ကြက်ဥ လတ်ဆတ်မှုကို သိနိုင်ဖို့
======================
မလတ်ဆတ်တဲ့ ကြက်ဥတွေစားမိရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အထူသဖြင့် ကလေးငယ်လေးတွေစားမိရင် ပိုတောင် စိုးရိမ်ရပါတယ်။ ဒီတော့ ကြက်ဥ လတ်ဆတ်မှုကို ဘယ်လိုသိနိုင်မလဲ။ လွယ်လွယ်လေးပါ။ ပုံမှာ ပြထားသလိုပဲ ကြက်ဥကို ရေထဲစိမ်လိုက်ရင် အဖြေပေါ်ပါတယ်။ ရက်ကြာတဲ့ မလတ်ဆတ်တဲ့ကြက်ဥက တဖြည်းဖြည်း ရေပေါ်ပေါ်ပါတယ်။ အကြောင်းကတော့ ကြက်ဥအခွံက လေကို စိမ့်ဝင်စေပါတယ်။ အချိန်ကြာတာနဲ့အမျှ ကြက်ဥထဲမှာ လေစိမ့်ဝင်မှုများလာတာကြောင့် ရက်ကြာတဲ့ကြက်ဥက ရေပေါ်ပေါ်ပါတယ်။ ကဲ အိမ်က ရေခဲသေတ္တာထဲက ကြက်ဥတွေကို စမ်းသပ်ကြည့်လိုက်ရအောင်။ ရက်နဲ့ ရေပေါ်ပေါတဲ့ အခြေအနေလေးတွေကို ပုံထဲမှာ ပြထားပေးပါတယ်။
Credit to Babi_Mild_Myanmar

No comments:
Post a Comment