Sunday, 24 January 2016
အပူကန်လည်ချောင်းနာခြင်းအတွက် လွယ်ကူမြန်ဆန် ဆေးမြီးတိုလေးများ
အပူကန်လည်ချောင်းနာခြင်းအတွက် လွယ်ကူမြန်ဆန်ဆေးမြီးတိုလေးများ
*******************************************************************************
ပေါက်ပေါက်
ခန္ဓာကိုယ်တွင်း အပူလွန်ကဲသူများဟာ ဆောင်းတွင်းရောက်တဲ့အခါ၊ အပူအအေးမမျှတတော့ဘဲ လည်ချောင်းနာလေ့ရှိပါတယ်။ လည်ချောင်နာတဲ့ဝေဒနာဟာ လည်ချောင်းထဲကိုမီးစနဲ့ အထိုးခံရသကဲ့သို့  စူးရှပူလောင်စွာခံစားရပြီး၊ ရေ နှင့် တံတွေးတို့ ကိုပင် မျိုချရန် ခက်ခဲပါတယ်။ ၀မ်းချုပ်ခြင်း၊ ရေသောက်နည်းခြင်း၊ ရေမချိုးခြင်းတို့ ကလည်း ကိုယ်တွင်းအပူလွန်ကဲမှုကို တွန်းအား ဖြစ်စေပါတယ်။ ဒါကြောင့် ဆောင်းတွင်းရောက်တဲ့အခါ သာမန်ထက်ရေပို၍သောက်ပေးသင့်ပြီး၊ ရေခဲ နှင့် ရေခဲရေတို့ ကိုတော့ လုံးဝရှောင်ရှားပေးရပါမယ်။ ပုံမှန်ရေချိုးနေကျအတိုင်း တစ်နေ့  ၂-ကြိမ်(သို့ မဟုတ်)အနည်းဆုံး ၁-ကြိမ် နေ့ စဉ် ရေချိုးပေး ဖို့ လိုပါတယ်။ ကိုယ်လက်လှုပ်ရှား လမ်းများများလျှောက်ခြင်း၊ ကောက်ညှင်းပေါင်း နှင့် ကောက်ညှင်းဖြင့်လုပ်ထားသော မုန့်များ ကိုရှောင်ခြင်း၊ ဟင်းနုနယ်ရွက် မုန်ညင်းစိမ်းတို့ လို အစိမ်းရောင်ရင့်ရင့် အမျှင်ဓာတ်များသော ဟင်းရွက်များကိုစားခြင်း၊ သ င်္ဘောသီးမှည့်၊ ဖီးကြမ်းဌက်ပျောသီးမှည့်တို့ လိုဝမ်းပျော့စာတွေကိုစားရင်းဖြင့် ၀မ်းမချုပ်အောင် နေထိုင်သင့်ပါတယ်။
(၁) ဂျင်းပါးပါး ၇-လွှာကို ထန်းလျက်အညို ၃-လုံးထည့်ကာ၊ ရေ သုံးခွက် တစ်ခွက်တင်ကြို၍ သောက်ပါ။
(၂) ဟင်းလျာများတွင် ကြက်သွန်ဖြူ များများထဲ့ချက်ပါ (သို့ မဟုတ်) ကြက်သွန်ဖြူများများထဲ့၍ ဆန်ပြုတ်ကျိုသောက်ပါ။
(၃) ကင်ပွန်းချဉ်ရွက်ကို ဟင်းချို၊ ချဉ်ဟင်းချက်၍စားပါ။
(၄) ကြက်ဟင်းခါးသီးအခြောက်ကို ကျောက်ပျဉ်ပေါ်သွေး၍ နာနေတဲ့ လည်ချောင်းတစ်ပြင်လုံးကို လိမ်းကျံပေးပါ။ ကြက်ဟင်း ခါးသီးပြုတ်ရည်သောက်ပါ။
(၅) ပျဉ်းတော်သိမ်ရွက် လက်တစ်ဆုပ်စာခန့် ကို ရေစင်စင်ဆေးပြီး အိုးသန့် သန့် မှာ သုံးခွက်တစ်ခွက်တင်ပြုတ်ပါ။ ၄င်းရေခပ် နွေးနွေးဖြင့် ပလုပ်(အာလုပ်)ကျင်းပေးပါ။ ချက်ချင်းထွေးမပစ်ဘဲ ငုံနိုင်သမျှငုံထားပါ။ (မျိုချရန်မလို) အာသီးရောင်ခြင်းအတွက်ကို ပါ ကောင်းကျိုးပြုပါတယ်။
(၆) ရေနွေးကို ပွက်ပွက်ဆူအောင်ကျိုပြီး ပင်စိမ်းရွက်ခပ်ကာ သောက်ပေးပါ (သို့ မဟုတ်) ပလုတ်ကျင်းပေးပါ။
(၇) သံပုရာသီး ၁-လုံး ကို အစေ့ဖယ် အရည်မညှစ်ဘဲ ခပ်ပါးပါး အချပ်လေးတွေ လှီးထားပါ။ ဂျင်း လက် ၂-ဆစ်ခန့် ကို အခွံနွှာ ပြီးနောက် ခပ်ပါးပါး အချောင်းမျှင်မျှင်လေးတွေရ အောင်လှီးဖြတ်ပါ) စောစောက လှီးဖြတ်ထားတဲ့ သံပုရာသီးအလွှာချပ်လေး တွေနဲ့  ဂျင်းအချောင်းလေးတွေကို ခြောက်သွေ့ သန့် ရှင်းတဲ့ ဖန်ပုလင်းလွတ် ၁-လုံးထဲမှာထဲ့ပြီး၊ ၄င်း တို့ မြုပ်ရုံ ပျားရည်စစ်စစ်ကို အပေါ်ကလောင်းချပေးပါ။ ပြီးရင် ဖန်ပုလင်းလေလုံအောင် အဖုံးကို ကျပ်ကျပ်ပိတ်၍ ထိုအရောအနှော ၃-မျိုး ဂျယ်လီပုံစံ ပြောင်းသွားတဲ့အထိ ရေခဲသေတ္တာထဲမှာ သိမ်းထားရပါမယ်။ ဂျယ်လီဖြစ်လာတဲ့အခါ ၄င်းကိုဇွန်းနဲ့ ခပ်ကာ မတ်ခွက်တစ်ခွက် ထဲပြောင်းထဲ့ပြီး ရေနွေးဆူဆူလောင်းချ၍ ခပ်နွေးနွေးအနေအထားမှာ စားလို့ ရပါပြီ။ ပျားရည်နဲ့ ဓာတ်ပြုထားတာကြောင့် သံပုရာခွံကိုဝါးစားလို့ ရပါတယ်။ ၄င်းအချိုးအစားအတိုင်း တစ်နေ့ တစ်ကြိမ်ကျ သောက်ပေးခြင်းဖြင့် ၃-ရက်မျှကြာတဲ့အခါ အပူ ကန်လည်ချောင်းနာများ ပျောက်ကင်းသွားပါလိမ့်မယ်။(ပုလင်းဖုံးလုံလုံပိတ်ပြီး ရေခဲသေတ္တာထဲ မှာ ၂လ ၃ လ ကြာတဲ့အထိ သိမ်းထားလည်း ဆေးဓာတ်မပြယ်နိုင်ပါဘူး)
(၈) မန်ကျည်းသီးမှည့်ကို ဆား၊ အညိုရောင်ထန်းလျက်တို့ ဖြင့် ဖျော်ရည်လုပ်သောက်ပြီး၊ ၄င်းမန်ကျည်သီးအဖတ်တွေကို ၀ါးစားပါ။ (ရေခဲမထဲ့ရ)
(၉) သံပုရာရည်ကိုအပူပေး၍၊ ပျားရည်ဖြင့် ရော၍လျှက်ပေးပါ။
(၁၀) ဒန့် သလွန်ပင်မြစ်ကို ထုထောင်းကြိတ်ချေ၍ အရည်ကိုညှစ်ယူကာ၊ စားပွဲတင်ဇွန်း ၁ဇွန်းခန့်  နေ့ စဉ်သောက်ပါ။ လည် ချောင်းနာသာမက အသံဝင်၊ အသံပျက်ခြင်းကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
(၁၁) ဆီးဖြူရွက်ကို ရေနဲ့  သုံးခွက်တစ်ခွက်တင်ကြို၍ အာလုပ်(ပလုပ်)ကျင်းပေးပါ၊ လျှာကွဲ၊ ပါးစပ်ကွဲ(ကျီးကန်းပါးစပ်) တွေကိုပါ ပျောက်ကင်းစေပါတယ်။
(၁၂) ဧကရာဇ်ပင်၏ အမြစ်ကို သွေး၍ ဆန်ဆေးရည်နဲ့ သောက်ပါ။
(၁၃) စိမ်းစားဥ၊ ဖရဲသီး စားပါ။
(၁၄) စွန်ပလွန်သီးမှည့် (သို့ မဟုတ်) စွန်ပလွန်သီးယိုစားပါ။
(၁၅) ခရမ်းကစော့သီးစားပါ (သို့ မဟုတ်) ခရမ်းကစော့သီးပင်၏ အရွက်ပြုတ်ရည်သောက်ပါ။
(၁၆) ခံတက်ရွက်သုပ်စားပါ (သို့ မဟုတ်) ခံတက်ရွက်ပြုတ်ရည်သောက်ပါ။
(၁၇) ကြောင်ပန်းရွက်သုပ်စားပါ (သို့ မဟုတ်) ကြောင်ပန်းရွက်ပြုတ်ရည်သောက်ပါ။
(၁၈) ကန်စွန်းရိုးနီကို အညိုရောင်ထန်းလျက်ဖြင့်ပြုတ်သောက်ပါ။
(၁၉) ရေကြက်သီးမွှေး ခွက် ၁ခွက်ထဲကို ဆားလ္ဘက်ရည်ဇွန်းဖြင့် လေးပုံတပုံခန့် ထဲ့ပါ။ ထိုအရောအနှောထဲကို ပိုးသေစေနိုင်သော အာနိသင်ဖြစ်အောင် လစ်စထရင်း ပလုပ်ကျင်းဆေးရည် လ္ဘက်ရည်ဇွန်း ၁ဇွန့် ထဲ့၍ ပလုပ်(အာလုပ်) ကျင်းပါ။ (မျိုမချပါနှင့်)
Yangon Times Journal, 12-3)
Subscribe to:
Post Comments (Atom)

No comments:
Post a Comment