်လေး
kuantan min yar zar
အရေးပေါ်သုံးရက်ဝိတ်ချအူဆေးနည်း
3Day Detox Diet & Detox ( 10pound loss )
အရေးပေါ်သုံးရက်ဝိတ်ချအူဆေးနည်း
သုံးရက်တည်းနဲ့အူရှင်းဆေမယ့်အပြင် 5ပေါင်မှ 10ပေါင်အတွင်းကျ
စေနိုင်မယ့်နည်းလေးပါ အရင် 3day နဲ့ခပ်ဆင်ဆင်ပါ အတိအကျလို
က်လုပ့်နိုင်ရင်တကယ်ကျပါတယ် အရေးပေါ်အမြန်ဝိတ်ချတာဖြစ်လို့အ
နည်းငယ်စိတ်ပင်ပန်းနိုင်ပါတယ် ထမင်းလွတ်နည်းဖြစ်လို့ အစာအိမ်
ရေားဂါကုနေရသူတွေ သွေးအားနည်းသူတွေ နို့တိုက်မိခင်တွေနဲ့အ
သက်ကြီးပိုင်းတွေလုံးဝ လုံးဝလိုက်လုပ့်ဖို့မသင့်ပါ မိမိကျမ်းမာရေးနဲ့ချင့်
ချိန်ပီးလုပ့်ပေးပါ
အဓိကပြေားချင်တာက ပါဝင်ပစ္စည်းတွေကိုအသင့်ပြင်ဆင်ပီးမှစပါ
မိမိရဲ့စိတ်ကိုနိုင်အောင်ထိန်းပါ သုံးရက်အတွင်း အိမ်တွင်းအောင်းပီး
Diet လုပ့်တာအကောင်းဆုံးပါ အစားအသောက်တွေအကြောင်းခန
ခနမစဉ်းစားပါနဲ့ သုံးရက်လုပ့်ပီး သုံးရက်ခန့်နားပီးပြန်စပါ အနည်းဆုံး
ဆယ်ကြိမ်အထိဆက်တိုက်လုပ့်နိုင်ရင် ပေါင် 40 လောက်ထိကျပါတ
ယ် ပထမအကြိမ်ဆိုရင် အူရှင်းလာမယ် ဝိတ်သိပ့်မကျတာမျိုးဖြစ်နေမ
ယ်လို့စိတ်ကထင်နေမယ် စိတ်ဓာတ်မကျပဲထပ့်ကြိုးစားပါ နောက်တ
ကြိမ်ဆိုရင် ပိုကျမှာပါ တသက်လုံးကိုယ်ကြိုက်တဲ့အဆီအစိမ့်မှန်သမျှ
စားလာခဲ့တော့ ဇွဲးရှိရှိသည်းညည်းခံပီး စိတ်တင်းကာကြိုးစားပါ သင်္ကြ
န်လည်းနီးလာပီးလေ မိမိဖတ်ပီးရင်လည်း တခြားသူတွေပါသိရအော
င်ပြန်ပီး Share ပေးပါနော်း စလိုက်ရအောင်
ပါဝင်ပစ္စည်းတွေကတော့ ???
ပေါင်မုန့်ကြမ်းလေးချပ့်
Green Tea ကြိုးဆွဲးအထုတ် သုံးထုတ်
တူနာငါးသေတ္တာအဝိုင်းသေးနှစ်ဘူး
ပန်းသီးစိမ်းနှစိလုံး
သီးမွေးဌက်ပျေား 4လုံး
ကြက်ဥ 3 လုံး
ပဲသီးစိမ်းအနည်းငယ်
ပန်းမုန်လာစိမ်းအသေးတဖူး
မုန်လာဥနီအသေးတလုံး
ခရက်ကာမုန့် 10 ချပ့်
ကြက်သားပြုတ်အနည်းငယ်
အနီချောင်းနှစ်ချောင်း
ဒိန်ချဉ်နှစ်ခွက်
======================
အူရှင်းရေပြုလုပ်ရန်ပါဝင်ပစ္စည်း ??
သခွားသီးတလုံး ( အကွင်းလေးတွေလှီးထားပါ )
ဂျင်းလက်တဆစ် ( ပါးပါးလှီး )
ဇီယာ လက်တဆုပ် (အဲ့အရွက်နဲ့အငြင်းမပွားလိုပါ ပုံပါအရွက်ပါ )
ရှားစောင်းလက်ပက် အနှစ် ငါးဇွန်း
လီမွန်ငါးကွင်း
ပါဝင်ပစ္စည်းတွေကို ရေသန့်နှစ်လီတာဘူးထဲးထည့်ပီးရေအပြည့်ဖြည့်
ကာညကတည်းစိမ်ထားပါ မနက်ထထချင်းသောက်ပါ ရှားစောင်းအနှစ်
ကအူမှာရှိတဲ့အညစ်အကြေးတွေရှင်းထုတ်ပေးပါတယ် တရက်တခါသ
ာပြုလုပ်ပါ နှစ်လီတာကုန်အောင်သောက်ပီး နောက်ရက်အတွက်အသ
စ်လဲးပါ
====================
အိပ့်ယာထထချင်း Detox Water လုပ့်ထားတာကို နှစ်ခွက်ဆင့်
သောက်ပေးပါ
Day (1) မနက်စာ
ပေါင်မုန့်ကြမ်းထောပတ်သုတ်တချပ့် + green tea ပူပူတခွက်
နေ့လည်စာ ??
ပေါင်မုန့်ကြမ်းတချပ့်ကို တူနာငါးသေတ္တာအသားညှပ့် + ရေနွေးနွးတ
ခွက် + Detox ရေခွက်ကြီးတခွက်
ညစာ ??
ပန်းသီးစိမ်းအသေးတလုံး + ကြက်သားပြုတ်အနည်းငယ် + ပဲသီးစိ
မ်းရေနွေးဖျေား
Day (2) မနက်စာ
ပေါင်မုန့်ကြမ်းတချပ့် + ကြက်ဥပြုတ်တလုံး + Green Tea ပူပူတ
စ်ခွက်
နေ့လည်စာ ??
ကြက်ဥပြုတ်တလုံး + ခရက်ကာမုန့်ငါးချပ့်ထောပတ်သုတ် + Detox Water ခွက်ကြီးတခွက်
ညစာ ??
ပန်းဖူးစိမ်း + မုန်လာဥနီ + အနီချောင်း ရေနွေးဖျောပီးရေားစားပါ +
ဒိန်ချဉ်တခွက်
Day (3) မနက်စာ
ခရက်ကာမုန့်ငါးချပ့် + ပန်းသီးစိမ်းတလုံး + green tea ပူပူတခွက်
နေ့လည်စာ ??
ကြက်ဥပြုတ်တလုံး + ပေါင်မုန့်ကြမ်းတချပ့် + Detox Water တခွက်
ညစာ ??
တူနာငါးသေတ္တာအသားအနည်းငယ် + ဒိန်ချဉ်တခွက်
ကျန်အချိန်တွေ ရေငတ်တိုင်း ရေအစား Detox Water ကိုသာ
သောက်ပေးရပါမယ် 3day Diet လုပ့်နေတဲ့အချိန်အတွင်းရှောင်ရ
မှာတွေက ထမင်းလုံးဝမစားပါနဲ့ ကော်ဖီ / ဂတ်စ်ပါတဲ့အချိုရည် / ဆီ
ကြော် / သကြား / တခြားသရေစာတခုခု သုံးရက်တည်းလုပ့်ရမှာမို့
အတတ့်နိုင်ဆုံးရှောင်ပါ ဝိတ်ချတယ်ဆိုမှတော့ ဗိုက်ဆာတဲ့ဒဏ်ကိုခံရ
မှာပါ သည်းညည်းခံနိုင်ရင် ပိန်လာမှာပါ အိမ်မှာနေတဲ့သူအတွက်သာ
အဆင်ပြေပါတယ် ဒီ Diet က အာဟာရပြတ်တဲ့အထိတော့မဖြစ်ပါဖူ
း အရမ်းကြီးဗိုက်ဆာလာရင် ဖရဲးသီး ပန်းသီးစားလို့ရပါတယ်အနည်း
ငယ်လောက်ပေါ့ ကန်စွန်းရွက်သုတ်လည်းစားလို့ရပါတယ်
သုံးရက်မစခင်ဝိတ်ချိန်ပါ ဗိုက်အပတ်ကိုတိုင်းပါ သုံးရက်ထိတိတိကျကျ
လိုက်လုပ်ပီးအောင်မြင်သွားရင် ခန္တာကိုယ်ပေါ့ပါးလန်းဆန်းပီး အရင်
ကထက် ထိုင်ရထရ သွားရလာရတာပေါ့ပါးနေတာကိုခံစားမိမှာပါ ဝိတ်
လည်းသိသိသာသာကျသွားမှာပါ ကြိုးစားရင်ဘာမဆိုဖြစ်နိုင်ပါတယ်
ကဲး သင်္ကြန်အမှီအဝတ်အစားလှလှလေးတွေဝတ်နိုင်ဖို့ကြိုးစားလိုက်
ကြရအောင်နော်း Admin ရဲ့မမတစ်ယောက်ကြိုးစားနေတာ ပေါင် 145 ကနေ အခု 120 ပဲရှိတော့တယ်လို့ တကယ်ကျလို့တင်ပေးလို
က်တာပါ သူကသုံးကြိမ်မြောက်ရှိပါပီး ကြိုးစားနေတာ 5ting :) :)
ပြန်လည်မျှဝေခြင်း ကွမ်တန်းမင်းရာဇာ
Sunday, 6 March 2016
ညအိပ်ရာဝင် ခြေဆေးခြင်းအကျိုး
ညအိပ်ရာဝင် ခြေဆေးခြင်းအကျိုး
Monday,March 7, 2016
၁။ တစ်နေကုန် အောင်းနေသော အပူများအောက်သို့ လှည့်ပြီး ခြေဖဝါးမှ ထွက်သွားနိုင်သည်။
၂။ ညအိပ်ပျော် နေချိန် ဟောက်ခြင်း၊ သွားကြိတ်ခြင်း၊ လျှာဝါးခြင်း၊ သွားရည်ကျခြင်း များ သက်သာ စေသည်။
၃။ ရင်ညွှန့်သို့ တက်သောလေ၊ ဘဝင်သို့ တက်သောလေ၊ နှလုံးသို့တက်သော လေပူတို့ကို သက်သာစေသည်။
၎။ ခြေထောက်ကို သန့်စင်စွာ ဆေးပြီး အိပ်ခြင်းကြောင့် မကောင်းသော အိပ်မက်ဆိုးများမက်ခြင်းမှ သက်သာ စေနိုင်သည်။
၅။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်းမှ သက်သာစေသည်။
၆။ နံနက်အိပ်ရာထတွင် မျက်ဝတ်များ ထွက်ခြင်း၊ မျက်စိဖွင့် မကောင်းခြင်းမှ သက်သာစေသည်။
၇။ ခန္ဓာကိုယ် အပူအအေး မျှတပြီး ဦးခေါင်းသို့ အပူတက်ခြင်းကို သက်သာစေသည်။
၈။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာ သွားကိုက်ခြင်း များမှ သက်သာစေသည်။
၉။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်ပြောင်ခြင်းမှ သက်သာစေသည်။
၁၀။ ဆံပင်ဖြူခြင်းကို သက်သာစေသည်။
၁၁။ ကျွတ်သောဆံပင် ကို ပြန်ပေါက် စေနိုင်သည်။
၁၂။ မျက်တွင်းကျခြင်း၊ မျက်ကွင်းညိုခြင်းမှ သက်သာ စေနိုင်သည်။
ညအိပ်ရာဝင်ချိန် ခြေထောက် ရေဆေးခြင်းဖြင့် ရောဂါ အမျိုးမျိုးကို သက်သာ စေနိုင်သည်။ ကြွက်တက် ရောဂါ၊ အဆစ်ရောင် အဆစ်ကိုက် ရောဂါ၊ လေးဘက်နာ ရောဂါ၊ သွားနှင့် သွားဖုံးရောင်၊ သွားဖုံးကြွ ရောဂါ၊ မျက်စိတိမ် ရောဂါနှင့် မျက်မှန်ဒီဂရီ တိုးခြင်း၊ အစာအိမ် လေပူထခြင်း၊ လေပူအထက် တက်၍ မူးမော ရင်တုန်၊ နှလုံးလေရိုက် ရောဂါများပင် သက်သာသည်ဟု ဆိုသည်။
ခြေဆေးလျှင် လုံချည်၊ ထဘီကို ပေါက်လယ် ထိအောင် မတင်ပြီး ရေအေးဖြင့် ခုနှစ်ခွက်ခန့် လောင်းဆေးသင့်သည်။ ခြေဆေးပြီးနောက် ခေတ္တ အပူထွက်အောင် စောင့်ပြီးမှသာ အဝတ်ခြောက်ဖြင့် သုတ်သင့်သည်။ နေ့စဉ်မှန်မှန် ပြုလုပ်မှသာ အကျိုးရှိမည့် နည်းဖြစ်ပါသည်။
Credit : Myawaddy
kuantan Min Yar Zar
ခြင်ဆေးတစ်ခွေသည် ဆေးလိပ် ၁၃၀ ကျော် နှင့် ညီမျှ
ခြင်ဆေးတစ်ခွေသည် ဆေးလိပ် ၁၃၀ ကျော် နှင့် ညီမျှ
နေ့စဉ်ရှူရှိုက်ရပါက ဆေးလိပ်သောက်သူများထက် အသက်အန္တရာယ် ပိုဖြစ်နိုင်
-------
ခြင်ဆေး ခွေတစ်ခွေတွင် ပါဝင်သော ဓာတုဗေဒပစ္စည်းများသည် ဆေးလိပ်အရေအတွက် ၆၀ ကျော်မှ ၁၃ဝကျော်အထိ ပါဝင် သောဓာတုပစ္စည်းများနှင့် ညီမျှသဖြင့် ခြင်ဆေးခွေကို နေ့စဉ်ရှူရှိုက်နေရသူများအနေ ဖြင့် သာမန်ဆေး လိပ်သောက် သူများထက် အသက်အန္တရာယ် ပိုမိုဖြစ်ပွားနိုင်ကြောင်း သိရ သည်။
ယင်းနှင့်ပတ်သက်ပြီး ဓာတုကုန်ထုတ်လုပ်သူများ အသင်းမှ အလုပ်အမှုဆောင် ဒေါ်စန္ဒီ အောင်က ““ဆေးလိပ်သောက် တဲ့သူတောင် ကျန်းမာရေးကို ထိခိုက်နိုင်တာ။ ခြင်ဆေးခွေမှာ ပါဝင်တဲ့ ပိုးသတ်ဆေးပမာဏ က ဆေးလိပ်ပေါင်း မြောက်မြား စွာနဲ့ညီမျှတယ်လို့ သုတေသန ပြုလုပ်ချက်အရသိရတယ်။ သု တေသနပြုတဲ့ ခြင်ဆေးခွေမှာ ပါတဲ့ ပိုးသတ်ဆေးပမာဏအ ပေါ်မူတည်ပြီး ဘယ်နှလိပ်နဲ့ညီ မျှတယ်လို့သာ ကွာသွားတာ။ ဒါကြောင့် ခြင်ဆေးငွေ့ကိုရှူ ရှိုက်တဲ့သူ တွေက ဆေးလိပ် သောက်သူတွေထက် အသက် အန္တရာယ်ပိုဖြစ်နိုင်တဲ့အတွက် ခြင်ဆေးခွေအစား ရိုးရာနနွင်း တက်ကိုပဲ သုံးသင့်တယ်””ဟု ထုတ်ဖော်ပြောသည်။
““ခြင်ဆေးခွေတစ်ခွေထွန်း ထားတယ်ဆိုရင် ခြင်ကိုထိခိုက် စေတာက နည်းနည်းပါ။ အမှန် တကယ်က အဲဒီခြင်ဆေးခွေ အနီးမှာရှိနေတဲ့ လူကြီးတွေ၊ ကလေးတွေက ပိုပြီးရှူမိတဲ့ ပမာဏပိုများပါတယ်။ ကလေး တွေမှာ အသက်ရှူ လမ်း ကြောင်း ဆိုင်ရာရောဂါဖြစ်ရတာက ခြင် ဆေးခွေထွန်းတာ အဓိကအ ကြောင်းအရင်းဖြစ်ပါတယ်။ တစ် ရက်တည်းနဲ့ ခြင်ဆေးငွေ့တွေ ကို အကြာကြီးရှူမိရင်လဲ အ သက် အန္တရာယ်ဖြစ်နိုင်သလို နေ့စဉ်ရှူရင်လဲ ရေရှည် အဆိပ် သင့်ပြီး အသက် အန္တရာယ်ဖြစ် နိုင်ပါတယ်။ ကျန်းမာရေးဌာန အနေနဲ့ ခြင်ဆေးခွေထွန်းတာ ကိုလုံးဝအားမပေးပါဘူး။ ကန့် ကွက်ပါတယ်””ဟု ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာ သာထွန်းကျော်က ထုတ် ဖော် ပြော ကြားလိုက်သည်။
ခြင်ဆေးခွေတွင် များသော အားဖြင့် ခြင်များပြေးစေရန် နှင့် ခြင်များသေစေရန် Pyrethroid အုပ်စုမှ Permethrin ပိုးသတ်ဆေးများကို အများဆုံး အသုံးပြုရပြီး တချို့သောခြင် ဆေးခွေများမှာ Deltamethrin ပိုးသတ်ဆေးကို အသုံးပြု ကြ ကြောင်း၊ ဖြစ်နိုင်ပါက ခြင်ဆေး ခွေကိုလုံးဝမထွန်းဘဲ အန္တရာယ် မရှိသော ခြင်ပြေးစေသည့်မီး သီး၊ မီးချောင်း၊ ခြင်ပြေးစက်၊ ခြင်လုံဆန်ခါ စသည့်တခြား သော နည်းလမ်းများကိုသာအ သုံးပြုသင့်ကြောင်း၊ ခြင်မကိုက် ရန်အတွက် လိမ်း သော လိမ်းဆေးများကို ပိုးသတ်ဆေးများ ပါဝင်ပါက အရေပြားမှတစ်ဆင့် စိမ့်ဝင်နိုင်သဖြင့် ရေရှည်အသုံး မပြုသင့်ကြောင်း သိရသည်။
kuantan min yar zar
Saturday, 5 March 2016
ရာသီဥတုပူပြင်းလာရင်စားသုံးသင့်တာ လေးတွေပါ....
ရာသီဥတုပူပြင်းလာရင်စားသုံးသင့်တာ
လေးတွေပါ....
ခန္ဓာကိုယ်တွင်းအပူငြိမ်းစေမယ့် အအေးစာလေးများ
လူသားတစ်ယောက်အတွက် ကိုယ်တွင်းအလေးချိန်ဟာ ပျမ်းမျှ ၉၈ ဒဿမ ၆ ဒီဂရီဖြစ်ပြီး ရာသီဥတုပေါ် မူတည်၍ ၎င်းပမာဏထက် အပူချိန် အတက်၊အကျ အနည်းငယ် ပြောင်းလဲတတ်ပါတယ်။ကိုယ်အတွင်းအပူများတာကို ဆေးပညာလောကမှာ " heat stress" လို့ခေါ်ကြပြီး ခန္ဓာကိုယ်တွင်းအပူချိန်က သူ့အလိုလို အေးသွားတာမျိုး မရှိတတ်ပါဘူး။
လိုအပ်တာထက် အပူချိန်များနေတဲ့အခါ ပိန်ချုံးလာခြင်း၊ ကြွက်တက်ခြင်း၊ လျှာ- နှုတ်ခမ်းတွေသာမက အရည်ပြားပေါ်မှာ အဖုအပိမ့်တွေ ထွက်လာခြင်း၊ ဝက်ခြံထွက်ခြင်း၊ ခေါင်းမူးဝေခြင်း၊ ပျို့အန်ခြင်းတို့အပြင် ခန္ဓာကိုယ်တွင်း ကလီစာတွေကိုပါ ပျက်စီးစေနိုင်တယ်လို့ လေ့လာချက်အရ သိရပါတယ်။
ရေခဲရေများ၊ ရေနွေး၊စွပ်ပြုတ်စတဲ့ အရည်ပူပူများ၊ နေပူပူထဲ အချိန်အကြာကြီး သွားခြင်း၊ ငရုတ်သီး၊ ဂျင်း၊မျှစ်ချဉ်၊ငရုတ်ကောင်း၊ပတဲကောစတဲ့ ပူပူလောင်လောင် အစပ်တွေစားခြင်း၊ ရေသောက်နည်းခြင်းတို့က ကိုယ်တွင်း အပူရှိန် မြင့်တက်လာစေလို့ (အထူး)ရှောင်ကျဉ်ပေးရမယ့် အစားအသောက်တွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း အပူငြိမ်းစေဖို့အတွက် အဓိကဆေးကတော့ ရေဝဝသောက်၍ တစ်နေ့ကို ရေနှစ်ကြိမ်ချိုးပေးခြင်းပါပဲ။
မိုးရာသီမှလွဲ၍ ချမ်းအေးတဲ့ ဆောင်းရာသီနဲ့ နွေပူပူတို့မှာ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေအနေဖြင့် ယခင်ကထက် ရေပိုသောက်ရင်း၊ နေ့စဉ်စားသမျှ အစားအစာတွေထဲမှာ ရေဓာတ်ကြွယ်ဝတဲ့ အအေးစာလေးတွေကို ဖြည့်စွက်စာအဖြစ် စားသုံးသင့်ပါတယ်။
(၁) ဖရဲသီး
လူ့ခန္ဓာကိုယ်ရဲ့ ၃ ပုံ ၂ ပုံကို အရည်ဓာတ်နဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ဖရဲသီးထဲမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် အပူငြိမ်းအေးစေတဲ့ အကောင်းဆုံး သီးနှံဖြစ်ပါတယ်။
(၂) သခွားသီး
သခွားသီးလေးတွေမှာ ရေဓာတ်ကြွယ်ဝစွာ ပါရှိလို့ ခန္ဓာကိုယ်ကို ထိထိရောက်ရောက်အေးမြစေပါတယ်။ ဒါကြောင့် တန်ဖိုးနည်း သခွားသီးလေးတွေကို နေ့စဉ်စားပေးသင့်ပါတယ်။
(၃) ပူစီနံရွက်
ပူစီနံရွက်ဟာ ခန္ဓာကိုယ်တွင်းကို အေးမြစေတာကြောင့် မြန်မာ၊အိန္ဒိယ၊ဗီယက်နမ်၊မကာအိုစတဲ့ အာရှတိုက်တခွင်ရှိ ရှေးတိုင်းရင်းဆေးဆရာကြီးများက ပူစီနံပင်များကို အပူငြိမ်းဆေးအဖြစ် ဆေးဝါးဖော်စပ်လာခဲ့ကြပါတယ်။
(၄) မုန်လာဥဖြူ
အဖြူရောင် မုန်လာဥလေးတွေမှာ ဗီတာမင်စီပါရှိတဲ့အပြင် ကိုယ်တွင်း အပူရှိန်ကို တိုက်ထုတ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အလုံအလောက်ပါရှိနေပါတယ်။ဒါကြောင့် heat stress ကို တိုက်ထုတ်ပေးနိုင်တဲ့ မုန်လာဥအဖြူတွေကို စားဖြစ်အောင်စားပေးပါ။
(၅) နှမ်း
နှမ်းစေ့လေးတွေက အပူငြိမ်းအေးစေတဲ့ အိမ်တွင်းဆေးဝါး တစ်မျိုးဖြစ်တာကြောင့် နှမ်းစားရင်း ရေများများသောက်ပါ။ နှမ်းပျစ်၊နှမ်းယိုလေးတွေကလည်း အပူငြိမ်းအေးစေအောင် အထောက်အပံ့ ပေးပါတယ်။
(၆) စမုံစပါး
စမုံစပါးအစေ့လေးတွေကို သောက်ရေခွက်ထဲ တစ်ညအိပ်စိမ်ထားပြီး နံနက် အိပ်ယာထတဲ့အခါ ရေသောက်ရင်း အဖတ်တွေပါ ကုန်အောင် ဝါးစားပေးပါ။ တစ်နေ့တာလုံး အပူငြိမ်းအေးစေနိုင်တဲ့အပြင် ခံတွင်းရနံ့ကိုပါ ရှင်းသန့်စေပါတယ်။
(၆) အုန်းစိမ်းရေ
အုန်းသီးစိမ်းနုနုမှရတဲ့ အုန်းစိမ်းရည်ဟာလည်း ခန္ဓာကိုယ်တွင်း အပူငြိမ်းစေတဲ့ ဆေးကောင်းတစ်လက်ဖြစ်တာမို့ ကိုယ်တွင်းအပူဓာတ်များသူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းများ မှီဝဲသင့်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်း မှလည်း ကာကွယ်ပေးပါတယ်။
Credit : တင်ထက်ထက်ဇော် (ကြေးမုံ)
Kuantan Min Yar Zar
သွေးတိုးရောဂါ လုံးဝပျောက်ကင်းစေသည့် ပြောင်းဖူးပြုတ်ရည်
သွေးတိုးရောဂါ လုံးဝပျောက်ကင်းစေသည့် ပြောင်းဖူးပြုတ်ရည်
ကမ္ဘာ့လူသားအားလုံးကို သွေးတိုးရောဂါ လုံးဝ လုံးဝ ပျောက်ကင်းစေတာ ပြောင်းဖူးပြုတ်ရည်ပါ။ လူမျိုး၊ ဘာသာမရွေး လူသားအားလုံးအတွက် ဒုက္ခပေးလေ့ရှိတဲ့ သွေးတိုးရောဂါကို စိန်ခေါ် ကုသပေးလိုက်သော ဆေးနည်းလေးကတော့ ပြောင်းဖူးပြုတ်ရည်ပါ။ နေ့စဉ် ပြောင်းဖူး၂ ဖူးကို ရေသုံးခွက်တစ်ခွက်တင် ကြိုချက်သောက်ပေးပါ။ သွေးတိုးရောဂါ လုံးဝပျောက်ကင်းပါသည်။ရောဂါပိုင်ရှင် ကျွန်တော့်ဖွားအေ ဒေါ်သိန်းလှိုင် ကိုလည်း ဆုတောင်းပေးပါ။ ကျွန်တော့်ဖွားအေ ပြောခဲ့သော ဆေးနည်းလေးပါ။
Credit: Kyawkyaw Kyawkyaw
ကွမ်တန်းမင်းရာဇာ
Tuesday, 1 March 2016
ခေါင်းအုံးညစ်ပတ်ခြင်းက လူကို အသက်ဆုံးရှုံးနိုင်သည် အထိဖြစ်နိုင်ကြောင်းတွေ့ရှိ
ခေါင်းအုံးညစ်ပတ်ခြင်းက လူကို အသက်ဆုံးရှုံးနိုင်သည် အထိဖြစ်နိုင်ကြောင်းတွေ့ရှိ(အားလုံးပဲ ဒီစာလေးဖတ်ပြီး တစ်ပတ်တစ်ခါလောက်တော့ ခေါင်းအုံး
စွပ်တွေ လျှော်ပေးကြပါ။ ကျန်းမာရေးမို့ ပြန်လည်မျှဝေနိုင်ပါတယ်)
အသက်(36)နှစ် အရွယ် ရှိပြီဖြစ်တဲ့ Stewart Arms ဟာ ကိုယ်လက်မအီမသာ ဖြစ်ခဲ့ပါတယ်။ စီးပွားရေး သမား ဖြစ်တာကြောင့် ခရီးပန်းတာပဲလို့ ယူစပြီး ပေါ့ပေါ့ဆဆနေခဲ့ပေမယ့် နှစ်ပတ်ကြာတဲ့အထိ ဒဏ်ရာက မသက်သာလို့ သူ့မှာ အဖျားရောဂါရှိနေပြီထင်ကာ ဆေးခန်းကို သွားပြခဲ့ပါတယ်။ ဒေါက်တာရဲ့ စစ်ဆေးမှု မှာလည်း တစ်ခြားထူးခြားမှုကို မတွေ့ရလို့ အဖျားကျဆေးကို ပေးပြီးပြန်လွှတ်ခဲ့ပါတယ်။ သွေးအဖြေကလည်း ဘာမှ ထူးထူးခြားခြား မရှိခဲ့ပါ။ ဒါပေမယ့် နောက်တစ်ရက်အကြာမှာပဲ Stewart ဟာ ချောင်းဆိုးတဲ့အခါမှာ သွေးခဲတွေ ပါလာတာကို တွေ့ခဲ့ရပါတယ်။ အဲဒီအခါမှာတော့ရောဂါကို သေသေချာချာ စစ်ဆေးမှုတွေ လုပ်ခဲ့ရပြီး ရောဂါရဲ့အဖြေကတော့ “အဆုတ်ကို မှိုစွဲ”တဲ့ ရောဂါ ဖြစ် တယ်လို့အဖြေထွက်ခဲ့ပါတယ်။
အဆိုပါ မှိုဟာ ဘယ်နေရာကနေ လူကို ကူးစက်ခဲ့သလဲဆိုတာကို ထပ်မံ စမ်းသပ်လိုက်တဲ့အခါမှာတော့ ကျွန်တော်တို့နဲ့ အနီးဆုံး ပတ်ဝန်ကျင်မှာ ရှိနိုင်ပြီး အထူးသဖြင့် ကျွန်တော်တို့ အိပ်တဲ့အခါ အုံးတဲ့ ခေါင်းအုံးမှာ ပိုလို့ရှိနိုင်ပါတယ်။ အဲဒီ မှိုတွေဟာ အသက်ရှုလမ်းကြောင်းကနေ တစ်ဆင့် အဆုတ်ဆီကို ၀င်ရောက်နိုင်ဖို့ အရမ်းလွယ်ကူပြီး၊ နေမကောင်းသူ အုံးထားတဲ့ ခေါင်းအုံးကို အသုံးပြုမိပါကလည်း အဖျား ဗိုင်းရပ်စ်နဲ့ အခြား ကူးစက်ရောဂါတွေ ကူးစက်နိုင်ချေ ပိုရှိတယ်လို့ သိရပါတယ်။
သို့အတွက်ကြောင့် မိမိ တစ်ကိုယ်ရေ အုံးနေတဲ့ ခေါင်းအုံးတွေကို တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ် လောက်လျှော်ဖွပ် သန့်စင်ပေးသင့်ပြီး နေ့စဉ် နေရောင်ကောင်းကောင်းရဲ့အောက်မှာ လှန်းပေးသင့် ပါတယ်။
နေရောင်ဟာ မှိုနဲ့ အခြားပိုးမွှားများကို နှိမ်နင်းနိုင်ပြီး ဗိုင်းရပ်စ်ကိုလည်း သေစေနိုင်တဲ့အစွမ်း ရှိပါတယ်။ ဒါကြောင့် သက်ရှည်ကျန်းမားတဲ့ ဘ၀ကို ပိုင်ဆိုင်ဖို့ ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အသုံးအဆောင် ပစ္စည်းတွေသန့်ရှင်းမှု အရေးကြီးတယ်ဆိုတာကိုဖော်ပြလိုက်ပါတယ်။
Credit-Original Uploader
ကွမ်တန်း မင်းရာဇာ
Subscribe to:
Posts (Atom)






















