Thursday, 31 December 2015
ႏွစ္သစ္ကို လွပစြာ ၾကိဳဆိုဖို႕ ငွက္ေပ်ာသီးနဲ႕ေပါင္းတင္ပါ
ႏွစ္သစ္ကို လွပစြာ ၾကိဳဆိုဖို႕ ငွက္ေပ်ာသီးနဲ႕ေပါင္းတင္ပါ
ေဆာင္းရာသီဆိုေတာ့ ခရီးေတြလည္း ဆက္တိုက္သြား၊ ျပန္လာေတာ့ အလုပ္ေတြ ပံုေနလို႕ အလုပ္ေတြဖိလုပ္။ ဒီလိုနဲ႕ အသားအရည္ေတြ ဆံပင္ေတြ ပ်က္စီးျပီး မလွမပျဖစ္ေနလို႕ စိတ္ညစ္ေနရပါတယ္။ အခု ကုန္က်စရိတ္ နည္းနည္းနဲ႕ အခ်ိန္လည္းသိပ္ေပးစရာမလိုတဲ့ ငွက္ေပ်ာသီးေပါင္းတင္နည္းေလးနဲ႕ အဆင္ေျပေနလို႕ ႐ိုးရာေလး စာဖတ္သူ မိတ္ေဆြတို႕ကို မ်ွေ၀ေပးပါရေစ။
ငွက္ေပ်ာသီးမွည့္မွာ ပိုတက္စီယမ္ဓါတ္ေတြ အမ်ားၾကီး ပါတာေၾကာင့္ အသားအေရကို ျဖဴေဖြး ေခ်ာေမြ႕ေစ ပါတယ္။ သီးေမႊး (သို႕) ဖီးၾကမ္း ငွက္ေပ်ာသီးမွည့္ တစ္လံုးကို ၾကိတ္စက္ထဲ ၾကိတ္ပါ။ ဒါမွမဟုတ္ ပန္းကန္ သန္႕သန္႕ထဲ ဇြန္းနဲ႕ ညက္ေနေအာင္ ခေလာက္ျပီး သစ္ျပီးစ မ်က္ႏွာေပၚ ညီေနေအာင္ လိမ္းပါ။ မ်က္လံုးထဲကုိ မ၀င္ေအာင္ ဂ႐ုစိုက္ရပါမယ္။ ၁၅-၂၀ မိနစ္ခန္႕ ထားျပီးရင္ေတာ့ မ်က္ႏွာထပ္သစ္လိုက္ပါ။ အသားအရည္ကို ထိန္းညွိေပး တဲ့အတြက္ အသား ညိဳညစ္ေနတာ၊ မ်က္အိတ္ ေဖာင္းေနတာ၊ အဆီျပန္တာ၊ အသားေျခာက္တာ၊ အေရးအေၾကာင္း ထင္ေနတာေတြ သက္သာသြားပါ လိမ့္မယ္။
ဆံပင္ေတြ ေျခာက္ကပ္ေနျပီး ဦးေရျပား ယားယံ ေဘာက္ထေန သူေတြလည္း ငွက္ေပ်ာသီးမွည့္ ႏွစ္လံုးကို ၾကိတ္စက္ထဲ ၾကိတ္ေခ်ျပီး ဦးေခါင္း အနွံ႕ေသခ်ာလိမ္းပါ။ ျပီးရင္တာ့ သဘက္သန္႕သန္႕တစ္ထည္ နဲ႕ေသခ်ာပတ္ျပီး မိနစ္ ၂၀ ခန္႕ထားျပီး ေခါင္းေလွ်ာ္လိုက္ပါ။ ဆံပင္ေတြ ေပ်ာ့ေပ်ာင္း သန္စြမ္းသြားျပီး ဦးေရျပားယားယံတာ ေတြ သက္သာသြားပါလိမ့္မယ္။
မ်က္ႏွာကိုေရာ ဆံပင္ကိုပါ တစ္ျပိဳင္တည္း ေပါင္းတင္ရင္ ပိုအဆင္ေျပတာမို႕ သီးေမႊး (သို႕) ဖီးၾကမ္း ငွက္ေပ်ာသီးမွည့္ေလး တစ္ဖီးေလာက္ ၀ယ္ျပီး ေပါင္းတင္လိုက္ ၾကပါစို႕လား။
Photo credit - bd24live, boldsky,weeklyhealthylife
စံ၀န္းနီ (႐ိုးရာေလး)
(Unicode Version)
နှစ်သစ်ကို လှပစွာ ကြိုဆိုဖို့ ငှက်ပျောသီးနဲ့ပေါင်းတင်ပါ
ဆောင်းရာသီဆိုတော့ ခရီးတွေလည်း ဆက်တိုက်သွား၊ ပြန်လာတော့ အလုပ်တွေ ပုံနေလို့ အလုပ်တွေဖိလုပ်။ ဒီလိုနဲ့ အသားအရည်တွေ ဆံပင်တွေ ပျက်စီးပြီး မလှမပဖြစ်နေလို့ စိတ်ညစ်နေရပါတယ်။ အခု ကုန်ကျစရိတ် နည်းနည်းနဲ့ အချိန်လည်းသိပ်ပေးစရာမလိုတဲ့ ငှက်ပျောသီးပေါင်းတင်နည်းလေးနဲ့ အဆင်ပြေနေလို့ ရိုးရာလေး စာဖတ်သူ မိတ်ဆွေတို့ကို မျှဝေပေးပါရစေ။
ငှက်ပျောသီးမှည့်မှာ ပိုတက်စီယမ်ဓါတ်တွေ အများကြီး ပါတာကြောင့် အသားအရေကို ဖြူဖွေး ချောမွေ့စေ ပါတယ်။ သီးမွှေး (သို့) ဖီးကြမ်း ငှက်ပျောသီးမှည့် တစ်လုံးကို ကြိတ်စက်ထဲ ကြိတ်ပါ။ ဒါမှမဟုတ် ပန်းကန် သန့်သန့်ထဲ ဇွန်းနဲ့ ညက်နေအောင် ခလောက်ပြီး သစ်ပြီးစ မျက်နှာပေါ် ညီနေအောင် လိမ်းပါ။ မျက်လုံးထဲကို မဝင်အောင် ဂရုစိုက်ရပါမယ်။ ၁၅-၂၀ မိနစ်ခန့် ထားပြီးရင်တော့ မျက်နှာထပ်သစ်လိုက်ပါ။ အသားအရည်ကို ထိန်းညှိပေး တဲ့အတွက် အသား ညိုညစ်နေတာ၊ မျက်အိတ် ဖောင်းနေတာ၊ အဆီပြန်တာ၊ အသားခြောက်တာ၊ အရေးအကြောင်း ထင်နေတာတွေ သက်သာသွားပါ လိမ့်မယ်။
ဆံပင်တွေ ခြောက်ကပ်နေပြီး ဦးရေပြား ယားယံ ဘောက်ထနေ သူတွေလည်း ငှက်ပျောသီးမှည့် နှစ်လုံးကို ကြိတ်စက်ထဲ ကြိတ်ချေပြီး ဦးခေါင်း အနှံ့သေချာလိမ်းပါ။ ပြီးရင်တာ့ သဘက်သန့်သန့်တစ်ထည် နဲ့သေချာပတ်ပြီး မိနစ် ၂၀ ခန့်ထားပြီး ခေါင်းလျှော်လိုက်ပါ။ ဆံပင်တွေ ပျော့ပျောင်း သန်စွမ်းသွားပြီး ဦးရေပြားယားယံတာ တွေ သက်သာသွားပါလိမ့်မယ်။
မျက်နှာကိုရော ဆံပင်ကိုပါ တစ်ပြိုင်တည်း ပေါင်းတင်ရင် ပိုအဆင်ပြေတာမို့ သီးမွှေး (သို့) ဖီးကြမ်း ငှက်ပျောသီးမှည့်လေး တစ်ဖီးလောက် ၀ယ်ပြီး ပေါင်းတင်လိုက် ကြပါစို့လား။
Photo credit - bd24live, boldsky,weeklyhealthylife
စံဝန်းနီ (ရိုးရာလေး)
Subscribe to:
Post Comments (Atom)



No comments:
Post a Comment