Saturday, 27 February 2016
နားပေါက်ဖေါက်ရင် စဉ်းစားပြီးမှဖေါက်ပါ။
နားပေါက်ဖေါက်ရင် စဉ်းစားပြီးမှဖေါက်ပါ။
======================
အင်္ဂလန်နိုင်ငံ Surrey မှ Emily ဟာ ဆယ်ကျော်သက်အရွယ်တုန်းက
သူမရဲ့နားမှာ ပုံပါနားကပ်မျိုးတပ်ဆင် ပန်လိုက်ပါက
ဆယ်ကျော်သက်များကြားမှာ ထင်ပေါ်ပြီး ကူးလ် Cool
ဖြစ်မယ်လို့ယူဆကာ ဝတ်ဆင်ခဲ့ပါတယ်။
She had a bar inserted across her upper ear as a teen to look cool.
အခု ၂၂ နှစ်အရွယ်ရှိလာတဲ့အခါ အဆင့်အတန်းမြင့်မြင့်အမြင်မျိုးဖြစ်ဖို့
နားဖေါက်တပ်ဆင်ထားတဲ့ အတံကိုဖြုတ်လိုက်ပါတယ်။
ဒီမှာ ပြဿနာ စပါတော့တယ်။
နားကပ်တံဖြုတ်လိုက်လို့ဖြစ်နေတဲ့ အနာပေါက်ကို
ပိတ်ဖို့အတွက် ကိုယ်ခံအားစနစ်မှ ပုံမှန်မဟုတ်တဲ့
အမျှင်တစ်သျူးတွေထုတ်လုပ်တဲ့အခါ သူမရဲ့နားနောက်ဖက်မှာ
ဒိုင်နိုဆောတကောင်ရဲ့နောက်ကျောရှိဆူးတောင်တွေလိုဖြစ်နေတယ်လို့ဆိုတယ်။
ဒီလိုမျိုး အသားပို (အနာဖေး) ထုတ်လုပ်မှုကို Keloids လို့ခေါ်တယ်။
စဖြစ်ခါစမှာ သိပ်မကြီးပေမဲ့ တနှစ်ထက်တနှစ်ပိုကြီးလာလို့
အဲဒီအဖုအထစ်တွေမမြင်ရအောင် ဆံပင်ကိုဖါးလျားချပြီး
နားကိုဖုံးအုပ်ထားရတယ်လို့ဆိုတယ်။
နားတခုလုံးဖြတ်ထုတ်ပစ်ရမလားထင်ခဲ့ပေမဲ့
အခုတော့ Keloids များကိုသာလှီးထုတ်ပြီး နားကိုပြန်ချုပ်ထားရပါတယ်။
'I can't believe that as a result of wanting to get an ear piercing as a teenager I have this thing on the back of my ear that affects me every day.'
She said: 'I never thought something this dramatic would happen. Now I would never get another piercing for the sake of some body modification it has really affected my life and it isn't really worth it.' လို့ နောင်တစကားဆိုနေပါတယ်။
Credit to Htin Aung
Subscribe to:
Post Comments (Atom)




No comments:
Post a Comment