လားရှိုးမြို့ ကိုရင်တစ်ပါး တရုတ်ကလာတဲ့(အသားတု)စားမိပြီး (၁၅.၁.၂၀၁၅)ဆေးရုံတင်ထားခဲ့သည်။
(၁၇.၁.၂၀၁၅) ညနေ(၄း၀၀)တွင် ကုသခြင်းမရသောကြောင့် ပျံလွန် တော်မူခဲ့ကြောင်း သိရှိရပါသည်။
သတင်းတင်ထားသူက အကြောင်းစုံရေးသားဖေါ်ပြထားခြင်းမရှိပါ၊ အသားတုစားပြီး အဆိပ်တက်ခဲ့ကြောင်း ဖေါ်ပြထားသဖြင့် သတ်သတ်လွတ်သမားများအတွက် ပြုလုပ်ထားသည့် အသားတုများတွင်းမှ မသန်း၇ှင်းသော အဆိပ်ဖြစ်စေမည့် ဓါတုဓါတ်ပေါင်းများပါလာ ခြင်းဖြစ်နိုင်သည်။
တရုတ်နိုင်ငံအတွင်းမှာပင် အစိုးရခွင့်ပြုချက်မရဘဲ ခိုး၍ ထုတ်လုပ်နေသည့် အသားတုစီးပွားလုပ်ငန်းများ အများအပြား၇ှိနေပြီး စံချိန်မမှီခြင်း ပြည်သူများ စားသောက်ပြီးနောက် အဆိပ်တက်ခြင်းတို့ကြောင့် တရုတ်အစိုးသည်ပင် ၂၀၁၃ ခုနှစ်အတွင်း လူပေါင်း ၉၀၀ကျော် ဖမ်းဆီးအရေးယူနေခဲ့ရပါသည် ။
အဆိုပါ တရားမ၀င် အသားတု ထုတ်နေသည့် စီးပွားရေးသမားများ၏ ဈေးကွက်မှာ နယ်စပ်လမ်းကြောင်းများမှတဆင့် မြန်မာနိုင်ငံတွင်းသို့  ဈေးနှုန်းနည်းနည်းဖြင့် ရောင်းချ နေကြခြင်း ဖြစ်သည်။
ရောဂါပေါင်းစုံအတွေ့ ကြုံရှိနေပြီးဖြစ်သည့် မြန်မာပြည်သားတို့အဖို့  ဈေးကြီးသော သားငါးများ ၀ယ်မစားနိုင်ကြသဖြင့် တရုတ်အသားတုများဖြင့်သာ အာသာဖြေနေကြရသည်ကို အန္တရယ်မရှိဟု ပေါ့ပေါ့တန်တန်မတွေးကြဖို့ လိုပါသည်။
အသားတုများအားလုံး အဆိပ်၇ှိနေသည်မဟုတ်ဘဲ အသားတုတွင်း ဖြစ်ပေါ်နေသည့် မသန့် ရှင်းသော အဆိပ်ဓါတ်ဖြစ်ပေါ်နေသည့် စုံးပြူးးများ အသားတုတွင်းပါလာတတ်ပါသည်။
ယခုတလော တရုတ်နိုင်မှဝင်ရောက်လာသော ၀က်အသားများသည်ပင် တရုတ်နိုင်ငံတွင် ရောဂါကြောင့်သေဆုံးသည့် ဝက်များကို ရေခဲရိုက်၍ မြန်မာနိုင်ငံတွင်းသို့  တင်သွင်းနေသည်ဟု သိရသဖြင့် စာသုံးသူများ အနေနှင့် သတိထားကြရန် လိုအပ်ပါသည်။
Saihark Hark

No comments:
Post a Comment